မိန်းကလေးတိုင်းသိထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာရှေ့ပြေးလက္ခဏာများ
ဒါတွေကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်ချေရှိတဲ့အဆက်အနွယ်တွေပါ။
Unicode
အမျိုးသမီးတွေမှာ ဒုတိယအဖြစ်များဆုံးကင်ဆာရောဂါဟာ သားအိမ်ခေါင်းကင်ဆာပါပဲ။သားအိမ်ခေါင်းကင်ဆာဟာ အသက် ၄ဝကနေ ၆၀ အတွင်း အဖြစ်အများဆုံးလို့လည်းတွေ့ရှိရပြီး ငယ်ရွယ်တဲ့မိန်းကလေးတွေမှာလည်းဖြစ်ပွားတတ်တာ လေ့လာတွေ့ရှိရပါတယ်။သားအိမ်ခေါင်းကင်ဆာရောဂါဟာ ရှေ့ပြေးလက္ခဏာတွေကို ကြိုတင်သတိထားမိမှ ကုသဖို့အချိန်မီမှာလည်းဖြစ်ပါတယ်။ဒါကြောင့် မိန်းကလေးတိုင်းသိထားသင့်တဲ့သားအိမ်ခေါင်းကင်ဆာလက္ခဏာတွေကို ဗဟုသုတအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
*ဝမ်းဗိုက်ဖောရောင်နာကျင်ခြင်း၊ဝမ်းဗိုက်မအီမသာဖြစ်တတ်ခြင်း၊ပျို့အန်ချင်စိတ် မကြာခဏဖြစ်နေခြင်း
*အစားစားချင်စိတ်လျော့နည်းလာခြင်း။နည်းနည်းလေးစားရုံနဲ့ဗိုက်ပြည့်လာတတ်ခြင်း
*မကြာခဏ နောက်ကျောဘက်နာကျင်မှုခံစားရခြင်း
*လိင်ဆက်ဆံနေစဉ်အတွင်း နာကျင်ခြင်း
*မကြာခဏဆိုသလို ဝမ်းချုပ်ခြင်း
*အမြဲတမ်းပင်ပန်းနွမ်းနယ်နေခြင်း
*ဓမ္မတာသွေးဆင်းတာများခြင်း၊ပုံမှန်ရက်မဟုတ်ပဲ အချိန်အတော်ကြာနောက်ကျမှဓမ္မတာလာခြင်း(လတိုင်း)
*ကိုယ်အလေးချိန်ကျဆင်းလာတာနဲ့ တစ်ချိန်တည်း ဝမ်းဗိုက်ဖောရောင်နာကျင်လာခြင်း
*အမျိုးသမီးအင်္ဂါအနံ့အသက်ပြောင်းလဲခြင်း
*ခြေထောက်ဖောရောင်နာကျင်လာခြင်း
*မကြာခဏဆိုသလို ဆီးသွားခြင်း
ကျွမ်းကျင်သူဆရာဝန်တွေရဲ့လေ့လာတွေ့ရှိချက်အရ ဒီလက္ခဏာတွေက သားအိမ်ခေါင်းကင်ဆာရဲ ့ရှေ့ပြေးလက္ခဏာတွေပါပဲ။ဒီလက္ခဏာတွေဟာသေချာသတိပြုနိုင်မှသိမှာလညး်ဖြစ်လို့ ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။
သားအိမ်ခေါင်းကင်ဆာဘာလို့ဖြစ်ပွားရလဲဆိုတဲ့တိကျတဲ့အကြောင်းရင်းကိုတော့ အခုထိမတွေ့သေးပါဘူး။ယေဘူယျအားဖြင့် ကင်ဆာရောဂါဟာ DNA ဆဲလ်တွေထဲမှာ တစ်ခုခုအပြောင်းအလဲဖြစ်သွားခဲ့ပြီး အဲ့ဒီဆဲလ်တွေကပျံ့နှံ့လာကာ အစိုင်အခဲအကျိတ်ကင်ဆာဖြစ်ပွားလာခြင်းလို့တွေ့ရပါတယ်။သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်တဲ့တစ်ချို့သောဆက်နွယ်မှုတွေကိုတော့ ဆရာဝန်တွေကတွေ့ရှိခဲ့ပါတယ်။
*မိသားစုထဲမှာသားအိမ်ခေါင်းကင်ဆာဖြစ်ပွားခဲ့သူရှိတာမျိုး
*အသက် ၅၀ ၊အသက် ၅ဝကျော်အရွယ်တွေမှာဖြစ်ပွားမှုများတာမျိုး
*အသက် ၁၂နှစ်မတိုင်ခင် ဓမ္မတာသွေးစဆင်းတာမျိုး
*ကိုယ်ဝန်မဆောင်ခဲ့ဖူးသူ၊ကလေးမမွေးခဲ့ဖူးသူတွေမှာ ဖြစ်ပွားတာမျိုး
*အသက် ၃ဝကျော်မှ ပထမဆုံးကလေးမွေးဖွားသူမျိုး
*ရင်သားကင်ဆာဖြစ်ပွားဖူးတဲ့သူမျိုး
ဒါတွေကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်ချေရှိတဲ့အဆက်အနွယ််တွေပါ။
သားအိမ်ခေါင်းကင်ဆာရဲ့ဒီလိုရှေ့ပြေးလက္ခဏာတွေကိုကြုံတွေ့လာရပြီဆိုရင် ဆရာဝန်နဲ့အမြန်ဆုံးဆွေးနွေးတိုင်ပင်ညှိနှိုင်းပါတော့လို့အကြံပြုလိုက်ပါတယ်။
359 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.