ေခါင္းေလွ်ာ္ရည္ထဲ ဆားထည့္ေလ်ွာ္တဲ႔အခါ ရလာမယ့္ေကာင္းက်ိဳးေတြ…

မီးဖုိေခ်ာင္မွာ အျမဲတမ္းလိုလုိရွိေနတဲ႔ဟင္းခ်က္စရာေတြအတြက္ အသံုး၀င္တဲ႔ဆားဟာ မထင္မွတ္ပဲ ဆံပင္အတြက္ပါ အသံုး၀င္တဲ႔အလွကုန္ပစၥည္းျဖစ္လာခဲ႔ပါျပီ။ေခါင္းေလ်ွာ္ရည္ထဲကုိ ဆားအနညး္ငယ္ထည့္ေလ်ွာ္ေပးသင့္တယ္ဆုိတဲ႔ အလွအပေဆာင္းပါးတစ္ခုကုိေတြ႔ခဲ႔လို႔ Trend ပရိသတ္ၾကီးအတြက္ အလွအပဗဟုသုတအေနနဲ႔ ျပန္လည္မ်ွေ၀ေပးလုိက္ပါတယ္။

ေခါင္းေလ်ွာ္ရည္ထဲဘာလို႔ဆားထည့္ေပးသင့္တာလဲ?

ဆားက သဘာ၀ျဖစ္တ႔ဲအတြက္ေဘးဥပါဒ္ျဖစ္မွာလည္းလံုး၀မစုိးရိမ္ရပါဘူး။ေခါင္းေလွ်ာ္ရည္ထဲကုိ ဆားစားပြဲတင္ဇြန္း ၂ဇြန္းစာေလာက္ေရာထည့္ျပီးေလ်ွာ္ေပးတာက…

*အဆီျပန္ျခင္းကုိကာကြယ္ေပးတယ္
ေခါင္းေလ်ွာ္ရည္ထဲဆားထည့္ေလ်ွာ္ေပးတာက ဦးေရျပားအဆီျပန္ျခင္းကို ကာကြယ္ေပးပါတယ္။လံုး၀အဆီမျပန္တာမ်ိဳးမဟုတ္ပဲ လိုအပ္တဲ႔အဆီပမာဏာပဲအဆီျပန္ေအာင္ထိန္းညိွေပးတာပါ။အဆီျပန္တာကုိကာကြယ္ေပးတဲ႔အတြက္ ၂ရက္ေလာက္နဲ႔အဆီျပန္တဲ႔ဦးေရျပားဟာ ေစးကပ္ကပ္ျဖစ္မေနေတာ့ပဲ သံုးရက္ေလာက္ေနမွ ေခါင္းေလွ်ာ္ေပးလုိ႔ရသြားပါတယ္။တစ္ပတ္ေလာက္နဲ႔တင္ သိသာတဲ႔ရလဒ္ကုိျမင္ေတြ႔ရမွာပါ။

*ေဗာက္ထျခင္းနဲ႔ဦးေရျပားျပႆနာကုိေျဖရွင္းေပးတယ္
ေခါင္းေလ်ွာ္ရည္ထဲဆားအနညး္ငယ္ထည့္ေလ်ွာ္ေပးတာဟာ ေဗာက္ထျခင္းကုိကာကြယ္ေပးပါသတဲ႔။ေဗာက္ထလုိ႔စိတ္ညစ္စရာမလိုေတာ့ပါဘူးေနာ္။ပုိျပီးထိေရာက္ခ်င္ရင္ အိမ္သံုးဆားထက္ပင္လယ္ဆားကုိသံုးေပးပါ။ပင္လယ္ဆားနဲ႔ေခါင္းေလ်ွာ္ရည္ကုိ ေရာစပ္ျပီးဦးေရျပားကုိအသာအယာ ၁၀ မိနစ္ေလာက္ႏွိပ္နယ္ေပးပါ။ဦးေရျပားကုိပါသန္႔စင္ျပီးသားျဖစ္ပါလိ့မ္မယ္။

*ဆံပင္ကြ်တ္သက္သာေစတယ္
ဆံပင္ေတြခဏခဏကြ်တ္ေနရင္ ဒီနည္းေလးကိုသာသံုးေပးလုိက္ပါ။အေပၚကနည္းအတုိင္း ဦးေခါင္းကုိ၁၀မိနစ္ေလာက္နွိပ္နယ္ေပးျပီးေလ်ွာ္ၾကည့္ပါ။အရင္လိုဆံပင္မကြ်တ္ေတာ့တာကုိ သတိထားမိပါလိမ့္မယ္။

ဒီေတာ့ဘယ္လုိဆားမ်ိဳးက ဘာအတြက္အသံုး၀င္လဲ?

စားပြဲတင္ဆား
အိမ္သံုးဆားက ဆံပင္ကြ်တ္ျခင္းကုိအထူးသက္သာေစတယ္

သဘာ၀ဆား
မသန္႔စင္ရေသးပဲ သဘာ၀အတိုင္းရရွိလာတဲ႔ဆားက ဦးေရျပားျပႆနာေတြကုိကာကြယ္ေပးတယ္။ဆံပင္အတြက္လိုအပ္တဲ႔ဓာတ္ေတြျဖည့္ေပးတယ္။

ဆားခါး
ဆားခါးကေတာ့စိမ္ႏုိင္ရင္ ခႏၶာကုိယ္အတြက္ပါေကာင္းမြန္ေစပါတယ္။ဆားခါးက ဆံပင္အဆီျပန္တာကိုသက္သာေစသလို ဆံပင္ေပ်ာ့ေဆးနဲ႔ေရာစပ္သံုးရင္ ဆံပင္လည္းအံုထူေစတယ္။ေခါင္းေလ်ွာ္ျပီး မိနစ္ ၂၀ေလာက္ေနမွ ေရနဲ႔သန္႔စင္ပါ။

ဆံပင္အတြက္ေကာင္းမြန္တဲ႔သဘာ၀အလွကုန္ပစၥည္းတစ္လက္ျဖစ္လုိ႔ ေသခ်ာစမ္းသပ္သံုးၾကည့္ၾကဦးေနာ္

Unicode

မီးဖိုချောင်မှာ အမြဲတမ်းလိုလိုရှိနေတဲ့ဟင်းချက်စရာတွေအတွက် အသုံးဝင်တဲ့ဆားဟာ မထင်မှတ်ပဲ ဆံပင်အတွက်ပါ အသုံးဝင်တဲ့အလှကုန်ပစ္စည်းဖြစ်လာခဲ့ပါပြီ။ခေါင်းလျှော်ရည်ထဲကို ဆားအနညး်ငယ်ထည့်လျှော်ပေးသင့်တယ်ဆိုတဲ့ အလှအပဆောင်းပါးတစ်ခုကိုတွေ့ခဲ့လို့ Trend ပရိသတ်ကြီးအတွက် အလှအပဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ခေါင်းလျှော်ရည်ထဲဘာလို့ဆားထည့်ပေးသင့်တာလဲ?

ဆားက သဘာဝဖြစ်တဲ့အတွက်ဘေးဥပါဒ်ဖြစ်မှာလည်းလုံးဝမစိုးရိမ်ရပါဘူး။ခေါင်းလျှော်ရည်ထဲကို ဆားစားပွဲတင်ဇွန်း ၂ဇွန်းစာလောက်ရောထည့်ပြီးလျှော်ပေးတာက…

*အဆီပြန်ခြင်းကိုကာကွယ်ပေးတယ်
ခေါင်းလျှော်ရည်ထဲဆားထည့်လျှော်ပေးတာက ဦးရေပြားအဆီပြန်ခြင်းကို ကာကွယ်ပေးပါတယ်။လုံးဝအဆီမပြန်တာမျိုးမဟုတ်ပဲ လိုအပ်တဲ့အဆီပမာဏာပဲအဆီပြန်အောင်ထိန်းညှိပေးတာပါ။အဆီပြန်တာကိုကာကွယ်ပေးတဲ့အတွက် ၂ရက်လောက်နဲ့အဆီပြန်တဲ့ဦးရေပြားဟာ စေးကပ်ကပ်ဖြစ်မနေတော့ပဲ သုံးရက်လောက်နေမှ ခေါင်းလျှော်ပေးလို့ရသွားပါတယ်။တစ်ပတ်လောက်နဲ့တင် သိသာတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။

*ဗောက်ထခြင်းနဲ့ဦးရေပြားပြဿနာကိုဖြေရှင်းပေးတယ်
ခေါင်းလျှော်ရည်ထဲဆားအနညး်ငယ်ထည့်လျှော်ပေးတာဟာ ဗောက်ထခြင်းကိုကာကွယ်ပေးပါသတဲ့။ဗောက်ထလို့စိတ်ညစ်စရာမလိုတော့ပါဘူးနော်။ပိုပြီးထိရောက်ချင်ရင် အိမ်သုံးဆားထက်ပင်လယ်ဆားကိုသုံးပေးပါ။ပင်လယ်ဆားနဲ့ခေါင်းလျှော်ရည်ကို ရောစပ်ပြီးဦးရေပြားကိုအသာအယာ ၁၀ မိနစ်လောက်နှိပ်နယ်ပေးပါ။ဦးရေပြားကိုပါသန့်စင်ပြီးသားဖြစ်ပါလိ့မ်မယ်။

*ဆံပင်ကျွတ်သက်သာစေတယ်
ဆံပင်တွေခဏခဏကျွတ်နေရင် ဒီနည်းလေးကိုသာသုံးပေးလိုက်ပါ။အပေါ်ကနည်းအတိုင်း ဦးခေါင်းကို၁ဝမိနစ်လောက်နှိပ်နယ်ပေးပြီးလျှော်ကြည့်ပါ။အရင်လိုဆံပင်မကျွတ်တော့တာကို သတိထားမိပါလိမ့်မယ်။

ဒီတော့ဘယ်လိုဆားမျိုးက ဘာအတွက်အသုံးဝင်လဲ?

စားပွဲတင်ဆား
အိမ်သုံးဆားက ဆံပင်ကျွတ်ခြင်းကိုအထူးသက်သာစေတယ်

သဘာဝဆား
သဘာဝအတိုင်းရရှိလာတဲ့ဆားက ဦးရေပြားပြဿနာတွေကိုကာကွယ်ပေးတယ်။ဆံပင်အတွက်လိုအပ်တဲ့ဓာတ်တွေဖြည့်ပေးတယ်။

ဆားခါး
ဆားခါးကတော့စိမ်နိုင်ရင် ခန္ဓာကိုယ်အတွက်ပါကောင်းမွန်စေပါတယ်။ဆားခါးက ဆံပင်အဆီပြန်တာကိုသက်သာစေသလို ဆံပင်ပျော့ဆေးနဲ့ရောစပ်သုံးရင် ဆံပင်လည်းအုံထူစေတယ်။ခေါင်းလျှော်ပြီး မိနစ် ၂ဝလောက်နေမှ ရေနဲ့သန့်စင်ပါ။

ဆံပင်အတွက်ကောင်းမွန်တဲ့သဘာဝအလှကုန်ပစ္စည်းတစ်လက်ဖြစ်လို့ သေချာစမ်းသပ်သုံးကြည့်ကြဦးနော်

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.