ဗိုက်တစ်နေရာလေးထဲကွက်ပူလို့စိတ်ညစ်နေတဲ့ပျိုမေတို့အဖို့
(၄) ဗိုက်မှောက်အိပ်ပါ
Unicode
မိန်းကလေးတွေရဲ့အမုန်းတက အမုန်းဆုံးအရာတွေထဲမှာ ဗိုက်ပူတာကလည်းတစ်ခုအပါဝင်ပါပဲ။ တစ်ချို့တွေများဆို ကျန်တာနေရာတွေမဝပဲ ဗိုက်ကလေးပဲ ကွက်ပူနေလို့ စိတ်ညစ်နေတတ်တဲ့ ပျိုမေမမတွေလည်း ရှိပါတယ်။ ဒီလိုစိတ်ညစ်စရာ ဗိုက်တစ်လုံးကိစ္စကို ဘယ်လိုနည်းလမ်းလေးတွေနဲ့ ချလို့ရနိုင်မလဲဆိုတာ…
(၁) သံပုရာသီးရယ်ဆေးပူရယ်ရောလိမ်းတဲ့နည်းသုံးပါ
သံပုရာသီးကို အရည်ညစ်ပြီး လိမ်းဆေးအပူတစ်ခုနဲ့ရောပါ(ဥပမာ-မိဂသီလိုဆေးမျိုး) ရောပြီးသားအနှစ်ကိုပူနေတဲ့ဗိုက်တစ်လျှောက်စိမ့်ဝင်ပြီး နေရာနှံ့အောင်လိမ်းပါ။ ဒီနည်းကသင့်ရဲ့ ဝမ်းဗိုက်ကို သိသိသာသာချက်စေနိုင်ပါတယ်။
(၂) ချဉ်စော်ကားသီးဖျော်သောက်ပါ
ချဉ်စော်ကားသီးကိုရေဆေးပြီး ရေနွေးပူပူထဲစိမ်ပါ (ဂျင်းအနည်းငယ်ပါထည့်ပါ အစာအိမ်မထိအောင်ဂျင်းကလိုအပ်ပါတယ်) ဒီချဉ်စော်ကားသီးအရည်ပူပူလေးကို မနက်စာမစားခင်တစ်နေ့တစ်ခွက်ပုံမှန်သောက်ပေးခြင်းကလည်းဗိုက်ပူတာကိုလျော့ချပေးနိုင်ပါတယ်။
(၃) အိပ်ထမတင်အားကစားလုပ်ပါ
အိမ်ထမတင်အားကစားကတော့လူတိုင်းသိတဲ့အားကစားပါပဲ။ ဒီကစားနည်းကိုနေ့စဉ်မှန်မှန် လုပ်ပေးခြင်းက ဗိုက်ပူတာကိုတော်တော်လေးသိသိသာသာလျော့ချပေးနိုင်ပါတယ်။
(၄) ဗိုက်မှောက်အိပ်ပါ
ဗိုက်မှောက်အိပ်ပါ။ ညအိပ်ရင်ဗိုက်မှောက်အိပ်ပေးခြင်းက ဗိုက်တစ်လုံးကွက်ပူနေတာကိုချပေးနိုင်ပါတယ်။
(၅) ခြေထောက်ကို အပေါ်သို့ထောင်အိပ်ပါ
ခြေထောက်ကိုအပေါ်ဘက်ကိုထောင်တာမျိုး တစ်နေ့၁၅မိနစ်လောက် လုပ်ပေးပါ။ တစ်လလောက်နေရင် အောက်ဗိုက်ပူတာလေးသက်သက်သာသာလေးလျော့နည်းသွားတာကိုတွေ့ရမှာပါ။
ဒီနည်းလမ်းလေးတွေကသင့်ရဲ့ပူနေတဲ့ဗိုက်တစ်လုံးကိုရက်အနည်းငယ်အတွင်းသိသိသာသာ ကျသွားစေ နိုင်ပါတယ်…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.