တည္ျမဲတဲ႔Relationship တစ္ခုဟာထင္ေပၚစရာမလုိပဲေအးခ်မ္းေနဖို႕ပဲလုိပါတယ္…

တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္ျကိုက္ျကတယ္ဆုိတဲ႔ကိစၥမွာ နွစ္ဦးနွစ္ဖက္ရဲ႕စိတ္ဓာတ္ခံယူမႈေတြကသာအဓိကပါ။ ပတ္၀န္းက်င္အသိုင္းအ၀ိုင္းဆိုတာျကီးကအျမင္ေတြ ၊ ကိုယ္ေတြနွစ္ေယာက္ကို ဘယ္သူေတြကသေဘာတူျပီးဘယ္သူေတြက မျကည္ျဖဴတာေတြ ဒါေတြကဂရုစိုက္စရာမလိုဘူးလုိ႕ေတာ႕မေျပာခ်င္ပင္မဲ႔ ထည္႔စဥ္းစားဖို႕ေလာက္လည္းအေရးပါတဲ႔အရာေတြမဟုတ္ပါဘူး။ လူတုိင္းသေဘာတူျပီး လူတုိင္းအားက်ရတဲ႔စံုတြဲဆုိတာမ်ိဳးေတာ႔ ျဖစ္ေလေကာင္းေလေပါ႔ေလ ဒါပင္မဲ႔ သူတစ္ပါးအျမင္သူတစ္ပါးအယူအဆထက္ ကိုယ္႔ဘ၀ရဲ႕ဇာတ္ကိုု ကိုယ္တုိင္ပဲပိုင္နုိင္ေအာင္ကတတ္ဖို႕လိုတာပါ။ Relationship တစ္ခုဆုိတာ အမ်ားေရွ႕မွာထင္ေပၚေနလည္းျဖစ္သလုိ မထင္ေပၚေတာ႔လည္း ဘာမွအေရးမျကီးလွပါဘူး။ ထင္ေပၚေန၊ သူမ်ားေတြအားက်ေအာင္ေတြခ်စ္ျပေနျပီး အခ်ိန္တန္ ကြဲျပဲသြားတာမ်ိဳး ေတြလည္းအမ်ားျကီးပါပဲ။ ေပၚလြင္ျပီး အရမ္းေတြအစပိုင္းခ်စ္ျပျပီးေနာက္ပိုင္းေသြးေအးသြားတဲ႔ ေကာက္ရိုးမီးလို Relationship မ်ိဳးက တည္တံ့မယ္မထင္ပါနဲ႕။ တကယ္ေတာ႔တစ္ေယာက္နဲ႕တစ္ေယာက္ေမတၱာေတြနားလည္မႈေတြ ေပးဆပ္မႈေတြနဲ႕တည္ေဆာက္ထားတဲ႔ RS မ်ိဳးျဖစ္ဖုိ႕ကေပၚလြင္ဖို႕ထက္အေရးျကီးပါတယ္။ တည္ျမဲေနတဲ႔ Relationship ဟာ ေပၚလြင္ျပီး ေကာက္ရိုးမီးလုိအခ်စ္မ်ိဳးျဖစ္ေနဖို႕ထက္ ေအးခ်မ္းျပီးသက္ဆံုးတုိင္သစၥာတရားေတြ နားလည္မႈေတြ ေပးဆပ္မႈေတြနဲ႕ပဲ တည္တံ့ေနဖို႕လိုအပ္ပါတယ္…

Unicode

တစ်ယောက်နဲ့တစ်ယောက်ချစ်ကြိုက်ကြတယ်ဆိုတဲ့ကိစ္စမှာ နှစ်ဦးနှစ်ဖက်ရဲ့စိတ်ဓာတ်ခံယူမှုတွေကသာအဓိကပါ။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းဆိုတာကြီးကအမြင်တွေ ၊ ကိုယ်တွေနှစ်ယောက်ကို ဘယ်သူတွေကသဘောတူပြီးဘယ်သူတွေက မကြည်ဖြူတာတွေ ဒါတွေကဂရုစိုက်စရာမလိုဘူးလို့တော့မပြောချင်ပင်မဲ့ ထည့်စဉ်းစားဖို့လောက်လည်းအရေးပါတဲ့အရာတွေမဟုတ်ပါဘူး။ လူတိုင်းသဘောတူပြီး လူတိုင်းအားကျရတဲ့စုံတွဲဆိုတာမျိုးတော့ ဖြစ်လေကောင်းလေပေါ့လေ ဒါပင်မဲ့ သူတစ်ပါးအမြင်သူတစ်ပါးအယူအဆထက် ကိုယ့်ဘဝရဲ့ဇာတ်ကိုု ကိုယ်တိုင်ပဲပိုင်နိုင်အောင်ကတတ်ဖို့လိုတာပါ။ Relationship တစ်ခုဆိုတာ အများရှေ့မှာထင်ပေါ်နေလည်းဖြစ်သလို မထင်ပေါ်တော့လည်း ဘာမှအရေးမကြီးလှပါဘူး။ ထင်ပေါ်နေ၊ သူများတွေအားကျအောင်တွေချစ်ပြနေပြီး အချိန်တန် ကွဲပြဲသွားတာမျိုး တွေလည်းအများကြီးပါပဲ။ ပေါ်လွင်ပြီး အရမ်းတွေအစပိုင်းချစ်ပြပြီးနောက်ပိုင်းသွေးအေးသွားတဲ့ ကောက်ရိုးမီးလို Relationship မျိုးက တည်တံ့မယ်မထင်ပါနဲ့။ တကယ်တော့တစ်ယောက်နဲ့တစ်ယောက်မေတ္တာတွေနားလည်မှုတွေ ပေးဆပ်မှုတွေနဲ့တည်ဆောက်ထားတဲ့ RS မျိုးဖြစ်ဖို့ကပေါ်လွင်ဖို့ထက်အရေးကြီးပါတယ်။ တည်မြဲနေတဲ့ Relationship ဟာ ပေါ်လွင်ပြီး ကောက်ရိုးမီးလိုအချစ်မျိုးဖြစ်နေဖို့ထက် အေးချမ်းပြီးသက်ဆုံးတိုင်သစ္စာတရားတွေ နားလည်မှုတွေ ပေးဆပ်မှုတွေနဲ့ပဲ တည်တံ့နေဖို့လိုအပ်ပါတယ်…

190 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.