ေမွာက္လ်က္အိပ္္တတ္တဲ႔အက်င့္ရွိရင္ ဒါေတြသိထားဖုိ႔လိုျပီ…

သင္က အိပ္တဲ႔အခါ ဘယ္လိုပံုစံနဲ႔အိပ္ေလ့ရွိလဲ?ေဘးတစ္ေစာင္းလား၊ပက္လက္လား၊ေမွာက္လ်က္သားအိပ္တာလား?ေလ့လာဆန္းစစ္ခ်က္ေတြအရ ေျပာရမယ္ဆုိရင္ေမွာက္လ်က္အိပ္တာဟာ က်န္းမာေရးအေနအထားၾကည့္မယ္ဆုိရင္သိပ္ျပီးမေကာင္းပါဘူးတဲ႔။ဒီလုိဆုိးက်ိဳးေတြျဖစ္လာႏုိင္ပါတယ္။

*ေက်ာရုိးနာက်င္တာ၊ေက်ာနာေက်ာေအာင့္တာေတြျဖစ္လာမယ္
ေန႔တိုင္းေမွာက္လ်က္အိပ္ေနမယ္ဆုိရင္ ၾကာလာတဲ႔အခါ ေက်ာရုိးနာက်င္မႈျဖစ္လာပါလိမ့္မယ္။ေမွာက္လ်က္အိပ္တာဟာ ေက်ာရုိးကုိဆုိးဆုိး၀ါး၀ါးထိခိုက္ေစတဲ႔အျပင္ ညဘက္လည္းေကာင္းေကာင္းအိပ္မေပ်ာ္ေစပါဘူး။ဗုိက္ကုိဖိျပီးအိပ္ထားတာဟာ အေရးၾကီးတဲ႔အစိတ္အပုိင္းေတြကုိ ဖိအားေပးသလိုျဖစ္တာေၾကာင့္ ဒီအိပ္စက္ပံုအေနအထားဟာ က်န္းမာေရးဆုိးက်ိဳးေတြအမ်ားၾကီးျဖစ္ေစပါတယ္။

*လည္ပင္းတစ္၀ုိက္နာက်င္လာမယ္
ေမွာက္လ်က္အိပ္တာဟာ ေက်ာရိုးနာက်င္မႈျဖစ္ေစရံုသာမက လည္ပင္းနာက်င္တာ၊မၾကာခဏဆုိသလိုဇတ္ေၾကာတက္တာေတြပါျဖစ္လာေစပါတယ္။ပက္လက္အိပ္တာမ်ိဳး၊ေဘးတစ္ေစာင္းအိပ္တာမ်ိဳးကသာ လည္ပင္းၾကြက္သားေတြကုိအနားေပးသလိုသက္ေတာင့္သက္သာျဖစ္ေစတာပါ။ဒီေမွာက္လ်က္အိပ္တာကုိမျပင္ဘူးဆုိရင္ မၾကာခဏလည္ပင္းၾကြက္သားတစ္၀ုိက္နာက်င္မႈကုိခံစားေနရဦးမွာအမွန္ပါပဲ။

*ဒါက သင္ညဘက္ေတြေကာင္းေကာင္းအိပ္မေပ်ာ္ရတဲ႔အေၾကာင္းရင္းတစ္ခုပါပဲ
ညဘက္ေတြအိပ္မေပ်ာ္ဘူး။ဒါက သင့္ရဲ ႔အိပ္စက္ပံုအေနအထားမွားယြင္းေနတာေၾကာင့္လည္းပါပါတယ္။ဘာလို႔လဲဆုိေတာ့ ေမွာက္လ်က္အိပ္တဲ႔အခါ ေက်ာရိုးေတြနာက်င္လာမယ္။လည္ပင္းၾကြက္သားေတြနာက်င္လာမယ္။အဲ႔ဒီအခါ ဟုိလွည့္ဒီလွည့္နဲ႔အိပ္လိုက္၊ေမွာက္လ်က္ျပန္အိပ္လိုက္နဲ႔
ေကာင္းေကာင္းအိပ္ေပ်ာ္မွာမဟုတ္ပါဘူး။

ဒီလုိေမွာက္လ်က္အိပ္တဲ႔ပံုစံဟာ အိပ္စက္ပံုအေနအထားထဲမွာအမွားဆံုးပံုစံပါပဲ။အထူးသျဖင့္ ေက်ာနာေက်ာေအာင့္ျဖစ္တတ္တဲ႔ေ၀ဒနာရွိရင္ ဒါကမေပ်ာက္ေအာင္အားေပးေနသလိုပါ။ျပီးေတာ့ ေမွာက္လ်က္အိပ္တာဟာ အေရးအေၾကာငး္ျမန္ျမန္ျဖစ္ေစသလို ရင္သားေပ်ာ့တြဲျခင္းကုိလည္းျဖစ္ေစပါတယ္။

ဒီေတာ့ ဘယ္လိုအိပ္စက္ပံုအေနအထားက က်န္းမာေရးနဲ႔အညီညြတ္ဆံုးလဲေမးရင္ ေရြးခ်ယ္ရေတာ့ခက္ပါတယ္။အေကာင္းဆံုးအေနအထားေတာ့မရွိေပမဲ႔ အေကာင္းဆံုးပံုစံကုိေရြးခ်ယ္ရမယ္ဆုိရင္ ဒူးေအာက္မွာ ေခါင္းအံုးအေပ်ာ့ေလးတစ္လံုးခံျပီးပက္လက္အိပ္တာ ဒါမွမဟုတ္ ေဘးကုိေစာင္းျပီးဒူးေကြးအိပ္တာစတဲ႔ပံုစံက က်န္းမာေရးဆုိးက်ိဳးအနည္းဆံုးအိပ္စက္တဲ႔ပံုစံပါပဲ။ဒီလိုအိပ္တဲ႔အခါ ေက်ာရုိးနာက်င္မႈနဲ႔ လည္ပင္းနာက်င္မႈမျဖစ္ေစပဲ သက္ေတာင့္သက္သာျဖစ္ေစပါတယ္။

ဒါ့အျပင္ ပက္လက္အိပ္တာ၊ေဘးတစ္ေစာင္းအိပ္တာ၊ေမွာက္လ်က္အိပ္တာစတဲ႔အိပ္စက္ပံုေတြကုိ ေကာင္းက်ိဳးဆုိးက်ိဳးယွဥ္ၾကည့္တဲ႔အခါမွာလည္းေမွာက္လ်က္အိပ္တာဟာ ဆုိးက်ိဳးအမ်ားဆံုးျဖစ္တာေတြ႔ရပါတယ္။အဲ႔ဒါေၾကာင့္ က်န္းမာေရးဆုိးက်ိဳးအနည္းဆံုးျဖစ္တဲ႔ ပက္လက္အိပ္တာကုိ အေလ့အက်င့္လုပ္ထားသင့္တယ္လုိ႔ အၾကံျပဳတုိက္တြန္းလိုက္ပါတယ္။

Unicode

သင်က အိပ်တဲ့အခါ ဘယ်လိုပုံစံနဲ့အိပ်လေ့ရှိလဲ?ဘေးတစ်စောင်းလား၊ပက်လက်လား၊မှောက်လျက်သားအိပ်တာလား?လေ့လာဆန်းစစ်ချက်တွေအရ ပြောရမယ်ဆိုရင်မှောက်လျက်အိပ်တာဟာ ကျန်းမာရေးအနေအထားကြည့်မယ်ဆိုရင်သိပ်ပြီးမကောင်းပါဘူးတဲ့။ဒီလိုဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

*ကျောရိုးနာကျင်တာ၊ကျောနာကျောအောင့်တာတွေဖြစ်လာမယ်
နေ့တိုင်းမှောက်လျက်အိပ်နေမယ်ဆိုရင် ကြာလာတဲ့အခါ ကျောရိုးနာကျင်မှုဖြစ်လာပါလိမ့်မယ်။မှောက်လျက်အိပ်တာဟာ ကျောရိုးကိုဆိုးဆိုးဝါးဝါးထိခိုက်စေတဲ့အပြင် ညဘက်လည်းကောင်းကောင်းအိပ်မပျော်စေပါဘူး။ဗိုက်ကိုဖိပြီးအိပ်ထားတာဟာ အရေးကြီးတဲ့အစိတ်အပိုင်းတွေကို ဖိအားပေးသလိုဖြစ်တာကြောင့် ဒီအိပ်စက်ပုံအနေအထားဟာ ကျန်းမာရေးဆိုးကျိုးတွေအများကြီးဖြစ်စေပါတယ်။

*လည်ပင်းတစ်ဝိုက်နာကျင်လာမယ်
မှောက်လျက်အိပ်တာဟာ ကျောရိုးနာကျင်မှုဖြစ်စေရုံသာမက လည်ပင်းနာကျင်တာ၊မကြာခဏဆိုသလိုဇတ်ကြောတက်တာတွေပါဖြစ်လာစေပါတယ်။ပက်လက်အိပ်တာမျိုး၊ဘေးတစ်စောင်းအိပ်တာမျိုးကသာ လည်ပင်းကြွက်သားတွေကိုအနားပေးသလိုသက်တောင့်သက်သာဖြစ်စေတာပါ။ဒီမှောက်လျက်အိပ်တာကိုမပြင်ဘူးဆိုရင် မကြာခဏလည်ပင်းကြွက်သားတစ်ဝိုက်နာကျင်မှုကိုခံစားနေရဦးမှာအမှန်ပါပဲ။

*ဒါက သင်ညဘက်တွေကောင်းကောင်းအိပ်မပျော်ရတဲ့အကြောင်းရင်းတစ်ခုပါပဲ
ညဘက်တွေအိပ်မပျော်ဘူး။ဒါက သင့်ရဲ ့အိပ်စက်ပုံအနေအထားမှားယွင်းနေတာကြောင့်လည်းပါပါတယ်။ဘာလို့လဲဆိုတော့ မှောက်လျက်အိပ်တဲ့အခါ ကျောရိုးတွေနာကျင်လာမယ်။လည်ပင်းကြွက်သားတွေနာကျင်လာမယ်။အဲ့ဒီအခါ ဟိုလှည့်ဒီလှည့်နဲ့အိပ်လိုက်၊မှောက်လျက်ပြန်အိပ်လိုက်နဲ့
ကောင်းကောင်းအိပ်ပျော်မှာမဟုတ်ပါဘူး။

ဒီလိုမှောက်လျက်အိပ်တဲ့ပုံစံဟာ အိပ်စက်ပုံအနေအထားထဲမှာအမှားဆုံးပုံစံပါပဲ။အထူးသဖြင့် ကျောနာကျောအောင့်ဖြစ်တတ်တဲ့ဝေဒနာရှိရင် ဒါကမပျောက်အောင်အားပေးနေသလိုပါ။ပြီးတော့ မှောက်လျက်အိပ်တာဟာ အရေးအကြောငး်မြန်မြန်ဖြစ်စေသလို ရင်သားပျော့တွဲခြင်းကိုလည်းဖြစ်စေပါတယ်။

ဒီတော့ ဘယ်လိုအိပ်စက်ပုံအနေအထားက ကျန်းမာရေးနဲ့အညီညွတ်ဆုံးလဲမေးရင် ရွေးချယ်ရတော့ခက်ပါတယ်။အကောင်းဆုံးအနေအထားတော့မရှိပေမဲ့ အကောင်းဆုံးပုံစံကိုရွေးချယ်ရမယ်ဆိုရင် ဒူးအောက်မှာ ခေါင်းအုံးအပျော့လေးတစ်လုံးခံပြီးပက်လက်အိပ်တာ ဒါမှမဟုတ် ဘေးကိုစောင်းပြီးဒူးကွေးအိပ်တာစတဲ့ပုံစံက ကျန်းမာရေးဆိုးကျိုးအနည်းဆုံးအိပ်စက်တဲ့ပုံစံပါပဲ။ဒီလိုအိပ်တဲ့အခါ ကျောရိုးနာကျင်မှုနဲ့ လည်ပင်းနာကျင်မှုမဖြစ်စေပဲ သက်တောင့်သက်သာဖြစ်စေပါတယ်။

ဒါ့အပြင် ပက်လက်အိပ်တာ၊ဘေးတစ်စောင်းအိပ်တာ၊မှောက်လျက်အိပ်တာစတဲ့အိပ်စက်ပုံတွေကို ကောင်းကျိုးဆိုးကျိုးယှဉ်ကြည့်တဲ့အခါမှာလည်းမှောက်လျက်အိပ်တာဟာ ဆိုးကျိုးအများဆုံးဖြစ်တာတွေ့ရပါတယ်။အဲ့ဒါကြောင့် ကျန်းမာရေးဆိုးကျိုးအနည်းဆုံးဖြစ်တဲ့ ပက်လက်အိပ်တာကို အလေ့အကျင့်လုပ်ထားသင့်တယ်လို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။

246 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.