သီချင်းနားထောင်နေရင်း ကြက်သီးမွေးညှင်းထသွားတဲ့အဖြစ်မျိုးကြုံဖူးလား??
Harvard တက္ကသိုလ်က ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Matthew Sachs ရဲ့ အဆိုအရ သီချင်းနားထောင်ရင်းကြက်သီးမွေးညှင်းထောင်သွားတဲ့သူတွေ၊ကြက်သီးထသွားတတ်တဲ့သူတွေဟာ တကယ်တော့စူပါဘရိန်းကိုပိုင်ဆိုင်ထားတာပါပဲတဲ့။
Unicode
Harvard တက္ကသိုလ်က ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Matthew Sachs ရဲ ့အဆိုအရ သီချင်းနားထောင်ရင်းကြက်သီးမွေးညှင်းထောင်သွားတဲ့သူတွေ၊ကြက်သီးထသွားတတ််တဲ့သူတွေဟာ တကယ်တော့စူပါဘရိန်းကိုပိုင်ဆိုင်ထားတာပါပဲတဲ့။
သူဆိုရင် “Bohemian Rhapsody” နားထောင်ရင်း ကြက်သီးထတတ်ပါတယ်တဲ့။သူ့ရဲ့ရှာဖွေတွေ့ရှိချက်အရ သီိချင်းနားထောင်နေရင်းကြက်သီးထသွားတာကိုခံစားလိုက်ရတဲ့သူတွေမှာ ထူးခြားပြီး ရှားပါးတဲ့စွမ်းရည်မျိုးပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။
ကျောင်းသားအယောက် ၂၀ ကိုသီချင်းနားထောင်ခိုင်းပြီးစမ်းသပ်ကြည့်တဲ့အခါမှာ ကျောင်းသား ၁၀ ယောက်ကသာ ကြက်သီးထသွားပြီး နောက်ထပ် ၁ဝယောက်က ဘာမှမခံစားရပါဘူးတဲ့။အဲ့ဒါနဲ့ ဦးနှောက်ကို Scan ဖတ်ကြည့်လိုက်တဲ့အခါမှာ ဦးနှောက်တည်ဆောက်ပုံတွေမတူညီတာကိုသွားတွေ့ခဲ့ရပါတယ်။ကြက်သီးထသွားတာကိုခံစားလိုက်ရတဲ့ကျောင်းသားတွေရဲ ့ဦးနှောက်က အမျှင်တွေဟာ အသံပိုင်းဆိုင်ရာကိုတုံ့ပြန်တဲ့နေရာမှာ ပိုပြီးကောင်းမွန်တာကိုတွေ့ရှိခဲ့ရတာပါပဲ။ပြီးတော့ ဒီလိုမျိုးကြက်သီးထသွားတယ်၊လက်မွှေးလေးတွေထောင်သွားတယ်ဆိုတာ သင့်ရဲ ့စိတ်ခံစားချက်က တစ်ခြားသူတွေထက် ပိုုပြီးနက်ရှိုင်းတယ်၊စိတ်စွမ်းအားပြင်းတယ်ဆိုတာပြနေတာပါ။ဦးနှောက်လုပ်ဆောင်ချက်နဲ့ပတ်သက်လို့ကောင်းမွန်တဲ့အချက်လည်းဖြစ်ပါတယ်။
သူဒီလေ့လာချက်ကိုလုပ်ရတာက စိတ်ဓာတ်ကျနေတဲ့သူတွေကို သီချင်းကနေတစ်ဆင့်ပြန်ပြီးစိတ်ဓာတ်မြှင့်တင်ပေးနိုင်ပြီး စိတ်ပျော်ရွှင်အောင်ကူညီပေးချင်တဲ့အတွက်ကြောင့်လို့လည်းသိရပါတယ်။သင်ရော သီချင်းနားထောင်နေရင်းကြက်သီးထသွားတတ်လား?
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.