ပရိသတ်တစ်ယောက်ရဲ့ ”လက်ထပ်ပြီးပြီလား”မေးခွန်းကို JB နဲ့ Hailey ကိုယ်တိုင်ဖြေခဲ့ပုံက…
Source:Cosmopolitan
Unicode
အခုလတ်တလောမှာ Selena Gomez ၊ Justin Bieber နဲ့ Hailey Baldwin တို့ရဲ ့သတင်းဟာ မီဒီယာတွေထက်မှာ ရေပန်းစားနေပြန်ပါပြီ။Justin က Selena အတွက်စိတ်ပူပြီးမမေ့နိုင်သေးဘူးဆိုတဲ့သတင်းတွေရော၊Justin ဟာလက်ထပ်မှတ်ပုံတင်ပြီးတာနဲ့ သိပ်မကြာခင်ရက်ပိုင်းအတွင်းမှာပဲHailey နဲ့တိတ်တိတ်လေးလက်ထပ်လိုက်ပြီဆိုတဲ့သတင်းတွေရော ဟုတ်လားမသိ မဟုတ်လားမသိ ပွထနေပါတယ်။
ဒီအချိန်မှာပဲ Cosmopolitan မီဒီယာကနေ Justin နဲ့ Hailey ဟာသူတို့နှစ်ယောက်လက်ထပ်လိုက်ပြီဆိုတဲ့သတင်းကို ကိုယ်တိုင်ပြောကြားကာအတည်ပြုခဲ့တယ်ဆိုတဲ့သတင်းဖော်ပြလာပါတယ်။အရင်တုန်းက သူတို့နှစ်ယောက်တိတ်တိတ်လေးလက်ထပ်လိုက်ပြီဆိုတဲ့သတင်းတွေဟာ သူတို့နှစ်ယောက်ကိုယ်တိုင်အတည်ပြုပြောကြားတာမဟုတ်ပဲ နီးစပ်ရာအတွင်းလူတွေဆီကနေတစ်ဆင့်သာပြန်ကြားပြီးဖော်ပြခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ပရိသတ်တွေကယုံရခက် မယုံရခက်ဖြစ်နေခဲ့ကြတာပါ။
အခုတော့ Nona Melkoni ဆိုတဲ့ ပရိသတ်တစ်ယောက်က “အောက်တိုဘာ ၁၆ရက်နေ့က နေ့လည်စာစားနေတုန်း သူတို့စုံတွဲနဲ့တွေ့ခဲ့ပါတယ်။အဲ့ဒီမှာ ကျွန်တော်က သူတို့ကို လက်ထပ်ပြီးပြီဆိုတာဟုတ်လားမေးတော့ သူတို့က ချက်ချင်းပဲ ဟုတ်တယ်ဆိုပြီးပြန်ဖြေခဲ့ပါတယ်”လို့ မီဒီယာကိုပြောပြ
လာခဲ့ပါတယ်။”သူတို့ကိုကြည့်ရတာပျော်ရွှင်နေပြီးတစ်ယောက်ကိုတစ်ယောက်လည်းအရမ်းဂရုစိုက်ကြင်နာကြပါတယ်။Justin က Haily ဟာ သူ့ရဲ့နတ်သမီးလို့တောင် ကျွန်တော့်ကိုပြောလိုက်ပါသေးတယ်။တကယ့်ကို super sweet couple ပါပဲ”လို့ထပ်ပြောပြခဲ့ပါတယ်။
Justin ဟာ Hailey ကို သူ့ရဲ့ဇနီးအဖြစ် လက်ထပ်မှတ်ပုံတင်ပြီးကတည်းက အားလုံးကိုမိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီလို ပရိသတ်က သူကိုယ်တိုင်ကြားခဲ့ရတဲ့အကြောင်းပြောပြလာပုံအရတော့ JB ဟာ Selena ရဲ ့ကျန်းမာရေးအခြေအနေကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်ပေမဲ့  Hailey ကိုဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ထားတာကို လုံးဝပြန်လည်ပြင်ဆင်တော့မှာမဟုတ်ဘူးလို့ယူဆရပါတယ်။အခုဆိုရင်သူတို့စုံတွဲဟာ လက်ထပ်ပြီးစီးလို့ နှစ်ယောက်တစ်ဘဝကိုတည်ထောင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။
Source:Cosmopolitan
2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.