ကိုယ္အဆင္ေျပမွာကို ေျကာက္ျကတဲ႔လူတစ္ခ်ိဳ႕ေရွ႕မွာဘယ္ေတာ႔မွမတုန္လႈပ္မိပါေစနဲ႕

တစ္ခါတစ္ေလမွာကိုယ္႔ပတ္၀န္းက်င္က ကိုယ္နဲ႕ရင္းနွီးပါတယ္ဆိုတဲ႔သူေတြ ထဲကပဲကိုယ္႔ကိုက်ိတ္မုန္းမုန္းေနတဲ႔ သူေတြအမ်ားျကီးရွိေနတတ္ပါတယ္။ ေပၚတင္မုန္းတဲ႔သူထက္ က်ိတ္မုန္းျပီးက်ိတ္ျကံတဲ႔ကသူေတြကပိုလုိ႕ေတာင္ေျကာက္စရာေကာင္းပါေသးတယ္။ ဒီလိုလူေတြ ကိုယ္႔ဘ၀ထဲမွာရွိေနျပီလုိ႕သတိထားမိတဲ႔အခါမွာ ေတာ႔ပညာရွိနည္းနဲ႕ေနထုိင္တတ္ဖို႕လုိပါတယ္။ ကိုယ္႔အေပၚစိတ္ဓာတ္မေကာင္းတဲ႔သူကို ငါ႔အေပၚမေကာင္းရမလားဆုိျပီး စိတ္တိုေဒါသထြက္ေနမဲ႔အစား သူတုိ႕ကို ဘယ္လိုနည္းနဲ႕ ကိုယ္႔ေအာက္မွာ က်ရံႈးေအာင္လုပ္မလဲဆုိတာ မ်ိဳးကိုသာေတြးလုိက္ပါ။ သူတုိ႕အေပၚျပန္ျပီးယုတ္မာခိုင္းတာမဟုတ္ဘူးေနာ္ ကိုယ္႔အလုပ္ကိုယ္ျကိုးစားလုပ္ရင္းနဲ႕ပဲ ကိုယ္႔ေအာင္ျမင္မႈေလသူတို႕မနာလုိစိတ္နဲ႕ရင္နာေလျဖစ္ေအာင္ျကိုးစားပါ။

ကိုယ္အဆင္မေျပမွာကို လိုခ်င္တဲ႔သူရဲ႕က်ရံႈးခန္းဆိုတာကိုယ္႔ရဲ႕ေအာင္ျမင္ေနတဲ႔အခ်ိန္ပါပဲ။ ကိုယ္ေအာင္ျမင္တာကိုျမင္ရေလ သူတို႕ပူေလာင္ေလပါပဲ…ကိုယ္႔အပူနဲ႕ကိုယ္ဆုိတာမ်ိဳးေပါ႔။ ဆုိေတာ႔ ဒီလုိအေျခေနမ်ိဳးျကံဳလာရတဲ႔အခါစိတ္ပင္ပန္းတာေတြ စိတ္ဓာတ္က်တာေတြျဖစ္စရာမလိုပဲ ကိုယ္အဆင္ေျပမွာကို ေျကာက္ေနတဲ႔သူေတြျကား ဘယ္ေတာ႔မွကိုယ္႔ရဲ႕ေပ်ာ႔ကြက္ကိုခ်မျပမိပါေစနဲ႕။ ကိုယ္႔ရဲ႕အားနည္းခ်က္က သူတုိ႕ရဲ႕နုိင္ကြက္ျဖစ္သြားပါလိမ္႔မယ္။ ဒါေျကာင္႔မနာလိုသူေတြ တုိက္ခိုက္ခ်င္သူျကားေနရတဲ႔အခါ ဘယ္လိုအေျခေနမ်ိဳးေရာက္ေရာက္ က်ရံႈးတဲ႔ပံုစံျဖစ္မေနပဲ ျကိဳးစားေနတဲ႔သူတစ္ေယာက္ပံုစံသာ ျဖစ္ေနပါေစ…

Unicode

တစ်ခါတစ်လေမှာကိုယ့်ပတ်ဝန်းကျင်က ကိုယ်နဲ့ရင်းနှီးပါတယ်ဆိုတဲ့သူတွေ ထဲကပဲကိုယ့်ကိုကျိတ်မုန်းမုန်းနေတဲ့ သူတွေအများကြီးရှိနေတတ်ပါတယ်။ ပေါ်တင်မုန်းတဲ့သူထက် ကျိတ်မုန်းပြီးကျိတ်ကြံတဲ့ကသူတွေကပိုလို့တောင်ကြောက်စရာကောင်းပါသေးတယ်။ ဒီလိုလူတွေ ကိုယ့်ဘဝထဲမှာရှိနေပြီလို့သတိထားမိတဲ့အခါမှာ တော့ပညာရှိနည်းနဲ့နေထိုင်တတ်ဖို့လိုပါတယ်။ ကိုယ့်အပေါ်စိတ်ဓာတ်မကောင်းတဲ့သူကို ငါ့အပေါ်မကောင်းရမလားဆိုပြီး စိတ်တိုဒေါသထွက်နေမဲ့အစား သူတို့ကို ဘယ်လိုနည်းနဲ့ ကိုယ့်အောက်မှာ ကျရှုံးအောင်လုပ်မလဲဆိုတာ မျိုးကိုသာတွေးလိုက်ပါ။ သူတို့အပေါ်ပြန်ပြီးယုတ်မာခိုင်းတာမဟုတ်ဘူးနော် ကိုယ့်အလုပ်ကိုယ်ကြိုးစားလုပ်ရင်းနဲ့ပဲ ကိုယ့်အောင်မြင်မှုလေသူတို့မနာလိုစိတ်နဲ့ရင်နာလေဖြစ်အောင်ကြိုးစားပါ။

ကိုယ်အဆင်မပြေမှာကို လိုချင်တဲ့သူရဲ့ကျရှုံးခန်းဆိုတာကိုယ့်ရဲ့အောင်မြင်နေတဲ့အချိန်ပါပဲ။ ကိုယ်အောင်မြင်တာကိုမြင်ရလေ သူတို့ပူလောင်လေပါပဲ…ကိုယ့်အပူနဲ့ကိုယ်ဆိုတာမျိုးပေါ့။ ဆိုတော့ ဒီလိုအခြေနေမျိုးကြုံလာရတဲ့အခါစိတ်ပင်ပန်းတာတွေ စိတ်ဓာတ်ကျတာတွေဖြစ်စရာမလိုပဲ ကိုယ်အဆင်ပြေမှာကို ကြောက်နေတဲ့သူတွေကြား ဘယ်တော့မှကိုယ့်ရဲ့ပျော့ကွက်ကိုချမပြမိပါစေနဲ့။ ကိုယ့်ရဲ့အားနည်းချက်က သူတို့ရဲ့နိုင်ကွက်ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်မနာလိုသူတွေ တိုက်ခိုက်ချင်သူကြားနေရတဲ့အခါ ဘယ်လိုအခြေနေမျိုးရောက်ရောက် ကျရှုံးတဲ့ပုံစံဖြစ်မနေပဲ ကြိုးစားနေတဲ့သူတစ်ယောက်ပုံစံသာ ဖြစ်နေပါစေ…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.