တစ္ခ်ိဳ႔စံုတြဲေတြ ဆုိရွယ္မီဒီယာေပၚအခ်စ္ေရးအေၾကာင္း သိပ္မတင္ဘူးဆုိတာ ဒါေတြေၾကာင့္ပါ

တစ္ခ်ိဳ႔က ဆုိရွယ္မီဒီယာမွာ ခ်စ္တယ္ေရးတင္မွတကယ္ခ်စ္တယ္ထင္တတ္ၾကတယ္။ဒါေပမဲ႔ ေဖ့ဘြတ္ခ္တုိ႔၊အင္စတာဂရမ္တုိ႔မွာပံုတင္ျပီးခ်စ္ေၾကာင္း၊သူနဲ႔ဆုိ ဘယ္လိုေပ်ာ္ရႊင္ရေၾကာင္း အျမဲတမ္းလိုလိုေရးတင္ေနတဲ႔စံုတြဲေတြထက္စာရင္ အခ်စ္ေရးနဲ႔ပတ္သက္လို႔ တစ္ခါတစ္ေလမွတင္ေလ့ရွိတဲ႔စံုတြဲေတြက ပုိျပီးခုိင္ျမဲေၾကာင္းေလ့လာေတြ႔ရွိထားရပါတယ္။ဆုိရွယ္မီဒီယာေပၚမွာ အခ်စ္ေရးအေၾကာင္းမတင္ဘူးဆုိတာခ်စ္သူနဲ႔အဆင္မေျပလို႔မဟုတ္ပါဘူး။ဒီစံုတြဲေတြ အြန္လိုင္းမွာဘာလို႔အျမဲမတင္တာလဲဆုိရင္…

*ဆုိရွယ္မီဒီယာေပၚမွာ ခ်စ္သူနဲ႔ျပႆနာျဖစ္တဲ႔အေၾကာင္း၊တစ္ေယာက္နဲ႔တစ္ေယာက္အရမ္းခ်စ္တဲ႔အေၾကာင္းေရးတင္ေနတာဟာ တကယ့္လက္ေတြ႔မွာဘယ္လုိအက်ိဳးသက္ေရာက္မႈမွထူးထူးျခားျခားရွိမလာဘူးဆုိတာ သေဘာေပါက္ၾကတယ္။ျပႆနာျဖစ္ေၾကာင္းတင္ရင္ ၀မ္းသာေနတဲ႔သူေတြရွိမယ္။ေပ်ာ္ရႊင္ေနေၾကာင္းတင္ရင္ မနာလိုတဲ႔သူေတြရွိမယ္။ဒါေတြကုိသိတဲ႔စံုတြဲေတြက လက္ေတြ႔ေပ်ာ္ရႊင္မႈကုိပဲဖန္တီးယူၾကတယ္။

*သူတုိ႔ခ်စ္ေၾကာင္း ဘယ္သူ႔ကုိမွသက္ေသျပစရာမလိုဘူးလို႔ခံယူထားၾကတဲ႔အတြက္ ဆုိရွယ္မီဒီယာေပၚမွာေရးတင္မေနဘူး။အဲ႔ဒီလုိစံုတြဲေတြက လက္ေတြ႔ဘ၀မွာ ပုိျပီးေပ်ာ္ရႊင္မႈရရွိၾကတယ္။တစ္ခါတစ္ေလ လူေတြက တကယ့္လက္ေတြ႔ဘ၀မွာအေရးၾကီးတဲ႔အရာေတြကုိ ဆုိရွယ္မီဒီယာေပၚမွာခ်ျပျပီးသက္ေသျပေနစရာမလိုဘူးဆုိတာေမ့ေလ်ာေနတတ္ၾကပါတယ္။

*အြန္လိုင္းမွာစာေတြေရးတင္ျပီးခ်စ္တဲ႔အေၾကာင္းေျပာေနတဲ႔အခိ်န္အစား လက္ေတြ႔မွာႏွစ္ေယာက္အတူအခ်ိန္ကုန္ဆံုးၾကတယ္။Post ေတြတင္ျပီးခ်စ္ေနရမွာမဟုတ္ပဲ ႏွစ္ေယာက္အတူေတြ႔ဆံုျပီး ေပ်ာ္ရႊင္တဲ႔ေန႔ေလးဖန္တီးရမယ့္အခ်ိန္ဆုိတာ ဒီစံုတြဲေတြက နားလည္ၾကတယ္။

*ခ်စ္သူနဲ႔ပတ္သက္လုိ႔ အျမဲတမ္းတင္ေနမယ္။ရန္ျဖစ္လည္းတင္မယ္။ျပန္ခ်စ္လည္းတင္မယ္။အဲ႔ဒီလုိပုိစ့္ေတြဟာ ျပႆနာအနည္းနဲ႔အမ်ားဆုိသလိုကုိုဦးတည္ေနတတ္ပါတယ္။ကုိယ့္ပံုတင္လို႔ တစ္ခါမွအသဲပံုမေပးတဲ႔သူက စံုတြဲေပၚတင္မွ အသဲေလးေပးတယ္။ဘာလားေပါ့။ဒီလုိ ျပႆနာအနည္းနဲ႔အမ်ားမျဖစ္ဖုိ႔အတြက္ ဆုိရွယ္မီဒီယာေပၚမွာ အခ်စ္ေရးနဲ႔ပတ္သက္လို႔ အျမဲတမ္းတင္ေလ့တင္ထမရွိၾကတာပါ။ဒီေတာ့ ဒီစံုတြဲေတြ ပုိျပီးေပ်ာ္ရႊင္မႈရွိၾကတာ မဆန္းပါဘူး။

*ဆုိရွယ္မီဒီယာေပၚမွာ အခ်စ္ေရးနဲ႔ပတ္သက္လုိ႔ခဏခဏတင္ေနတဲ႔စံုတြဲေတြဟာ တကယ္လက္ေတြ႔ဘ၀အခ်စ္ေရးမွာ ေပ်ာ္ရႊင္မႈမရွိၾကလို႔၊အခ်စ္ေရးအဆင္မေျပလုိ႔၊ကုိယ့္အခ်စ္ေရးကုိယ္ စိတ္မခ်ျဖစ္ေနလုိ႔ တင္တာမ်ားတယ္လုိ႔ Northwestern တကၠသုိလ္က ပညာရွင္ေတြေလ့လာခ်က္အရသိရပါတယ္။ဒါေၾကာင့္လက္ေတြ႔ဘ၀မွာ ေပ်ာ္ရႊင္မႈအစစ္အမွန္ရရွိေနၾကတဲ႔စံုတြဲေတြက ဆုိရွယ္မီဒီယာမွာပုိစ့္တင္တာ ရွားပါးျခင္းပဲျဖစ္ပါတယ္။

Unicode

တစ်ချို့က ဆိုရှယ်မီဒီယာမှာ ချစ်တယ်ရေးတင်မှတကယ်ချစ်တယ်ထင်တတ်ကြတယ်။ဒါပေမဲ့ ဖေ့ဘွတ်ခ်တို့၊အင်စတာဂရမ်တို့မှာပုံတင်ပြီးချစ်ကြောင်း၊သူနဲ့ဆို ဘယ်လိုပျော်ရွှင်ရကြောင်း အမြဲတမ်းလိုလိုရေးတင်နေတဲ့စုံတွဲတွေထက်စာရင် အချစ်ရေးနဲ့ပတ်သက်လို့ တစ်ခါတစ်လေမှတင်လေ့ရှိတဲ့စုံတွဲတွေက ပိုပြီးခိုင်မြဲကြောင်းလေ့လာတွေ့ရှိထားရပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာ အချစ်ရေးအကြောင်းမတင်ဘူးဆိုတာချစ်သူနဲ့အဆင်မပြေလို့မဟုတ်ပါဘူး။ဒီစုံတွဲတွေ အွန်လိုင်းမှာဘာလို့အမြဲမတင်တာလဲဆိုရင်…

*ဆိုရှယ်မီဒီယာပေါ်မှာ ချစ်သူနဲ့ပြဿနာဖြစ်တဲ့အကြောင်း၊တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်တဲ့အကြောင်းရေးတင်နေတာဟာ တကယ့်လက်တွေ့မှာဘယ်လိုအကျိုးသက်ရောက်မှုမှထူးထူးခြားခြားရှိမလာဘူးဆိုတာ သဘောပေါက်ကြတယ်။ပြဿနာဖြစ်ကြောင်းတင်ရင် ဝမ်းသာနေတဲ့သူတွေရှိမယ်။ပျော်ရွှင်နေကြောင်းတင်ရင် မနာလိုတဲ့သူတွေရှိမယ်။ဒါတွေကိုသိတဲ့စုံတွဲတွေက လက်တွေ့ပျော်ရွှင်မှုကိုပဲဖန်တီးယူကြတယ်

*သူတို့ချစ်ကြောင်း ဘယ်သူ့ကိုမှသက်သေပြစရာမလိုဘူးလို့ခံယူထားကြတဲ့အတွက် ဆိုရှယ်မီဒီယာပေါ်မှာရေးတင်မနေဘူး။အဲ့ဒီလိုစုံတွဲတွေက လက်တွေ့ဘဝမှာ ပိုပြီးပျော်ရွှင်မှုရရှိကြတယ်။တစ်ခါတစ်လေ လူတွေက တကယ့်လက်တွေ့ဘဝမှာအရေးကြီးတဲ့အရာတွေကို ဆိုရှယ်မီဒီယာပေါ်မှာချပြပြီးသက်သေပြနေစရာမလိုဘူးဆိုတာမေ့လျောနေတတ်ကြပါတယ်။

*အွန်လိုင်းမှာစာတွေရေးတင်ပြီးချစ်တဲ့အကြောင်းပြောနေတဲ့အချိန်အစား လက်တွေ့မှာနှစ်ယောက်အတူအချိန်ကုန်ဆုံးကြတယ်။Post တွေတင်ပြီးချစ်နေရမှာမဟုတ်ပဲ နှစ်ယောက်အတူတွေ့ဆုံပြီး ပျော်ရွှင်တဲ့နေ့လေးဖန်တီးရမယ့်အချိန်ဆိုတာ ဒီစုံတွဲတွေက နားလည်ကြတယ်။

*ချစ်သူနဲ့ပတ်သက်လို့ အမြဲတမ်းတင်နေမယ်။ရန်ဖြစ်လည်းတင်မယ်။ပြန်ချစ်လည်းတင်မယ်။အဲ့ဒီလိုပိုစ့်တွေဟာ ပြဿနာအနည်းနဲ့အများဆိုသလိုကိုုဦးတည်နေတတ်ပါတယ်။ကိုယ့်ပုံတင်လို့ တစ်ခါမှအသဲပုံမပေးတဲ့သူက စုံတွဲပေါ်တင်မှ အသဲလေးပေးတယ်။ဘာလားပေါ့။ဒီလို ပြဿနာအနည်းနဲ့အများမဖြစ်ဖို့အတွက် ဆိုရှယ်မီဒီယာပေါ်မှာ အချစ်ရေးနဲ့ပတ်သက်လို့ အမြဲတမ်းတင်လေ့တင်ထမရှိကြတာပါ။ဒီတော့ ဒီစုံတွဲတွေ ပိုပြီးပျော်ရွှင်မှုရှိကြတာ မဆန်းပါဘူး။

*ဆိုရှယ်မီဒီယာပေါ်မှာ အချစ်ရေးနဲ့ပတ်သက်လို့ခဏခဏတင်နေတဲ့စုံတွဲတွေဟာ တကယ်လက်တွေ့ဘဝအချစ်ရေးမှာ ပျော်ရွှင်မှုမရှိကြလို့၊အချစ်ရေးအဆင်မပြေလို့၊ကိုယ့်အချစ်ရေးကိုယ် စိတ်မချဖြစ်နေလို့ တင်တာများတယ်လို့ Northwestern တက္ကသိုလ်က ပညာရှင်တွေလေ့လာချက်အရသိရပါတယ်။ဒါကြောင့်လက်တွေ့ဘဝမှာ ပျော်ရွှင်မှုအစစ်အမှန်ရရှိနေကြတဲ့စုံတွဲတွေက ဆိုရှယ်မီဒီယာမှာပိုစ့်တင်တာ ရှားပါးခြင်းပဲဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.