အေရျပားယားယံမႈ (Allergic) ေတြဟာ ဒီလုိအရာေတြေၾကာင့္လည္းျဖစ္တတ္တယ္

ခႏၶာကိုယ္ယားယံမႈ Allergic ေတြဟာအစားမွားတာေၾကာင့္ျဖစ္နုိင္သလုိ အစားလည္းမမွားပဲ ယားယံတာမ်ိဳးေတြလည္းျဖစ္တတ္ၾကပါတယ္။တစ္ခ်ိဳ႔ကအစားမွားရင္သာ allergic ျဖစ္တတ္တယ္ထင္ထားၾကတာပါ။တကယ္ေတာ့ ကုိယ္ေန႔စဥ္ထိေတြ႔ေနတဲ႔ပစၥည္းေတြေၾကာင့္လည္း Allergic ျဖစ္ႏုိင္တာေမ့ထားလို႔မရပါဘူး။ဘယ္လုိပစၥည္းေတြေၾကာင့္ယားယံမႈအဖုအပိန္႔ေတြျဖစ္တတ္လဲ?

*လက္၀တ္ရတနာပစၥည္း

တန္ဖုိးသင့္တဲ႔ေငြေရာင္လက္၀တ္ရတနာပစၥည္းေတြဟာ မ်ားေသာအားျဖင့္နီကယ္နဲ႔လုပ္ထားၾကတာမ်ားပါတယ္။အမ်ိဳးသမီး ၁၇ရာခုိင္ႏႈန္းနဲ႔ အမ်ိဳးသား ၃ရာခိုင္ႏႈန္းဟာ နီကယ္နဲ႔ဓာတ္မတည့္ၾကပါဘူး။ဒါေၾကာင့္ လက္စြပ္၊ဆြဲၾကိဳး၀တ္ဆင္ထားတဲ႔အခါယားယံမႈေတြျဖစ္လာတတ္တာပါ။

*ဖုန္းနဲ႔ Tablet
တစ္ခ်ိဳ႔လူေတြကေတာ့ သတၱဳပစၥည္းေတြနဲ႔ဓာတ္မတည့္တဲ႔ allergic ရွိတတ္ၾကပါတယ္။ဖုန္းသံုးေနရင္း မ်က္ႏွာေလးယားလုိ႔၊လက္ေလးယားလို႔ကုတ္လုိက္တယ္။အဲ႔ဒီအခါဓာတ္မတည့္တ႔ဲအတြက္ အေရျပားယားယံမႈေတြပုိျပီးျဖစ္လာတတ္ၾကပါတယ္။အထူးသျဖင့္ဖုန္းသံုးေနရင္း မ်က္လံုးကုိပြတ္တာမ်ိဳးက မလုပ္သင့္ပါဘူးလို႔သက္ဆုိင္ရာဆရာ၀န္ေတြကသတိေပးအၾကံျပဳထားပါတယ္။

*ေဘာင္းဘီၾကယ္သီး
ေဘာင္းဘီမွာပါတဲ႔ၾကယ္သီးေတြဟာလည္းနီကယ္နဲ႔လုပ္ထားတာျဖစ္လုိ႔ ဒီသတၱဳဓာတ္ဟာ လက္ကုိတုိက္ရုိက္ထိမယ္။ျပီးရင္အဲ႔ဒီလက္နဲ႔ တစ္ျခားအေရျပားေတြကုိထိေတြ႔မိတဲ႔အခါ နီျမန္းယားယံမႈေတြျဖစ္လာတတ္ပါတယ္။အဲ႔ဒါေၾကာင့္တစ္ခိ်ဳ႔ေတြ ၾကယ္သီးေနရာက ယားယံသလိုျဖစ္ေနၾကတာပါ။ဒီလုိ သတၱဳပါတဲ႔ပစၥည္းေတြထိေတြ႔မယ္ဆုိရင္ ၾကားခံတစ္ခုခုရွိတာပုိေကာင္းပါတယ္။အသားနဲ႔မထိေအာင္ရွပ္အက်ီအထဲထည့္၀တ္တာမ်ိဳးေပါ့။

*သုိးေမႊး
သုိးေမႊးစေတြက ယားယံတတ္တာအားလံုးသိျပီးသားပါ။ဒါေပမဲ႔ ဒီသိုးေမႊးစေတြေၾကာင့္ Allergic ျဖစ္ၾကတာရွားပါတယ္။တစ္ခ်ိဳ႔ lanolin နဲ႔ဓာတ္မတည့္တဲ႔သူေတြဟာေတာ့ သုိုးေမႊးေစာင္၊သုိးေမႊးအက်ီေတြနဲ႔ထိေတ႔ြမိတဲ႔အခါယားယံမႈေတြ၊အဖုအပိန္႔ေတြျဖစ္လာတတ္ပါတယ္။Lanolin ဟာ
တစ္ခ်ိ႔ဳ အလွကုန္ပစၥည္းေတြ၊ေခါင္းေလ်ွာ္ရည္ေတြ၊ႏႈတ္ခမ္းဆုိးေဆးေတြမွာလည္းသံုးၾကလို႔ ေသခ်ာသတိထား၀ယ္ယူသင့္ပါတယ္။

*အသီးအႏွံေတြနဲ႔အေစ့အဆန္ေတြ
တစ္ခ်ိဳ႔သူေတြကေတာ့ ပန္းသီး၊ငွက္ေပ်ာသီး၊ဖရဲသီး၊ခရမ္းခ်ဥ္သီး၊မုန္လာဥ၊ၾကက္သြန္နီ၊အာလူး၊ေျမပဲအေစ့အဆန္စတဲ႔ သဘာ၀ထြက္ပစၥည္းေတြနဲ႔ ဓာတ္မတည့္တတ္ပါဘူး။အစားအစာထဲမွာဓာတုေဆး၀ါးပါတာေၾကာင့္ ယားယံမႈျဖစ္တာထက္ တစ္ခ်ဳ႔ိက ဒီလုိအသီးအႏွံေတြေသခ်ာမေဆးေၾကာပဲ
စားလုိက္တဲ႔အခါ ျဖစ္တတ္တာမ်ားပါတယ္။

*စာအုပ္
မဖတ္တာၾကာျပီျဖစ္တဲ႔စာအုပ္ေဟာင္းေတြမွာ ဘတ္တီးရီးယားေတြရွိေနတဲ႔အမႈန္အမႊားေတြအမ်ားၾကီးကပ္ျငိေနတတ္ပါတယ္။ဒီအရာေတြရႈရိႈက္မိတဲ႔အခါ၊ထိေတြ႔မိတဲ႔အခါ၊အမႈန္ေတြထိထား တဲ႔လက္နဲ႔ အေရျပားကုိကုိင္တြယ္မိတဲ႔အခါ ယားယံမႈေတြျဖစ္တတ္ပါတယ္။ဒါေၾကာင့္ မဖတ္တာ၊မကုိင္တာၾကာျပီျဖစ္တဲ႔စာအုပ္ပံုကုိရွင္းမယ္ဆုိရင္လက္အိတ္တုိ႔၊mask တုိ႔တပ္ဆင္ျပီးရွင္းလင္းသင့္ပါတယ္။

*သားေရ
လူအမ်ားစုကေတာ ့သားေရနဲ႔ဓာတ္တည့္ၾကပါတယ္။လူတစ္ခ်ိဳ႔ကေတာ့ သားေရနဲ႔ဓာတ္္မတည့္ပဲ သားေရဖိနပ္၊သားေရအိတ္အသံုးျပဳတဲ႔အခါ ယားယံမႈေတြ၊အေရျပားနီျမန္းမႈေတြျဖစ္လာတတ္ၾကတာပါ။ကုိယ္ကအျမဲလုိလိုသားေရနဲ႔ထိေတြ႔လုိက္တုိင္းနီျမန္းယားယံမႈေတြျဖစ္ေနမယ္ဆုိရင္
တစ္ျခားပစၥည္းတစ္မ်ိဳးမ်ိဳးေျပာင္းလဲသံုးစြဲေပးသင့္ပါတယ္။

*ေနေရာင္ျခည္
ေနေရာင္ျခည္နဲ႔ဓာတ္မတည့္တဲ႔လူဆုိတာ ရွားရွားပါးပါးပါပဲ။ေနေရာင္ျခည္နဲ႔ဓာတ္မတည့္မွန္း ဘယ္လုိသိႏုိင္လဲဆုိရင္ ေနပူထဲခဏေလးသြားလိုက္ရံုနဲ႔ အေရျပားနီျမန္းလာမယ္။ေရာင္ရမ္းလာမယ္။ယားလာမယ္။အဖုအပိန္႔ေလးေတြျဖစ္လာမယ္ဆုိရင္ ဒါက ေနနဲ႔ဓာတ္မတည့္တာပါပဲ။တစ္ခ်ိဳ႔ကေတာ့ျမန္ျမန္ေပ်ာက္သြားေလ့ရွိေပမဲ႔ တစ္ခ်ိဳ႔ကေတာ့ သတိမထားရင္မထားသလိုေဆးကုသမႈခံယူျပီးမွေပ်ာက္ကင္းသြားတတ္ပါတယ္။ေနပူထဲသြားတဲ႔အခါ အမိုးအကာတစ္ခုခုယူသြားဖုိ႔သတိျပဳသင့္ပါတယ္။

ဒီပစၥည္းေတြေၾကာင့္လည္း ယားယံမႈေတြျဖစ္တတ္တယ္ဆုိတာ က်န္းမာေရးဗဟုသုတအေနနဲ႔ျပန္ျပီးမ်ွေ၀ေပးလိုက္ျခင္းျဖစ္ပါတယ္။

Unicode

ခန္ဓာကိုယ်ယားယံမှု Allergic တွေဟာအစားမှားတာကြောင့်ဖြစ်နိုင်သလို အစားလည်းမမှားပဲ ယားယံတာမျိုးတွေလည်းဖြစ်တတ်ကြပါတယ်။တစ်ချို့ကအစားမှားရင်သာ allergic ဖြစ်တတ်တယ်ထင်ထားကြတာပါ။တကယ်တော့ ကိုယ်နေ့စဉ်ထိတွေ့နေတဲ့ပစ္စည်းတွေကြောင့်လည်း Allergic ဖြစ်နိုင်တာမေ့ထားလို့မရပါဘူး။ဘယ်လိုပစ္စည်းတွေကြောင့်ယားယံမှုအဖုအပိန့်တွေဖြစ်တတ်လဲ?

*လက်ဝတ်ရတနာပစ္စည်း

တန်ဖိုးသင့်တဲ့ငွေရောင်လက်ဝတ်ရတနာပစ္စည်းတွေဟာ များသောအားဖြင့်နီကယ်နဲ့လုပ်ထားကြတာများပါတယ်။အမျိုးသမီး ၁ရရာခိုင်နှုန်းနဲ့ အမျိုးသား ၃ရာခိုင်နှုန်းဟာ နီကယ်နဲ့ဓာတ်မတည့်ကြပါဘူး။ဒါကြောင့် လက်စွပ်၊ဆွဲကြိုးဝတ်ဆင်ထားတဲ့အခါယားယံမှုတွေဖြစ်လာတတ်တာပါ။

*ဖုန်းနဲ့ Tablet
တစ်ချို့လူတွေကတော့ သတ္တုပစ္စည်းတွေနဲ့ဓာတ်မတည့်တဲ့ allergic ရှိတတ်ကြပါတယ်။ဖုန်းသုံးနေရင်း မျက်နှာလေးယားလို့၊လက်လေးယားလို့ကုတ်လိုက်တယ်။အဲ့ဒီအခါဓာတ်မတည့်တဲ့အတွက် အရေပြားယားယံမှုတွေပိုပြီးဖြစ်လာတတ်ကြပါတယ်။အထူးသဖြင့်ဖုန်းသုံးနေရင်း မျက်လုံးကိုပွတ်တာမျိုးက မလုပ်သင့်ပါဘူးလို့သက်ဆိုင်ရာဆရာဝန်တွေကသတိပေးအကြံပြုထားပါတယ်။

*ဘောင်းဘီကြယ်သီး
ဘောင်းဘီမှာပါတဲ့ကြယ်သီးတွေဟာလည်းနီကယ်နဲ့လုပ်ထားတာဖြစ်လို့ ဒီသတ္တုဓာတ်ဟာ လက်ကိုတိုက်ရိုက်ထိမယ်။ပြီးရင်အဲ့ဒီလက်နဲ့ တစ်ခြားအရေပြားတွေကိုထိတွေ့မိတဲ့အခါ နီမြန်းယားယံမှုတွေဖြစ်လာတတ်ပါတယ်။အဲ့ဒါကြောင့်တစ်ချို့တွေ ကြယ်သီးနေရာက ယားယံသလိုဖြစ်နေကြတာပါ။ဒီလို သတ္တုပါတဲ့ပစ္စည်းတွေထိတွေ့မယ်ဆိုရင် ကြားခံတစ်ခုခုရှိတာပိုကောင်းပါတယ်။အသားနဲ့မထိအောင်ရှပ်အကျီအထဲထည့်ဝတ်တာမျိုးပေါ့။

*သိုးမွှေး
သိုးမွှေးစတွေက ယားယံတတ်တာအားလုံးသိပြီးသားပါ။ဒါပေမဲ့ ဒီသိုးမွှေးစတွေကြောင့် Allergic ဖြစ်ကြတာရှားပါတယ်။တစ်ချို့ lanolin နဲ့ဓာတ်မတည့်တဲ့သူတွေဟာတော့ သိုုးမွှေးစောင်၊သိုးမွှေးအကျီတွေနဲ့ထိတွေ့မိတဲ့အခါယားယံမှုတွေ၊အဖုအပိန့်တွေဖြစ်လာတတ်ပါတယ်။Lanolin ဟာ
တစ်ချိ့ု အလှကုန်ပစ္စည်းတွေ၊ခေါင်းလျှော်ရည်တွေ၊နှုတ်ခမ်းဆိုးဆေးတွေမှာလည်းသုံးကြလို့ သေချာသတိထားဝယ်ယူသင့်ပါတယ်။

*အသီးအနှံတွေနဲ့အစေ့အဆန်တွေ
တစ်ချို့သူတွေကတော့ ပန်းသီး၊ငှက်ပျောသီး၊ဖရဲသီး၊ခရမ်းချဉ်သီး၊မုန်လာဥ၊ကြက်သွန်နီ၊အာလူး၊မြေပဲအစေ့အဆန်စတဲ့ သဘာဝထွက်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တတ်ပါဘူး။အစားအစာထဲမှာဓာတုဆေးဝါးပါတာကြောင့် ယားယံမှုဖြစ်တာထက် တစ်ချို့က ဒီလိုအသီးအနှံတွေသေချာမဆေးကြောပဲ
စားလိုက်တဲ့အခါ ဖြစ်တတ်တာများပါတယ်။

*စာအုပ်
မဖတ်တာကြာပြီဖြစ်တဲ့စာအုပ်ဟောင်းတွေမှာ ဘတ်တီးရီးယားတွေရှိနေတဲ့အမှုန်အမွှားတွေအများကြီးကပ်ငြိနေတတ်ပါတယ်။ဒီအရာတွေရှုရှိုက်မိတဲ့အခါ၊ထိတွေ့မိတဲ့အခါ၊အမှုန်တွေထိထား တဲ့လက်နဲ့ အရေပြားကိုကိုင်တွယ်မိတဲ့အခါ ယားယံမှုတွေဖြစ်တတ်ပါတယ်။ဒါကြောင့် မဖတ်တာ၊မကိုင်တာကြာပြီဖြစ်တဲ့စာအုပ်ပုံကိုရှင်းမယ်ဆိုရင်လက်အိတ်တို့၊mask တို့တပ်ဆင်ပြီးရှင်းလင်းသင့်ပါတယ်။

*သားရေ
လူအများစုကတော ့သားရေနဲ့ဓာတ်တည့်ကြပါတယ်။လူတစ်ချို့ကတော့ သားရေနဲ့ဓာတ််မတည့်ပဲ သားရေဖိနပ်၊သားရေအိတ်အသုံးပြုတဲ့အခါ ယားယံမှုတွေ၊အရေပြားနီမြန်းမှုတွေဖြစ်လာတတ်ကြတာပါ။ကိုယ်ကအမြဲလိုလိုသားရေနဲ့ထိတွေ့လိုက်တိုင်းနီမြန်းယားယံမှုတွေဖြစ်နေမယ်ဆိုရင်
တစ်ခြားပစ္စည်းတစ်မျိုးမျိုးပြောင်းလဲသုံးစွဲပေးသင့်ပါတယ်။

*နေရောင်ခြည်
နေရောင်ခြည်နဲ့ဓာတ်မတည့်တဲ့လူဆိုတာ ရှားရှားပါးပါးပါပဲ။နေရောင်ခြည်နဲ့ဓာတ်မတည့်မှန်း ဘယ်လိုသိနိုင်လဲဆိုရင် နေပူထဲခဏလေးသွားလိုက်ရုံနဲ့ အရေပြားနီမြန်းလာမယ်။ရောင်ရမ်းလာမယ်။ယားလာမယ်။အဖုအပိန့်လေးတွေဖြစ်လာမယ်ဆိုရင် ဒါက နေနဲ့ဓာတ်မတည့်တာပါပဲ။တစ်ချို့ကတော့မြန်မြန်ပျောက်သွားလေ့ရှိပေမဲ့ တစ်ချို့ကတော့ သတိမထားရင်မထားသလိုဆေးကုသမှုခံယူပြီးမှပျောက်ကင်းသွားတတ်ပါတယ်။နေပူထဲသွားတဲ့အခါ အမိုးအကာတစ်ခုခုယူသွားဖို့သတိပြုသင့်ပါတယ်။

ဒီပစ္စည်းတွေကြောင့်လည်း ယားယံမှုတွေဖြစ်တတ်တယ်ဆိုတာ ကျန်းမာရေးဗဟုသုတအနေနဲ့ပြန်ပြီးမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.