ညလယ္ေခါင္ၾကီးတေရးနုိးလာတတ္တာဟာ ဒီလုိစိတ္အေျခအေနေတြနဲ႔ဆက္စပ္ေန…

ညလယ္ေခါင္ၾကီး တေရးႏုိးလာတယ္ဆုိတာ စိတ္အေျခအေနတစ္ခုခုနဲ႔ဆက္စပ္ေနလုိ႔ဆုိတာ သင္ေတြးေတာင္ေတြးမိမယ္မထင္ပါဘူး။တရုတ္ရုိးရာေဆးပညာအဆုိအရ ေန႔တိုင္းလိုလို တေရးႏုိးႏုိးလာတတ္တယ္ဆုိတာ စိတ္အေနအထားနဲ႔ဆက္ႏြယ္ေနပါတယ္တဲ႔။ဒီအေျခအေနေတြကုိဘယ္လုိေျဖရွင္းရမလဲဆုိတာကုိလည္း ဗဟုသုတအေနနဲ႔ျပန္ျပီးမ်ွေ၀ေပးလုိက္ပါတယ္။

*၉နာရီကေန ၁၁နာရီအတြင္း နိုးလာတယ္
ဒီအခိ်န္က စစအိပ္ခ်ိန္ပါပဲ။ကုိယ္က ၁၀နာရီေလာက္အိပ္တယ္။ဒါေပမဲ႔ အိပ္ေပ်ာ္ျပီးခဏေလးအတြင္းလန္႔ႏုိးလာတယ္ဆုိတာ စိတ္ဖိစီးမႈေတြမ်ားေနလို႔ပါ။ဒီလိုစအိပ္ေပ်ာ္တ့ဲအခိ်န္ဟာ စိတ္ဖိစီးမႈေတြ၊စုိးရိမ္စရာအေတြးေတြကုိထမ္းပုိးထားရလို႔ တံု႔ျပန္တဲ႔အခ်ိန္ပါပဲ။ဒါေၾကာင့္ အိပ္မေပ်ာ္ႏုိင္ပဲ လန္႔ႏုိးလာတာပါ။ဒါေၾကာင့္မအိပ္ခင္မွာအရင္ဆံုုးစိတ္ကုိျငိမ္သက္ေအာင္လုပ္၊တရားထုိင္တာမ်ိဳးနဲ႔ ညဘက္ေကာင္းေကာင္းအိပ္ေပ်ာ္ႏုိင္ေအာင္လုပ္သင့္ပါတယ္။

*၁၁နာရီကေန ၁နာရီအတြင္း
ဒီအခ်ိန္ကေတာ့ အိပ္ေမာက်လို႔အိပ္မက္ေတာင္မက္ေနၾကတဲ႔အခ်ိန္ပါ။ဒါေပမဲ႔ အဲ႔ဒီအခိ်န္မွာ နုိးလာတယ္ဆုိရင္ ဒါက သင့္ရဲ ႔ေဒါသနဲ႔ဆက္ႏြယ္ေနပါတယ္။စိတ္တုိျပီးစိတ္အလိုမက်ျဖစ္ေနတဲ႔အခ်ိန္ အိပ္ေပ်ာ္သြားတဲ႔အခါ ၁၁နာရီကေန ၁နာရီဆုိတဲ႔အခ်ိန္တုိေလးအတြင္းမွာ တေရးနုိးလာတတ္ပါတယ္။ဒီေတာ့ မအိပ္ခင္မွာ စိတ္အလိုမက်တာေတြ၊ေဒါသထြက္စရာရွိတဲ႔အရာေတြကုိ ေမ့ထားျပီး အေတြးေတြကုိရွင္းလင္းျပီးမွ အိပ္စက္ပါ။

*၁နာရီကေန ၃နာရီအတြင္း
၁နာရီကေန ၃နာရီအခ်ိန္အတြင္း တေရးႏုိးလာတယ္ဆုိရင္ေတာ့ ဒါက သင့္စိတ္ထဲမွာျဖစ္ေပၚေနတဲ႔ အမုန္းတရားတစ္ခ်ိဳ႔ေၾကာင့္ ႏုိးလာတာပါပဲ။တစ္ေယာက္ေယာက္ကုိမုန္းတီးေနတယ္။ကုိယ့္ကုိယ့္ကုိယ္အလိုအက်မုန္းတီးေနတဲ႔စိတ္ဟာ ဒီအခ်ိန္အတြင္းမွာလံႈ႔ေဆာ္မႈတစ္ခုျဖစ္လာျပီး တေရးႏုိးလာတာပဲျဖစ္ပါတယ္။မအိပ္ခင္မွာ စိတ္အလိုအက်မႈေတြ၊ေဒါသေတြနဲ႔မအိပ္သင့္ပါဘူး။ကုိယ့္ကုိယ့္ကိုယ္အျပစ္တင္စိတ္လည္းမထားပါနဲ႔။

*၃နာရီကေန ၅နာရီအတြင္း
တစ္ခါတစ္ေလ မနက္မိုးလင္းခါမွ တေရးႏုိးလာတယ္။ျပန္အိပ္လုိ႔လည္းမေပ်ာ္၊ဆက္အိပ္လို႔ကလည္းမရတဲ႔အခိ်န္တစ္ခုေပါ့။ဒီအခ်ိန္မွာႏုိးလာတာက သင့္စိတ္ထဲမွာတစ္ခုခုကေန လြတ္ေျမာက္ဖုိ႔ၾကိဳးစားေနတဲ႔အတြက္ေၾကာင့္ပါ။စိုးရိမ္ပူပန္မႈေတြနဲ႔အိပ္ေပ်ာ္သြားရတဲ႔အခါ၊အလုပ္မျပီးေျမာက္ေသးပဲအိပ္ေပ်ာ္သြားတဲ႔အခါ စိတ္ကလည္းမတင္မက်ျဖစ္ျပီး စိတ္မခ်လက္မခ်နဲ႔တေရးႏုိးလာတာလည္းျဖစ္ပါတယ္။စိတ္ခ်လက္ခ်နဲ႔မနက္မိုးလင္းတဲ႔အထိအိပ္စက္ခ်င္ရင္ေတာ့ စိတ္မတင္မက်ျဖစ္ရမယ့္ကိစၥအားလံုးကုိအျပီးအျပတ္ေဆာင္ရြက္ထားခဲ႔တာအေကာင္းဆံုးပါ။

ဒီလုိတေရးနုိးလာတာမ်ိဳး၊ျပန္အိပ္မရတာမ်ိဳးေတြမျဖစ္ေအာင္ ညအိပ္ရာမ၀င္ခင္မွာ ကုိယ့္စိတ္ကုိေအးေဆးတည္ျငိမ္ေအာင္ထားျပီး အေတြးေတြရွင္းလင္းေပးပါ။အဲ႔ဒါမွသက္ေတာင့္သက္သာအိပ္စက္နုိင္မွာပဲျဖစ္ပါတယ္။

Unicode

ညလယ်ခေါင်ကြီး တရေးနိုးလာတယ်ဆိုတာ စိတ်အခြေအနေတစ်ခုခုနဲ့ဆက်စပ်နေလို့ဆိုတာ သင်တွေးတောင်တွေးမိမယ်မထင်ပါဘူး။တရုတ်ရိုးရာဆေးပညာအဆိုအရ နေ့တိုင်းလိုလို တရေးနိုးနိုးလာတတ်တယ်ဆိုတာ စိတ်အနေအထားနဲ့ဆက်နွယ်နေပါတယ်တဲ့။ဒီအခြေအနေတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုလည်း ဗဟုသုတအနေနဲ့ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

*၉နာရီကနေ ၁၁နာရီအတွင်း နိုးလာတယ်
ဒီအချိန်က စစအိပ်ချိန်ပါပဲ။ကိုယ်က ၁ဝနာရီလောက်အိပ်တယ်။ဒါပေမဲ့ အိပ်ပျော်ပြီးခဏလေးအတွင်းလန့်နိုးလာတယ်ဆိုတာ စိတ်ဖိစီးမှုတွေများနေလို့ပါ။ဒီလိုစအိပ်ပျော်တဲ့အချိန်ဟာ စိတ်ဖိစီးမှုတွေ၊စိုးရိမ်စရာအတွေးတွေကိုထမ်းပိုးထားရလို့ တုံ့ပြန်တဲ့အချိန်ပါပဲ။ဒါကြောင့် အိပ်မပျော်နိုင်ပဲ လန့်နိုးလာတာပါ။ဒါကြောင့်မအိပ်ခင်မှာအရင်ဆုုံးစိတ်ကိုငြိမ်သက်အောင်လုပ်၊တရားထိုင်တာမျိုးနဲ့ ညဘက်ကောင်းကောင်းအိပ်ပျော်နိုင်အောင်လုပ်သင့်ပါတယ်။

*၁၁နာရီကနေ ၁နာရီအတွင်း
ဒီအချိန်ကတော့ အိပ်မောကျလို့အိပ်မက်တောင်မက်နေကြတဲ့အချိန်ပါ။ဒါပေမဲ့ အဲ့ဒီအချိန်မှာ နိုးလာတယ်ဆိုရင် ဒါက သင့်ရဲ ့ဒေါသနဲ့ဆက်နွယ်နေပါတယ်။စိတ်တိုပြီးစိတ်အလိုမကျဖြစ်နေတဲ့အချိန် အိပ်ပျော်သွားတဲ့အခါ ၁၁နာရီကနေ ၁နာရီဆိုတဲ့အချိန်တိုလေးအတွင်းမှာ တရေးနိုးလာတတ်ပါတယ်။ဒီတော့ မအိပ်ခင်မှာ စိတ်အလိုမကျတာတွေ၊ဒေါသထွက်စရာရှိတဲ့အရာတွေကို မေ့ထားပြီး အတွေးတွေကိုရှင်းလင်းပြီးမှ အိပ်စက်ပါ။

*၁နာရီကနေ ၃နာရီအတွင်း
၁နာရီကနေ ၃နာရီအချိန်အတွင်း တရေးနိုးလာတယ်ဆိုရင်တော့ ဒါက သင့်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ အမုန်းတရားတစ်ချို့ကြောင့် နိုးလာတာပါပဲ။တစ်ယောက်ယောက်ကိုမုန်းတီးနေတယ်။ကိုယ့်ကိုယ့်ကိုယ်အလိုအကျမုန်းတီးနေတဲ့စိတ်ဟာ ဒီအချိန်အတွင်းမှာလှုံ့ဆော်မှုတစ်ခုဖြစ်လာပြီး တရေးနိုးလာတာပဲဖြစ်ပါတယ်။မအိပ်ခင်မှာ စိတ်အလိုအကျမှုတွေ၊ဒေါသတွေနဲ့မအိပ်သင့်ပါဘူး။ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်စိတ်လည်းမထားပါနဲ့။

*၃နာရီကနေ ၅နာရီအတွင်း
တစ်ခါတစ်လေ မနက်မိုးလင်းခါမှ တရေးနိုးလာတယ်။ပြန်အိပ်လို့လည်းမပျော်၊ဆက်အိပ်လို့ကလည်းမရတဲ့အချိန်တစ်ခုပေါ့။ဒီအချိန်မှာနိုးလာတာက သင့်စိတ်ထဲမှာတစ်ခုခုကနေ လွတ်မြောက်ဖို့ကြိုးစားနေတဲ့အတွက်ကြောင့်ပါ။စိုးရိမ်ပူပန်မှုတွေနဲ့အိပ်ပျော်သွားရတဲ့အခါ၊အလုပ်မပြီးမြောက်သေးပဲအိပ်ပျော်သွားတဲ့အခါ စိတ်ကလည်းမတင်မကျဖြစ်ပြီး စိတ်မချလက်မချနဲ့တရေးနိုးလာတာလည်းဖြစ်ပါတယ်။စိတ်ချလက်ချနဲ့မနက်မိုးလင်းတဲ့အထိအိပ်စက်ချင်ရင်တော့ စိတ်မတင်မကျဖြစ်ရမယ့်ကိစ္စအားလုံးကိုအပြီးအပြတ်ဆောင်ရွက်ထားခဲ့တာအကောင်းဆုံးပါ။

ဒီလိုတရေးနိုးလာတာမျိုး၊ပြန်အိပ်မရတာမျိုးတွေမဖြစ်အောင် ညအိပ်ရာမဝင်ခင်မှာ ကိုယ့်စိတ်ကိုအေးဆေးတည်ငြိမ်အောင်ထားပြီး အတွေးတွေရှင်းလင်းပေးပါ။အဲ့ဒါမှသက်တောင့်သက်သာအိပ်စက်နိုင်မှာပဲဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.