BTS အဖြဲ႔၀င္ေတြ၀တ္ဆင္ထားတဲ႔လက္ေကာက္ေလးေတြမွာ ဒီလုိထူးျခားတဲ႔အဓိပၸာယ္ရွိတယ္

သိပ္မၾကာေသးခင္က BTS အဖြဲ႔၀င္ေတြကုိယ္စီ၀တ္ဆင္ခဲ႔ၾကတဲ႔လက္ေကာက္ေလးေတြကုိ ပရိသတ္ေတြကသတိထားမိခဲ႔ၾကပါတယ္။ဒီလက္ေကာက္ေလးေတြက ေက်ာက္ေရာင္စံုေလးေတြနဲ႔လုပ္ထားျပီးသာမန္ပဲထင္ရေပမဲ႔ တကယ္ေတာ့ နက္ရိႈင္းတဲ႔အဓိပၸာယ္ေတြရွိေနပါတယ္။

ပရိသတ္ေတြလည္းသိတဲ႔အတုိင္း BTS အဖြဲ႔ဟာ အခုဆိုရင္ လူသိထင္ရွားေအာင္ျမင္ေနတဲ႔ေကေပါ့ပ္အဖြဲ႔တစ္ဖြဲ႔ျဖစ္သလို မၾကာေသးခင္အခ်ိန္ကလည္း UNICEF ရဲ ႔လူငယ္အခြင့္အလမ္းနဲ႔ပတ္သက္တဲ႔ေဟာေျပာပြဲတစ္ခုမွာမိန္႔ခြန္းေျပာခဲ႔ပါေသးတယ္။သူတုိ႔ရဲ ႔အေမရိကန္ေဖ်ာ္ေျဖပြဲတစ္ပြဲမွာ ဒီလက္ေကာက္ေလးေတြကုိ၀တ္ဆင္ခဲ႔ၾကတာပါ။

ဒီေက်ာက္ေရာင္စံုေလးေတြကုိ United Nation အတြက္ဖန္တီးထားတာလုိ႔လည္းသိရပါတယ္။ျပီးေတာ့ ဒါေလးေတြက BrandtBrand နဲ႔ပူးေပါင္းျပီး လူူငယ္ေတြအတြက္အင္အားျဖစ္ေစဖုိ႔ရည္ရြယ္ထုတ္လုပ္ထားတဲ႔ပစၥည္း ၊“Generation Unlimited”အဖြဲ႔အစည္းသစ္အတြက္ရည္ရြယ္ထားတဲ႔ပစၥည္းလည္းျဖစ္ပါတယ္။

“Generation Unlimited” ဟာ ၂၀၃၀ မွာလူငယ္ေတြအတြက္ပညာေရး၊အလုပ္အကုိင္စတဲ႔အခြင့္အလမ္းေတြရရွိေစဖုိ႔ တည္ေထာင္ထားတဲ႔အဖြဲ႔အစညး္သစ္တစ္ခုျဖစ္ပါတယ္။BrandtBrand က ” Generation Unlimited ကေနတစ္ဆင့္ လူငယ္ေတြဟာ သူတုိ႔ရဲ႔ အေတြးအေခၚေတြဘယ္ေလာက္ရွိတယ္။အရည္အခ်င္းစြမ္းရည္ေတြဘယ္ေလာက္ရွိတယ္ဆုိတာ နားလည္လာႏုိင္ျပီးသူ႔တုိ႔က အလားအလာရွိတဲ႔မ်ိဳးဆက္သစ္လူငယ္ေတြျဖစ္တယ္ဆုိတာသတိေပးေနမယ့္ လက္ေကာက္ေလးလည္းျဖစ္တယ္”လုိ႔ေျပာခဲ႔ပါတယ္။ဒီလက္ေကာက္ေလးကုိ၀တ္ဆင္ထားတုိင္း၊ျမင္တိုင္း လူငယ္ေတြမွာ ေမ်ွာ္လင့္ခ်က္္ေတြအျမဲရွိေနမယ္ဆုိတဲ႔အဓိပၸာယ္မ်ိဳးလည္းျဖစ္ပါေသးတယ္။

BTS အဖြဲ႔ဟာ လူငယ္မ်ိဳးဆက္သစ္အတြက္ဦးစားေပးရည္ရြယ္ျပီး ဒီလက္ေကာက္ေလး၀တ္ဆင္ျပသခဲ႔တာပဲျဖစ္ပါတယ္။ကမာၻတစ္၀န္းလံုးမွာလည္း ေကေပါ့ပ္ပရိသတ္ေတြအမ်ားၾကီးရွိတဲ႔အတြက္သူတုိ႔အုိင္ေဒါလ္ရည္ရြယ္ရာလမ္းေၾကာင္းကုိေရာက္လာမယ္ဆုိတာလည္းအေသအခ်ာပါပဲ။

Source:Koreaboo

Unicode

သိပ်မကြာသေးခင်က BTS အဖွဲ့ဝင်တွေကိုယ်စီဝတ်ဆင်ခဲ့ကြတဲ့လက်ကောက်လေးတွေကို ပရိသတ်တွေကသတိထားမိခဲ့ကြပါတယ်။ဒီလက်ကောက်လေးတွေက ကျောက်ရောင်စုံလေးတွေနဲ့လုပ်ထားပြီးသာမန်ပဲထင်ရပေမဲ့ တကယ်တော့ နက်ရှိုင်းတဲ့အဓိပ္ပာယ်တွေရှိနေပါတယ်။

ပရိသတ်တွေလည်းသိတဲ့အတိုင်း BTS အဖွဲ့ဟာ အခုဆိုရင် လူသိထင်ရှားအောင်မြင်နေတဲ့ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်သလို မကြာသေးခင်အချိန်ကလည်း UNICEF ရဲ ့လူငယ်အခွင့်အလမ်းနဲ့ပတ်သက်တဲ့ဟောပြောပွဲတစ်ခုမှာမိန့်ခွန်းပြောခဲ့ပါသေးတယ်။သူတို့ရဲ ့အမေရိကန်ဖျော်ဖြေပွဲတစ်ပွဲမှာ ဒီလက်ကောက်လေးတွေကိုဝတ်ဆင်ခဲ့ကြတာပါ။

ဒီကျောက်ရောင်စုံလေးတွေကို United Nation အတွက်ဖန်တီးထားတာလို့လည်းသိရပါတယ်။ပြီးတော့ ဒါလေးတွေက BrandtBrand နဲ့ပူးပေါင်းပြီး လူူငယ်တွေအတွက်အင်အားဖြစ်စေဖို့ရည်ရွယ်ထုတ်လုပ်ထားတဲ့ပစ္စည်း ၊“Generation Unlimited”အဖွဲ့အစည်းသစ်အတွက်ရည်ရွယ်ထားတဲ့ပစ္စည်းလည်းဖြစ်ပါတယ်။

“Generation Unlimited” ဟာ ၂၀၃၀ မှာလူငယ်တွေအတွက်ပညာရေး၊အလုပ်အကိုင်စတဲ့အခွင့်အလမ်းတွေရရှိစေဖို့ တည်ထောင်ထားတဲ့အဖွဲ့အစညး်သစ်တစ်ခုဖြစ်ပါတယ်။BrandtBrand က ” Generation Unlimited ကနေတစ်ဆင့် လူငယ်တွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေဘယ်လောက်ရှိတယ်။အရည်အချင်းစွမ်းရည်တွေဘယ်လောက်ရှိတယ်ဆိုတာ နားလည်လာနိုင်ပြီးသူ့တို့က အလားအလာရှိတဲ့မျိုးဆက်သစ်လူငယ်တွေဖြစ်တယ်ဆိုတာသတိပေးနေမယ့် လက်ကောက်လေးလည်းဖြစ်တယ်”လို့ပြောခဲ့ပါတယ်။ဒီလက်ကောက်လေးကိုဝတ်ဆင်ထားတိုင်း၊မြင်တိုင်း လူငယ်တွေမှာ မျှော်လင့်ချက််တွေအမြဲရှိနေမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလည်းဖြစ်ပါသေးတယ်။

BTS အဖွဲ့ဟာ လူငယ်မျိုးဆက်သစ်အတွက်ဦးစားပေးရည်ရွယ်ပြီး ဒီလက်ကောက်လေးဝတ်ဆင်ပြသခဲ့တာပဲဖြစ်ပါတယ်။ကမ္ဘာတစ်ဝန်းလုံးမှာလည်း ကေပေါ့ပ်ပရိသတ်တွေအများကြီးရှိတဲ့အတွက်သူတို့အိုင်ဒေါလ်ရည်ရွယ်ရာလမ်းကြောင်းကိုရောက်လာမယ်ဆိုတာလည်းအသေအချာပါပဲ။

Source:Koreaboo

344 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.