အျမဲလုိလုိသံုးျဖစ္ေနတဲ႔အီမုိဂ်ီေလးေတြမွာ ဒီလုိစိတ္၀င္စားစရာအခ်က္ေလးေတြရွိတယ္

အျမဲတမ္းလိုလုိသံုးစြဲျဖစ္ေနတဲ႔အီမုိဂ်ီေလးေတြမွာ ဒီလုိထူးျခားတဲ႔အခ်က္ေလးေတြရွိေနတာ သိရဲ႔လား? စာပုိ႔တုိင္း၊ပုိစ့္တစ္ခါတင္တုိင္း အီမိုဂ်ီေလးေတြက မပါမျဖစ္ပါပဲ။အီမိုဂ်ီေလးေတြနဲ႔ပတ္သက္ျပီး ဒီလုိစိတ္၀င္စားစရာေကာင္းတဲ႔အခ်က္ေလးေတြကုိ အပ်င္းေျပျဖစ္ေစ၊ဗဟုသုတအေနနဲ႔ျဖစ္ေစ
သိထားရေအာင္ ျပန္လည္မ်ွေ၀ေပးလိုက္ပါတယ္။

*ပထမဆံုးအီမုိဂ်ီကုိစျပီးဖန္တီးခဲ႔သူက ဂ်ပန္လူမ်ိဳး Shigetaka Kurita ျဖစ္ပါတယ္။၁၉၉၉ ခုႏွစ္က Docomo ကုမၸဏီအတြက္ အီမုိဂ်ီစတင္ဖန္တီးေပးခဲ႔တာျဖစ္ပါတယ္။အီမုိဂ်ီအစ ဂ်ပန္ကေပါ့။

*တစ္ကမာၻလံုးဆုိင္ရာအီမိုဂ်ီမ်ားေန႔ကုိ ၂၀၁၄ ၊ဇူလိုင္ ၁၇က ပထမဆံုးအၾကိမ္စတင္က်င္းပခဲ႔တာပါ။

*၂၀၁၈ ဇြန္လမွာေလ့လာဆန္းစစ္ခ်က္အရ Unicode Standard list မွာ စုစုေပါင္း တရား၀င္ေဖာ္ျပထားတဲ႔အီမုိဂ်ီေပါင္း ၂၈၂၃ ရွိတယ္လုိ႔သိရပါတယ္။

*Emoji ဆုိတဲ႔အဓိပၸာယ္ကေတာ့ ဂ်ပန္လုိ Picture (e) နဲ႔ Character (moji) ကုိေပါင္းစပ္ေခၚဆုိထားတာပဲျဖစ္ပါတယ္။ကုိယ္ျဖစ္ေနတဲ႔မ်က္ႏွာပံုစံကုိကုိယ္စားျပဳတယ္ေပါ့။

*၂၀၁၇ တုန္းက တစ္ကမာၻလံုးအတုိင္းအတာအရ ေလ့လာၾကည့္ေတာ့ Messenger ကေန တစ္ေန႔ကုိ ပ်မ္းမွ် အီမုိဂ်ီ ၅ဘီလီယံေတာင္ ပုိ႔တယ္လုိ႔ေတြ႔ရွိလာရပါတယ္။အီမုိဂ်ီက လူငယ္ေတြအမ်ားဆံုးသံုးစြဲၾကတယ္လုိ႔လည္းေတြ႔လာရပါတယ္။

*၂၀၁၇ တုန္းက ကမာၻမွာအသံုးမ်ားဆံုး အီမုိဂ်ီသံုးခုက ဘာလဲဆုိရင္ မ်က္ရည္ထြက္ေအာင္ရယ္ေနတဲ႔အီမုိဂ်ီရယ္၊အသည္းပံုမ်က္လံုးနဲ႔အီမုိဂ်ီရယ္၊နမ္းေနတဲ႔မ်က္နွာေလးနဲ႔အီမုိဂ်ီ စတဲ႔သံုးခုပါတဲ႔။မ်က္ရည္ထြက္ေအာင္ရယ္ေနတဲ႔အီမုိဂ်ီကေတာ့ ထိပ္ဆံုးအသံုးမ်ားတဲ႔အီမုိဂ်ီပါပဲ။

ကုိယ္ေတြမွားယြင္းတဲ႔အဓိပၸာယ္ယူဆခ်က္ေတြနဲ႔ပုိ႔ေနတဲ႔အီမုိဂ်ီေလးေတြလည္းရွိပါတယ္။ဘာအီမုိဂ်ီေတြလည္းဆုိေတာ့…

*Person with folded hands

ဒီအီမုိဂ်ီကုိ ကုိယ္ေတြက ဘုရားရွိခုိးကန္ေတာ့တဲ႔အခါ လက္အုပ္ခ်ီတာဆုိျပီး သံုးတာမ်ားၾကတယ္။တစ္ခါတစ္ေလ ဒါကုိ high-five အျဖစ္ေတာင္သံုးၾကတယ္။တကယ္ေတာ့ဒီအီမုိဂ်ီရဲ ႔မူရင္းအဓိပၸာယ္က ေတာင္းပန္တဲ႔အခါ၊ေက်းဇူးတင္တဲ႔အခါ ျပတဲ႔ဂ်ပန္ေတြရဲ ႔လက္ဟန္အမူအရာကုိရည္ရြယ္ကာဖန္တီးခဲ႔တာျဖစ္ပါတယ္။

*Confounded face

ဒီအီမုိဂ်ီေလးကုိေတာ့ ကုိယ္ေတြက စိတ္ရႈပ္ေထြးလာတဲ႔အခါ၊စုိးရိမ္ပူပန္တဲ႔အခါသံုးၾကတယ္။တကယ္ေတာ့ ေ၀ခြဲမရျဖစ္လာတဲ႔အခါ ဒီအီမုိဂ်ီေလးကိုသံုးဖုိ႔ရည္ရြယ္ခဲ႔တာျဖစ္ပါတယ္။

*Face with cold sweat

ဒီအီမုိဂ်ီထဲက ေရစက္ေလးကုိေတာ့ အမ်ားစုက မ်က္ရည္စက္နဲ႔မွားတတ္ၾကတယ္။စိတ္ညစ္ေနတယ္၊စိတ္မၾကည္ဘူးဆုိတဲ႔အခါေတြမွာလည္းသံုးၾကတယ္။ဒီအီမုိဂ်ီရဲ ႔မူရင္းအဓိပၸာယ္ေလးကေတာ့ စိတ္ဖိစီးမႈေတြ၊ေၾကာက္ရြံ႔စိတ္္ေတြ၊နာက်င္မႈေတြျဖစ္လာတဲ႔အခါ ေဇာေခြ်းျပန္လာတဲ႔အဓိပၸာယ္မ်ိဳး
ပါ။မ်က္ရည္စက္မဟုတ္ပဲ ေခြ်းေအးစက္ေလးျဖစ္ပါတယ္။စာေတြအမ်ားၾကီးလုပ္ရတဲ႔အခါ၊အလုပ္ေတြပင္ပန္းတဲ႔အခါ ဒီအီမုိဂ်ီေလးကိုသံုးေပးသင့္ပါတယ္။

*Sleepy face

ဒီအီမုိဂ်ီေလးက တကယ္ေတာ့အိပ္ခ်င္္ေနတယ္ဆုိတာျပသတဲ႔အီမုိဂ်ီေလးပါ။ဒါေပမဲ႔ကုိယ္ေတြက မ်က္ရည္စက္ေလးထြက္ေနတယ္ဆုိျပီး ၀မ္းနည္းတဲ႔အီမုိဂ်ီအျဖစ္သံုးေလ့ရွိၾကတယ္။မ်က္ရည္စက္မဟုတ္ပါဘူး။တကယ္ေတာ့ အိပ္ခ်င္ေနလုိ႔သားရည္က်ေနတာပါတဲ႔။

*Victory hand


ဒါကုိေတာ့ ျငိမ္းခ်မ္းေရးသေကၤတတုိ႔၊၂ခုလိုခ်င္လို႔လက္၂ေခ်ာင္းေထာင္ျပတာတုိ႔အျဖစ္သံုးၾကတယ္။တကယ္ေတာ့ဒီအီမုိဂ်ီေလးကုိ ပါတီပြဲတစ္ခုခုက်င္းပဖုိ႔ရွိတဲ႔အခါ သူငယ္ခ်င္းေတြဆီကုိပုိ႔သင့္တာပါတဲ႔။

ကဲ အီမုိဂ်ီေတြမွားယြင္းသံုးစြဲေနမိရင္ ျပင္လိုက္ေတာ့ေနာ္

Unicode

အမြဲတမ်းလိုလိုသုံးစွဲဖြစ်နေတဲ့အီမိုဂျီလေးတွေမှာ ဒီလိုထူးခြားတဲ့အချက်လေးတွေရှိနေတာ သိရဲ့လား? စာပို့တိုင်း၊ပိုစ့်တစ်ခါတင်တိုင်း အီမိုဂျီလေးတွေက မပါမဖြစ်ပါပဲ။အီမိုဂျီလေးတွေနဲ့ပတ်သက်ပြီး ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေကို အပျင်းပြေဖြစ်စေ၊ဗဟုသုတအနေနဲ့ဖြစ်စေ
သိထားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

*ပထမဆုံးအီမိုဂျီကိုစပြီးဖန်တီးခဲ့သူက ဂျပန်လူမျိုး Shigetaka Kurita ဖြစ်ပါတယ်။၁၉၉၉ ခုနှစ်က Docomo ကုမ္ပဏီအတွက် အီမိုဂျီစတင်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။အီမိုဂျီအစ ဂျပန်ကပေါ့။

*တစ်ကမ္ဘာလုံးဆိုင်ရာအီမိုဂျီများနေ့ကို ၂၀၁၄ ၊ဇူလိုင် ၁ရက ပထမဆုံးအကြိမ်စတင်ကျင်းပခဲ့တာပါ။

*၂၀၁၈ ဇွန်လမှာလေ့လာဆန်းစစ်ချက်အရ Unicode Standard list မှာ စုစုပေါင်း တရားဝင်ဖော်ပြထားတဲ့အီမိုဂျီပေါင်း ၂၈၂၃ ရှိတယ်လို့သိရပါတယ်။

*Emoji ဆိုတဲ့အဓိပ္ပာယ်ကတော့ ဂျပန်လို Picture (e) နဲ့ Character (moji) ကိုပေါင်းစပ်ခေါ်ဆိုထားတာပဲဖြစ်ပါတယ်။ကိုယ်ဖြစ်နေတဲ့မျက်နှာပုံစံကိုကိုယ်စားပြုတယ်ပေါ့။

*၂၀၁၇ တုန်းက တစ်ကမ္ဘာလုံးအတိုင်းအတာအရ လေ့လာကြည့်တော့ Messenger ကနေ တစ်နေ့ကို ပျမ်းမျှ အီမိုဂျီ ၅ဘီလီယံတောင် ပို့တယ်လို့တွေ့ရှိလာရပါတယ်။အီမိုဂျီက လူငယ်တွေအများဆုံးသုံးစွဲကြတယ်လို့လည်းတွေ့လာရပါတယ်။

*၂၀၁၇ တုန်းက ကမ္ဘာမှာအသုံးများဆုံး အီမိုဂျီသုံးခုက ဘာလဲဆိုရင် မျက်ရည်ထွက်အောင်ရယ်နေတဲ့အီမိုဂျီရယ်၊အသည်းပုံမျက်လုံးနဲ့အီမိုဂျီရယ်၊နမ်းနေတဲ့မျက်နှာလေးနဲ့အီမိုဂျီ စတဲ့သုံးခုပါတဲ့။မျက်ရည်ထွက်အောင်ရယ်နေတဲ့အီမိုဂျီကတော့ ထိပ်ဆုံးအသုံးများတဲ့အီမိုဂျီပါပဲ။

ကိုယ်တွေမှားယွင်းတဲ့အဓိပ္ပာယ်ယူဆချက်တွေနဲ့ပို့နေတဲ့အီမိုဂျီလေးတွေလည်းရှိပါတယ်။ဘာအီမိုဂျီတွေလည်းဆိုတော့…

*Person with folded hands

ဒီအီမိုဂျီကို ကိုယ်တွေက ဘုရားရှိခိုးကန်တော့တဲ့အခါ လက်အုပ်ချီတာဆိုပြီး သုံးတာများကြတယ်။တစ်ခါတစ်လေ ဒါကို high-five အဖြစ်တောင်သုံးကြတယ်။တကယ်တော့ဒီအီမိုဂျီရဲ ့မူရင်းအဓိပ္ပာယ်က တောင်းပန်တဲ့အခါ၊ကျေးဇူးတင်တဲ့အခါ ပြတဲ့ဂျပန်တွေရဲ ့လက်ဟန်အမူအရာကိုရည်ရွယ်ကာဖန်တီးခဲ့တာဖြစ်ပါတယ်။

*Confounded face

ဒီအီမိုဂျီလေးကိုတော့ ကိုယ်တွေက စိတ်ရှုပ်ထွေးလာတဲ့အခါ၊စိုးရိမ်ပူပန်တဲ့အခါသုံးကြတယ်။တကယ်တော့ ဝေခွဲမရဖြစ်လာတဲ့အခါ ဒီအီမိုဂျီလေးကိုသုံးဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

*Face with cold sweat

ဒီအီမိုဂျီထဲက ရေစက်လေးကိုတော့ အများစုက မျက်ရည်စက်နဲ့မှားတတ်ကြတယ်။စိတ်ညစ်နေတယ်၊စိတ်မကြည်ဘူးဆိုတဲ့အခါတွေမှာလည်းသုံးကြတယ်။ဒီအီမိုဂျီရဲ ့မူရင်းအဓိပ္ပာယ်လေးကတော့ စိတ်ဖိစီးမှုတွေ၊ကြောက်ရွံ့စိတ််တွေ၊နာကျင်မှုတွေဖြစ်လာတဲ့အခါ ဇောချွေးပြန်လာတဲ့အဓိပ္ပာယ်မျိုး
ပါ။မျက်ရည်စက်မဟုတ်ပဲ ချွေးအေးစက်လေးဖြစ်ပါတယ်။စာတွေအများကြီးလုပ်ရတဲ့အခါ၊အလုပ်တွေပင်ပန်းတဲ့အခါ ဒီအီမိုဂျီလေးကိုသုံးပေးသင့်ပါတယ်။

*Sleepy face

ဒီအီမိုဂျီလေးက တကယ်တော့အိပ်ချင််နေတယ်ဆိုတာပြသတဲ့အီမိုဂျီလေးပါ။ဒါပေမဲ့ကိုယ်တွေက မျက်ရည်စက်လေးထွက်နေတယ်ဆိုပြီး ဝမ်းနည်းတဲ့အီမိုဂျီအဖြစ်သုံးလေ့ရှိကြတယ်။မျက်ရည်စက်မဟုတ်ပါဘူး။တကယ်တော့ အိပ်ချင်နေလို့သားရည်ကျနေတာပါတဲ့။

*Victory hand

ဒါကိုတော့ ငြိမ်းချမ်းရေးသင်္ကေတတို့၊၂ခုလိုချင်လို့လက်၂ချောင်းထောင်ပြတာတို့အဖြစ်သုံးကြတယ်။တကယ်တော့ဒီအီမိုဂျီလေးကို ပါတီပွဲတစ်ခုခုကျင်းပဖို့ရှိတဲ့အခါ သူငယ်ချင်းတွေဆီကိုပို့သင့်တာပါတဲ့။

ကဲ အီမိုဂျီတွေမှားယွင်းသုံးစွဲနေမိရင် ပြင်လိုက်တော့နော်

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.