ေအးတိေအးစက္နုိင္လြန္းတဲ႔သူတစ္ေယာက္ကိုခ်စ္သူေတာ္ထားရလို႕အားမလုိအားမရျဖစ္ခဲ႔ဘူးလား…

လူအမ်ိဳးမ်ိဳးစိတ္အေထြေထြဆိုသလို အက်င္႔စရုိက္ခ်င္းကလည္းတစ္ဦးနဲ႕တစ္ဦးအတူနုိင္ဘူးေပါ႔ေလ။ တစ္ခ်ိဳ႕ကလည္း အေနေအးေအးေနတတ္တဲ႔အက်င္႔ေျကာင္႔ တစ္ဖက္လူျဖစ္တဲ႔ကိုယ္႔ခ်စ္သူရဲ႕အထင္လြဲမႈေတြကိုခံရေပါင္းမနည္းတာမ်ိဳးလည္းျဖစ္တတ္ျကပါတယ္။ ဒီလုိလူေအးျကီးလိုေနျပီးကိုယ္႔ကိုယ္မ်ားမခ်စ္ဘူးလားမသိလုိ႕သံသယ၀င္ရေလာက္တဲ႔အထိ ေအးစက္လြန္းတဲ႔ခ်စ္သူမ်ိဳးရထားတာတစ္နည္းအားျဖင္႔လည္းသင္ကံေကာင္းတယ္လို႕ေတြးနုိင္ပါတယ္။ ရန္ျဖစ္ရင္လည္း ကိုယ္ကသာအနိုင္ ပိုင္းျပီးေျပာေနမိမွာ သူကေတာ႔သူ႕ေျပာတယ္ေတာင္ထင္မွာမဟုတ္ေတာ႔ သူ႕စိတ္ထဲလည္းကိုယ္႔ကို စိတ္ကြက္တာမ်ိဳးမရွိ၊ ကိုယ္႔ဆႏၵကို ဦးစားေပးတတ္တဲ႔အက်င္႔ေျကာင္႔တစ္ခါတစ္ရံမဦးေဆာင္နို္င္ရေကာင္းလားလို႕ထင္ရပင္မဲ႔ ကိုယ္႔ရဲ႕ေရြးခ်ယ္မႈကိုဦးစားေပးတတ္တာေျကာင္႔ကိုစိတ္ ခ်မ္းသာရတယ္။ လူေအးလူရိုးျဖစ္တဲ႔အတြက္လူျကီးမိဘနဲ႕ေတြ႕ဆံုေပးဖို႕လည္းစိတ္ပူေနစရာမလိုဘူး ေသခ်ာတယ္ သူ႕မွာရိုေသသမႈဆိုတာ ရွိျပီးသား(ဒီလိုလူရိုးေတြကို လူျကီးေတြကမ်က္စိက်တတ္ျကတယ္ေလ :-P) ဘယ္သြားသြားလည္းသူကေအးေအးေနတတ္ေတာ႔ ဖလန္းလန္းျဖစ္ေနတဲ႔ကိုယ္က ပိုျပီးထင္ေပၚေနေစတယ္ 😛 ေနာက္ဆံုးအေကာင္းဆံုးအခ်က္ကေတာ႔ လူေအးတစ္ေယာက္ကိုရထားတဲ႔သူတစ္ေယာက္ဟာ သစၥာေဖာက္မွာ ေဖာက္ျပားမွာကိုလည္းအျကီးတက်ယ္စိုးရိမ္စရာမလုိေနဘူးဆုိတာပါပဲ(ကုတ္ကျမင္းေတြေတာ႔မဆုိလုိ) …ကဲ ေသခ်ာစဥ္းစားျကည္႔လုိက္ရင္သင္တို႕ပိုင္ဆိုင္ထားတဲ႔ခက္ေအးေအးခ်စ္သူျကီးကသင္တုိ႕ဘ၀အတြက္ရတနာတံုးျကီးျဖစ္ေနမွာပါ…

Unicode

လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို အကျင့်စရိုက်ချင်းကလည်းတစ်ဦးနဲ့တစ်ဦးအတူနိုင်ဘူးပေါ့လေ။ တစ်ချို့ကလည်း အနေအေးအေးနေတတ်တဲ့အကျင့်ကြောင့် တစ်ဖက်လူဖြစ်တဲ့ကိုယ့်ချစ်သူရဲ့အထင်လွဲမှုတွေကိုခံရပေါင်းမနည်းတာမျိုးလည်းဖြစ်တတ်ကြပါတယ်။ ဒီလိုလူအေးကြီးလိုနေပြီးကိုယ့်ကိုယ်များမချစ်ဘူးလားမသိလို့သံသယဝင်ရလောက်တဲ့အထိ အေးစက်လွန်းတဲ့ချစ်သူမျိုးရထားတာတစ်နည်းအားဖြင့်လည်းသင်ကံကောင်းတယ်လို့တွေးနိုင်ပါတယ်။ ရန်ဖြစ်ရင်လည်း ကိုယ်ကသာအနိုင် ပိုင်းပြီးပြောနေမိမှာ သူကတော့သူ့ပြောတယ်တောင်ထင်မှာမဟုတ်တော့ သူ့စိတ်ထဲလည်းကိုယ့်ကို စိတ်ကွက်တာမျိုးမရှိ၊ ကိုယ့်ဆန္ဒကို ဦးစားပေးတတ်တဲ့အကျင့်ကြောင့်တစ်ခါတစ်ရံမဦးဆောင်နို်င်ရကောင်းလားလို့ထင်ရပင်မဲ့ ကိုယ့်ရဲ့ရွေးချယ်မှုကိုဦးစားပေးတတ်တာကြောင့်ကိုစိတ် ချမ်းသာရတယ်။ လူအေးလူရိုးဖြစ်တဲ့အတွက်လူကြီးမိဘနဲ့တွေ့ဆုံပေးဖို့လည်းစိတ်ပူနေစရာမလိုဘူး သေချာတယ် သူ့မှာရိုသေသမှုဆိုတာ ရှိပြီးသား(ဒီလိုလူရိုးတွေကို လူကြီးတွေကမျက်စိကျတတ်ကြတယ်လေ :-P) ဘယ်သွားသွားလည်းသူကအေးအေးနေတတ်တော့ ဖလန်းလန်းဖြစ်နေတဲ့ကိုယ်က ပိုပြီးထင်ပေါ်နေစေတယ် 😛 နောက်ဆုံးအကောင်းဆုံးအချက်ကတော့ လူအေးတစ်ယောက်ကိုရထားတဲ့သူတစ်ယောက်ဟာ သစ္စာဖောက်မှာ ဖောက်ပြားမှာကိုလည်းအကြီးတကျယ်စိုးရိမ်စရာမလိုနေဘူးဆိုတာပါပဲ(ကုတ်ကမြင်းတွေတော့မဆိုလို) …ကဲ သေချာစဉ်းစားကြည့်လိုက်ရင်သင်တို့ပိုင်ဆိုင်ထားတဲ့ခက်အေးအေးချစ်သူကြီးကသင်တို့ဘဝအတွက်ရတနာတုံးကြီးဖြစ်နေမှာပါ…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.