မင်္ဂလာဦးညမှာတင်ကိုယ့်ဇနီးမယားကိုသတ်ခဲ့ကြသူများ

ဘုရား ဘုရား လောကကြီးမှာ ဒါမျိုးတွေရှိလိမ့်မယ်လို့ ဘယ်သူထင်မိမှာပါလိမ့်…ချစ်လို့ခင်လို့လက်ထက်ခဲ့ကြပြီး လက်ထက်ပြီး ခါစဇနီးမောင်နှံတွေအတွက် အလွန်ကြည်နူးစရာကောင်းတဲ့မင်္ဂလာဦး ညမှာ မှဒီလိုအဖြစ်ပျက်မျိုးတွေရှိခဲ့ကြတယ်ဆိုတာ ပုံမှန်စဉ်းစားကြည့်ရင်တောင်မယုံနိင်စရာပါ။ မင်္ဂလာဦးညမှာမှထူးထူးဆန်းဆန်းကိုယ့်လက်တွဲဖော်ကို သတ်ပစ်ခဲ့ကြတဲ့စုံတွဲ

1. Anthony Edwin Kircus

 Anthony Edwin KircusAnthony Kircus နဲ့ Catherine Ann Alexandrowicz တို့ဟာ တစ်ယောက်ကို တစ်ယောက် လွတ်လပ်စွာနေထိုင်ခွင့်ပေးတဲ့ ပေါ့ပေါ့ပါးပါး စုံတွဲတစ်တွဲပါ။ အသောက်အစားကိစ္စမျိုးတွေနဲ့ပတ်သတ်ပြီးလည်းတစ်ယောက်ကို တစ်ယောက် ၀င်မပါတက်ပါဘူး။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ယူဖို့ဆုံးဖြတ်လိုက်ကြပြီး မင်္ဂလာဦးညမှာပဲ သူတို့နှစ်ယောက်ဟာတူတူသောက်စားခဲ့ကြပြီး စိတ်ခုစရာကိစ္စတစ်ခုကြောင့်စကားများရာက မိန်းမဖြစ်သူကို ယောက်ျားဖြစ်သူက မူးမူးနဲ့ရိုက်နှက်ပြီး မသေမချင်းလည်ပင်ညစ်ခဲ့ကြောင်းအထောက်အထားအချို့မှာပေါ်လွင်နေပါတယ်။ မိန်းမဖြစ်သူဟာ ရဲကိုဖုန်းဆက်ခဲ့ပေမဲ့ အချိန်မမှီလိုက်ပဲသေဆုံးသွားခဲ့ပါတယ်။ ယောက်ျားဖြစ်သူဟာ မိန်းမကို ဟော်တည်ရဲ့ မြေညီထပ် မြေအောက်ခန်းမှာ ပစ်ထားတာကိုရဲတွေရှာဖွေတွေ့ရှိခဲ့ပြီး ၁၉နှစ်ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

2. Michel Escoto

Michel EscotoMichel Escoto ဆိုသူအမျိုးသားဟာ သူနဲ့လက်ထက်မဲ့မိန်းကလေး နဲ့မိန်းကလေးရဲ့မိသားစုကို ငွေနဲ့သွေးဆောင်ဖြားယောင်းပြီး ယူခဲ့ပါတယ်။ ကောင်မလေးနဲ့ကိုယ်ဝန်ကိစ္စနဲ့ပတ်သတ်ပြီးတာဝန်ယူမယ်လို့လိမ်ညာထားပြီးတစ်နေ့မှာ သူ့ရည်စားဟောင်းမိန်းကလေးတစ်ဦးနဲ့တိုင်ပင်ပြီး ဇနီးလောင်းဖြစ်သူကို မင်္ဂလာဦးညမှာသတ်ပစ်ဖို့စီစဉ်ခဲ့ကြပါတယ်။ မင်္ဂလာဦး ညမှာ ဇနီးလောင်းကို အရက်တွေတိုက်ပြီး သူ့ဘာသာ ဆေးလွန်ပြီးသေသွားတဲ့ပုံဖန်တီးခဲ့ကြပါတယ်။

 

3. Brian L. Umphrey

 Brian L. Umphreyဒီအမျိုးသားဟာ အမှုပေါင်းစုံကြောင့်ထောင်ထဲရောက်ပေါင်းမနည်းတဲ့အမျိုးသားတစ်ဦးဖြစ်ပါတယ်။ သူကို ချစ်မိသူ Cassandra Petry ဆိုသူအမျိုးသမီးဟာ သူနဲ့လက်ထက်ခဲ့ပြီးသူ့ကို အမှောင်ထုကြားကလွတ်မြောက်စေခဲ့ပါတယ်။ဒါပေမဲ့ အချိန်ကြာကြာ မတည်မြဲပဲ ဇာတိပြလာပါတော့တယ်။ မိန်းမဖြစ်သူရဲ့ကားတွေ ဘဏ်စာအုပ်တွေကို ခိုးယူပေါင်းနှံတာကြောင့်မကြာခင်မှာ မိန်းမဖြစ်သူကကွာရှင်းခဲ့ပါတယ်။ သို့ပင်မဲ့ အမှတ်မရှိသေးသူ အမျိုးသမီးဟာယောက်ျားဖြစ်သူထောင်ကြနေစဉ် ထောင်ဝင်စာ မကြာမကြာလာလာတွေ့တယ်လို့သိရပါတယ်။ တရားခံယောက်ျားဖြစ်သူဟာ လွတ်လာချိန်မှာ မိန်းမဖြစ်သူကို ပြန်လည်ချည်းကပ်ပြီး ဟန်းနီးမွန်းထွက်ခဲ့ကြပါတယ်။ ဟန်နီးမွန်းခရီးစဉ်မှာ မိန်းမဖြစ်သူရဲ့ခန္ဓာကိုယ်ကို အ၀တ်နဲ့ ပတ်ပြီး ဓားနဲ့ထိုး မသေမချင်းသတ်ခဲ့တယ်လို့သိရပါတယ်။ အမျိုးသမီးအိမ်က မိသားစုက စိတ်ပူလို့ရဲကို တိုင်ခဲ့တယ်လို့သိရပါတယ်။

4. Simran Pal Singh Bhullar

Simran Pal Singh Bhullar Simran Pal Singh Bhullar ဆိုသူဟာ  Kaur  ဆိုသူအမျိုးသမီးနဲ့လက်ထက်ပြီး ဟန်နီးမမွန်းထွက်လာခဲ့ကြပါတယ်။ အိမ်ကမိသားစု အရေးကိစ္စတွေနဲ့စကားများကြပြီး ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို ဟော်တည်ရဲ့ကျောက်ကမ်းပါးစောင်းတစ်ခုကနေ တွန်းချပြီး မိနစ် ၃၀လောက်သေမသေစောင့်ကြည့်ပြီးမှထွက်ပြေးလာခဲ့ပါတယ်။ ရက်အနည်းငယ်ကြာချိန်မှာမိန်းမဖြစ်သူရဲ့မိသားစုရောယောက်ျားဖြစ်သူမိသားစုပါ လူပျောက်တိုင်ကြားခဲ့တယ်လို့သိရပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.