တစ်ခါတစ်လေ ကိုယ်ချစ်သလောက်သူကမချစ်တော့ဘူးလို့ထင်လာရတဲ့အကြောင်းက


 

Unicode

တစ်ချို့အတွဲတွေမှာဖြစ်တတ်ကြတဲ့ပြဿနာတစ်ခုပါ။ တကယ်တမ်းတော့ ဒီကိစ္စနဲ့ရန်ဖြစ်စကားများနေစရာမလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ချစ်လာကြရင်းကနေတစ်ခါတစ်ရံမှာ ကိုယ့်ချစ်သူက ကိုယ်ချစ်သလိုမချစ်ဘူး…ငါသူ့အပေါ်မေတ္တာပေးသလောက်မပေးဘူး အရင်လိုများမချစ်တော့တာလား …ဘာလား ညာလားနဲ့စိတ်ထဲမှာ သံသယတွေများလာတတ်ပါတယ်။ သင်ဒီလိုတွေးမိနေပြီဆိုရင်တော့ သင့်ချစ်သူကဘာမှမဖြစ်ပါဘူး။ သင်ကဖြစ်နေတာပါ… RS တစ်ခုမှာသက်တမ်းကြာလာတဲ့အခါ ပိုပိုချစ်ချစ်လာမိကြတဲ့ သူကအချစ်တွေပိုလာလို့ ပိုပိုချစ်ရင်းတစ်ဖက်သားရဲ့အချစ်ကိုအားမလိုအားမရဖြစ်တတ်ကြတာမျိုးပါ။ ပြောချင်တာက တစ်ဖက်သူကပုံမှန်ပါပဲ…သင့်ရဲ့သူ့အပေါ်ထားတဲ့ ခံစားချက်ကပိုပိုပြီး များလာတာကြောင့် ကိုယ့်ရဲ့များပြားနေတဲ့အချစ်တွေကို သူကလိုက်မမှီဘူးဖြစ်နေတာပါ။ တကယ်တော့သင့်ချစ်သူကသင့်အပေါ်ကိုအချစ်မလျော့ပါဘူး…သင်ကသာသင့်ချစ်သူရဲ့အချစ်တွေလိုက်မမှီလောက်အောင် ပိုပိုပြီးချစ်မိလာလို့ပါ…ဒါကြောင့်မဟုတ်တဲ့ကိစ္စလေးနဲ့ကိုယ့်ချစ်သူကိုယ့်အပေါ်မချစ်တော့ဘူးဆိုပြီးအထင်လွဲပြီး သံသယတာမျိုးတွေ မဖြစ်မိဖို့တော့လိုပါတယ်…

636 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.