မဟုတ်မမှန်ဒိတ်သတင်းတွေကို တရားဥပေဒအရတုံ့ပြန်သွားမယ်ဆိုတဲ့ Jo Jung Suk
Source:Allkop
မကြာသေးခင်ကမှ နာမည်ကျော်အဆိုတော် Gummy နဲ့ လက်ထပ်ခဲ့တဲ့ Jo Jung Suk ဟာ အခုလတ်တလောမှာ အဆိုတော် Yang Ji Won နဲ့ ချစ်သူဖြစ်ခဲ့ဖူးတယ်လို့ကောလဟာလသတင်းထွက်ရှိလာပါတယ်။
ဒီသတင်းထွက်ရှိလာပြီးတဲ့နောက်မှာ SPICA အဖွဲ့ဝင်ဟောင်း Yang Ji Won က အင်တာဗျူးမှာ “ဒီကောလဟာလသတင်းတွေက အမှားကြီးပါ။ကျွန်မ ဒီသတင်းကိုစကြားတော့ အရမ်းအံ့သြသွားတယ်။ကျွန်မတို့ကလွန်ခဲ့တဲ့နှစ်အနည်းငယ်က တွဲဖက်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ပြီးတော့  တစ်ခါလား နှစ်ခါလားပဲ Group chat မှာစကားပြောဖူးတယ်။သူ့ကိုအပြင်မှာသီးသန့်တစ်ခါမှမတွေ့ခဲ့ဖူးသလို အခုလက်ရှိအချိန်ထိ ကိုုယ်ရေးကိုယ်တာအရဖုန်းဆက်တာ၊စာပို့တာတွေလုံးဝမလုပ်ခဲ့ဖူးပါဘူး။သူက မကြာသေးခင်ကမှလက်ထပ်ထားတဲ့ယောကျာ်းတစ်ယောက်ပါ။ကျွန်မမှာလည်း အခုလက်ရှိ ချစ်သူရှိပါတယ်။ဒီကောလဟာလသတင်းတွေကအမှားတွေဆိုပေမဲ့ ဒါက ကျွန်မကိုဝမ်းနည်းနာကျင်စေပါတယ်။အရင်တုန်းကလညး် ကျွန်မဒီလိုကောလဟာလမျိုးနှစ်ခါတောင်ကြုံခဲ့ဖူးတယ်။အဲ့ဒါကြောင့်ဒီသတင်းတွေကလူတစ်ယောက်ကိုဘယ်လိုဖျက်ဆီးနိုင်လဲဆိုတာ ကျွန်မသိပြီးသားပါ။ဒီမဟုတ်မမှန်သတင်းတွေပျံ့ပွားစေတဲ့သူကို ဥပဒေအရ အပြစ်ပေးနိုင်ဖို့မျှော်လင့်ပါတယ်”လို့ပြောခဲ့ပါတယ်။
မင်းသား Jo Jung Suk ရဲ့အေဂျင်စီ JS ကုမ္ပဏီကလည်း “အခုလတ်တလော မင်းသား Jo Jung Suk နဲ့ပတ်သက်လို့ မဟုတ်မမှန်သတင်းတွေပျံ့နှံ့နေပါတယ်။Jo Jung Suk ဟာ ပရိသတ်အချစ်ခံရတဲ့မင်းသားတစ်လက်ဖြစ်တာမို့ ကျွန်တော်တို့က ဒီအခြေအမြစ်မရှိတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့တုံ့ပြန်မှုမျိုးတွေမလုပ်ခဲ့ပါဘူး။ဒါပေမဲ့ အခုတော ့ဒီတိုင်းလွှတ်မထားနိုင်တော့ပါဘူး။Jo Jung Suk နဲ့သူ့မိသားစုဝင်တွေကလည်း ဒီကောလဟာလသတင်းဖြန့်တဲ့သူကိုကြိုးစားရှာဖွေနေပါတယ်။အခုချိန်ကစပြီး JS ကုမ္ပဏီဟာ ဒီမဟုတ်မမှန်သတင်းတွေ၊မှားယွင်းတဲ့သတင်းအချက်အလက်တွေ၊ကျွန်တော်တို့ရဲ ့အနုပညာရှင်ပုံရိပ်ကျဆင်းစေတဲ့ပိုစ့်တွေ၊ကောမန့်တွေအပေါ်မှာ တရားဥပဒေအရ တုံ့ပြန်သွားမှာပဲဖြစ်ပါတယ်”ဆိုပြီးအတည်ပြုကြေညာလိုက်ပါတယ်။
ပရိသတ်တွေလည်းသိတဲ့အတိုင်း မင်းသား Jo Jung Suk ဟာ အရင်တည်းက ဘာအရှုပ်အရှင်းသတင်းမှမထွက်ခဲ့ပဲ ခပ်အေးအေးနေတတ်သူတစ်ယောက်ပါ။ချစ်သူ Gummy နဲ့လည်း ငါးနှစ်တာချစ်သူကာလကိုကုန်ဆုံးခဲ့ပြီး ဒီအောက်တိုဘာထဲမှာ သူတို့နှစ်ယောက်လက်ထပ်ပြီးသွားပြီဖြစ်ကြောင်း သူတို့ရဲ ့နှစ်ဖက်အေဂျင်စီတွေက ကြေညာခဲ့တာဖြစ်ပါတယ်။မကြာခင်ဒီကောလဟာလသတင်းတွေဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
Source:Allkop
498 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.