တစ်နေ့တစ်နေ့ဝမ်းချုပ်လို့ခေါင်းခဲနေရတဲ့သူတွေအတွက်













Unicode

ဝမ်းချုပ်ပြီးမအီသာဖြစ်ရင်တကယ်ကြီးနေရခက်ပါတယ်။ တစ်ချို့သူတွေက တော်တော်ဝမ်းကျစ်တတ်ကြတဲ့အကျင့်ရှိတယ်။ တစ်ချို့ဆို တစ်ပတ်တစ်ခါဝမ်းနှုတ်ပေးမှ ပုံမှန်ဝမ်းသွားတယ်ဆိုတာမျိုး၊ ဆေးမကူပဲနဲ့ဝမ်းကောင်းကောင်းမမှန်ဘူးဆိုတာမျိုးတွေဖြစ်တတ်ကြပါတယ်။ ဆိုတော့ ဒီလိုကိစ္စမျိုးတွေမဖြစ်ပဲ ဝမ်းပုံမှန်သွားပြီးအပူအပုပ်ကင်းစင်အောင် ဘယ်လိုလေးတွေ လုပ်သင့်သလဲဆိုတာ အနည်းငယ်မျှဝေပေးလိုက်ပါတယ်။

(၁) ထမင်းစားရင်အစာကြေအောင်စားပါ

အစားစာရင် အစာကိုကြေညက်အောင်စားခြင်းက သင့်ရဲ့ဝမ်းကို ကောင်းကောင်းမွန်မွန်နဲ့ ပုံမှန်သွားစေပါတယ်။ အစာမကြေညက်ရင်လည်းရင်ပြည့်ရင်ကယ်ဖြစ်ပြီးဝမ်းကျစ်တတ်ပါတယ်။

(၂) ရေကိုအချိန်မှန်သောက်ပါ

မနက်အိပ်ယာကနိုးနိုးခြင်းရေကို တစ်ခွက်ပြည့်ပြည့်သောက်ပါ။ မနက်နိုးနိုးခြင်းရေဝဝသောက်ခြင်းက သင့်ရဲ့ဝမ်းကိုအေးစေပြီး ဝမ်းမှန်စေပါတယ်။

(၃) ချို ချဉ် ဖန် ငန် ခါး အာဟာရအရသာစုံလင်စွာစားပါ

အစားသောက်ကိုချေးများပြီး ဟိုဟာရှောင်ဒီဟာရှောင်မလုပ်ပါနဲ့။ အရသာအစုံအလင်နဲ့ အာဟာရဓာတ်ကိုစုံလင်မျှတစွာစားမှသာ ကျန်းမာရေးကောင်းပြီးဝမ်းမှန်နိုင်မှာပါ။

(၄) ရေနွေးနဲ့ရေအေးကိုနေရာမှန်သောက်ပါ

ထမနဲတို့ကောက်ညှင်းတို့ လိုဝမ်းချုပ်လွယ်တဲ့အစားစာတွေကို စားပြီးချိန်မှာရေနွေးကြမ်းမသောက်ပဲရိုးရိုးရေသာသောက်ပါ။ ချုပ်စာတွေစားပြီးရေနွေးကြမ်းသောက်တာဟာ ပိုလို့ဝမ်းကျစ်စေပါတယ်။

(၅) အမြဲအငြိမ်ကြီးပဲမနေပါနဲ့

အထိုင်များတာတို့၊အညောင်းမိတာတို့ဆိုရင် ဝမ်းချုပ်စေပါတယ်။ ဒါကြောင့် ထိုင်ကြီးပဲ အမြဲမနေပဲ မကြာခဏလှုပ်လှုပ်ရှားရှားလုပ်ပေးသင့်ပါတယ်။

ဒီနည်းလမ်းလေးတွေက သင့်ရဲ့အတင်းညှစ်ပြီး အိမ်သာတတ်ရတဲ့အဖြစ်ကနေလွတ်မြောက်ပြီးဝမ်းမှန်စေနိုင်ပါတယ်…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.