ယူတို့ရဲ့ ဦးလေးကြီးနဲ့ မင်းသမီး Jung Yu Mi တို့ကို နှစ်ယောက်တွဲမြင်ရဦးမယ်ဆိုရင်ရော…
Unicode
ကဲ ယူတို့ရဲ့ Gong Yoo ကို မင်းသမီးချော Jung Yu Mi နဲ့ တွဲဖက်မြင်တွေ့ရပြန်ပါဦးမယ်။
အောက်တိုဘာ ၁ရရက်နေ့က သူတို့နှစ်ယောက်ဟာ “Kim Ji Young, Born in ’82” ဆိုတဲ့ဇာတ်လမ်းတွဲမှာ တွဲဖက်သရုပ်ဆောင်ဖို့ရှိတယ်လို့ soompi မီဒီယာကနေဖော်ပြလာခဲ့ပါတယ်။နာမည်ကျော်ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး အခုလက်ရှိမှာတော့“Kim Ji Young, Born in ’82” လို့ယာယီနာမည်ပေးထားပါတယ်။
ဒီဇာတ်လမ်းတွဲမှာ Jung Yu Mi ဟာ Kim Ji Young ဆိုတဲ့အသက် ၃ဝအရွယ်သာမန်အမျိုးသမီးတစ်ယောက်အနေနဲ့သရုပ်ဆောင်မှာဖြစ်ပြီး Gong Yoo က သူမရဲ့အမျိုးသား Jung Dae Hyun အဖြစ်သရုပ်ဆောင်မှာပါ။ဇာတ်လမ်းအကျဉ်းလေးက အသက် ၃ဝအရွယ်မှာ အမေနဲ့အစ်မဖြစ်ခဲ့သလို အရာရာမှာခွဲခြားသိမြင်နိုင်စွမ်းမရှိတော့တဲ့ဝေဒနာဆန်းတစ်ခု ကြုံတွေ့လိုက်ရတဲ့ အမျိုးသမီးတစ်ယောက် သူမရဲ့ကြောက်စိတ်၊စိုးရိမ်ပူပန်မှုတွေကိုဘယ်လိုရင်ဆိုင်သွားလဲဆိုတဲ့အကြောင်းရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။
Gong Yoo နဲ့ Jung Yu Mi ဟာ ဒီဇာတ်လမ်းတွဲနဲ့ဆို သုံးကြိမ်မြောက်တွဲဖက်ရိုက်ကူးဖြစ်တာပဲဖြစ်ပါတယ်။“Silenced” ၊ “Train to Busan” ဇာတ်ကားနှစ်ကားကိုအတူတွဲဖက်ရိုက်ကူးခဲ့တာဖြစ်ပြီးအခုကတော့ သုံးကြိမ်မြောက်ပါပဲ။ “Kim Ji Young, Born in ’82″ဇာတ်လမ်းတွဲရဲ ့ဒါရိုက်တာကတော့ Kim Do Young ဖြစ်ပြီး ၂၀၁၉ အစပိုင်းလောက်မှာ ပြသနိုင်ဖို့စီစဉ်ထားပါတယ်။ကိုယ်တွေ Gong Yoo ကိုဇာတ်လမ်းတွဲအသစ်နဲ့မကြာခင်မြင်တွေ့ရမှာဆိုတော့ ပျော်နေပါပြီ။Trend ပရိသတ်ကြီးထဲမှာရော Gong Yoo Fan တွေရှိလားဗျို့ <3
272 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.