ဝိတ်ကျချင်လို့ ညစာမစားပဲနေနိုင်အောင် ဒီလိုလေးတွေလုပ်ကြမယ်
Unicode
ညစာရှောင်တာက တကယ်ကြီးကို ၀ိတ်ကျစေတဲ့အရာပါ။ ဒီနည်းကိုအဆီလျော့ချင်တဲ့သူ ၀ိတ်ကျချင်တဲ့သူတွေတော်တော်များများသိသာလို့သဘောကျကြပါတယ်။ ဒါပင်မဲ့ ပုံမှန်ညစာစားနေကြသူ အစားမက်တဲ့သူ၊ ထမင်းမက်တဲ့သူတစ်ယောက်အတွက်တော့ ခက်ခဲတဲ့ နည်းလမ်းတစ်ခုပါပဲ။ ပုံမှန်ထမင်းနှစ်နပ်စားနေရင်းကနေ တစ်နပ်လျော့စားလိုက်ဖို့ကြတော့ခက်ခဲပြီးရင်ပူတာမျိုး ဆာလောင်ပြီးဗိုက်တကွီမြည်နေတာမျိုး နောက်ဆုံးအစာအိမ်နာပြီးဝေဒနာခံစားရတတ်ပါတယ်။ ဆိုတော့ ညစားမစားပဲလည်းဝိတ်ချချင်တယ် မစားပဲနေရင်လည်းမနေတတ်ဖြစ်နေတာမျိုးကို အဆင်ပြေစေဖို့နည်းလမ်းကောင်းလေးတစ်ချို့ကိုဝေမျှပေးလိုက်ပါတယ်…
(၁) ညနေ ၆နာရီမကျော်ခင်မှာ အရွက်သုပ်လိုဟာမျိုး(သို့)အဆီနည်းပြီးတင်းတိမ်ရလောက်တဲ့အစားတစ်ခုခုကိုစားထားပါ။ ဒီလိုုလုပ်ခြင်းက သင့်ရဲ့ဗိုက်ကိုဟောင်းလောင်းမဖြစ်စေပဲ တင်းတိမ်နေစေပါတယ်။
(၂) ညစာကို အသီးအဖြစ်ပြောင်းလဲပါ၊ ညစာကို တစ်ခြားဟာတွေမစားပဲ အရည်ရွှမ်းပြီးသဘာဝချိုတဲ့အသီးမျိုးကို စားပေးပါ။
(၃) ရေများများသောက်ပါ၊ ကိုယ့်စိတ်ထဲမှာ တစ်ခုခုကို စားချင်လာပြီလို့ခံစားနေရတဲ့အခါ  ရေသွားသောက်လိုက်ပါ။ရေများများသောက်ခြင်းက အသားရည်လေးလည်းကောင်းလာစေသလို ၀ိတ်လည်းမြန်မြန်ကျစေပါတယ်။
(၄) နေ့လည်စားကို တင်းတိမ်အောင်စားပါ၊ ညစားလွတ်ဝိတ်လျော့မယ်စဉ်းစားရင် နေ့လည်စာကို ပြည့်တင်းလုုံလောက်အောင်စားပါ။ဒီလိုမှ မဟုတ်ရင်တော့ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်လာနိုင်စေပါတယ်။ ၀ိတ်လျော့တာကလည်း အသုံးမဝင်ပဲဘေးပဲဖြစ်သွားမှာပါ။
ဆိုတော့ ဒီလိုအချက်လေးတွေသုံးပြီး ညစာရှောင်မယ်ဆိုရင်တော့ သင့်ရဲ့အခက်ခဲတွေကို ကောင်းကောင်းကြီးကျော်ဖြတ်ပြီး လုပ်နိုင်မယ်လို့ထင်ပါတယ်။ ကျန်းမာပေါ့ပါးပြီကျစ်လျစ်လှပတဲ့ခန္ဒာကိုယ်ကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းရင်း…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.