ဒီလုိမိန္းကေလးမ်ိဳးကုိ ဘယ္ေယာက်္ားေလးကမွလက္မလႊတ္ႏုိင္ပါဘူးတဲ႔…

အခ်ိန္အေတာ္ၾကာလက္တြဲလာၾကတဲ့ခ်စ္သူစံုတြဲေတြကုိေလ့လာဆန္းစစ္ၾကည့္တဲ႔အခါမွာ သိပၸံပညာရွင္ေတြက ဒီအရည္အေသြးေတြပုိင္ဆုိင္ထားတဲ႔မိန္းကေလးေတြကုိ သူတုိ႔ရဲ႔ခ်စ္သူေတြက လံုး၀လက္မလႊတ္ဘူးဆုိတာ ေတြ႔ရွိခ႔ဲရပါတယ္။ဒါေၾကာင့္ မင္းရဲ႔ ေဘးမွာဒီလုိအရည္အေသြးေတြျပည့္စံုေနတဲ႔မိန္းကေလးရွိေနျပီဆုိ လက္လႊတ္မခံဖုိ႔အၾကံေပးထားပါေသးတယ္။ဘယ္လိုအရည္အေသြးမ်ိဳးလဲ?

*မင္းထက္ ဥာဏ္ေကာင္းတယ္
ကုိယ္မေျပာပဲ ကုိယ္ဘာျဖစ္ေနလဲဆုိတာသိတဲ႔မိန္းကေလးမ်ိဳး၊ကုိယ့္မ်က္ႏွာၾကည့္ရံုနဲ႔ ဘာလိုခ်င္လဲတန္းသိတဲ႔မိန္းကေလးမ်ိဳး၊ဘယ္အရာမဆုိကုိယ့္ထက္အေတြးအေခၚေကာင္းတဲ႔မိန္းကေလးမ်ိဳးရွိေနျပီလား?

*အေကာင္းျမင္စိတ္ရွိတယ္
မင္းခ်စ္သူက ေရခြက္ထဲမွာ ေရတစ္၀က္ၾကီးေတာင္က်န္ေသးတယ္ဆုိတဲ႔အျမင္နဲ႔ေလာကပတ္၀န္းက်င္ကုိၾကည့္တတ္သူလား?အေကာင္းျမင္တဲ႔စိတ္ရွိသူဟာဘယ္ေနရာမဆုိ အေကာင္းအဆုိးခ်င့္ခ်ိန္တတ္လို႔ စိတ္ခ်မ္းသာရမယ့္အခ်စ္ေရးတစ္ခုျဖစ္မွာပါပဲ။အရာရာကုိအဆုိးျမင္တတ္တဲ႔သူဟာ တစ္ျခားသူေတြစိတ္ကုိပါညစ္ႏြမ္းေစလုိ႔ အခ်စ္ေရးကသာယာေပ်ာ္ရႊင္စရာမရွိပါဘူး။ဒီလုိအေကာင္းျမင္စိတ္ကုိ မင္းခ်စ္သူက ပုိင္ဆုိင္ထားရင္ မင္းကံေကာင္းတာပါပဲ။

*မရွိအတူ ရွိအတူ ခံစားမ်ွေ၀တတ္တယ္
တစ္ခ်ိဳ႔မိန္းကေလးေတြက ခ်မ္းသာမွအဆင္ေျပမွတြဲခ်င္ၾကသူေတြပါ။ဒါေပမဲ႔ မင္းခ်စ္သူကေတာ့ မင္းအဆင္မေျပတဲ႔အခ်ိန္မွာလည္းေဘးမွာရွိေပးတယ္။ႏွစ္သိမ့္ေပးတယ္။အဆင္ေျပေတာ့လည္းမင္းနဲ႔အတူ ေ၀မ်ွခံစားတယ္ဆုိရင္ ဘ၀တစ္ေလ်ွာက္လံုးမွာ ေငြေၾကးကိစၥနဲ႔ပတ္သက္လို႔စကားမ်ားဖုိ႔ဆုိတာ ရွာမွရွားပါပဲ။

*ႏွလံုးသားေႏြးေထြးတယ္
ရုပ္ပုိင္းဆုိင္ရာျပီးျပည့္စံုေနတာထက္ ႏွလံုးသားႏူးည႔ံေႏြးေထြးတဲ႔သူေတြက ပုိျပီးလွပတယ္။ပုိျပီးခန္႔ညားပါတယ္။ဒီလုိလွပမႈမ်ိဳး ပုိင္ဆုိင္ထားတဲ႔သူလည္းရွားပါတယ္။ဒီလုိမိန္းကေလးမ်ိဳးကုိေတြ႔ရင္လက္လႊတ္မခံပါနဲ႔။

*မင္းရဲ႔ပန္းတုိင္ကုိေရာက္ဖု႔ိအားေပးသလို ကုိယ့္ပန္းတုိင္ကုိလည္းတစုိက္မတ္မတ္သြားတယ္
ထက္ျမက္တဲ႔မိန္းကေလးတစ္ေယာက္ဟာ မင္းေဘးမွာအားေပးႏွစ္သိမ့္ျပီးအားျဖစ္ေပးႏုိင္သလို မင္းအေပၚလည္းမမွီခိုပဲ သူ႔ရည္မွန္းခ်က္ကုိျပီးေျမာက္ေအာင္ေဆာင္ရြက္ႏုိင္ပါတယ္။သူ႔အတြက္စိတ္ပူေပးစရာလည္းမလို အကဲျဖတ္ေပးဖုိ႔လည္းမလိုေလာက္ေအာင္အရည္အခ်င္းျပည့္စံုပါတယ္။
ဒီလုိမိန္းကေလးမ်ိဳးကုိပုိင္ဆုိင္ထားရရင္ေတာ့ ခ်ဳပ္ခ်ယ္မႈေတြမရွိသလုိ ကုိယ့္အနာဂတ္ကုိယ္ အေကာင္းဆံုးပံုေဖာ္ႏုိင္မွာအမွန္ပါပဲ။ေအာင္ျမင္ေနတဲ႔ေယာက်ာ္းတစ္ေယာက္ေနာက္မွာ ထက္ျမက္တဲ႔မိန္းမတစ္ေယာက္ရွိေနတယ္ဆုိတဲ႔စကားက အပုိမဟုတ္ပါဘူး။

*မိဘေတြနဲ႔လည္းဆက္ဆံေရးေကာင္းတယ္
ေနာက္အႏွစ္ ၃၀အၾကာမွာမင္းရဲ႔လက္တြဲေဖာ္ဘယ္လုိပံုစံျဖစ္ေနမလဲသိခ်င္ရင္သူမ မိဘေတြကုိၾကည့္ပါ။ေနာက္ထပ္ အႏွစ္ ၃၀အတြင္း မင္းအေပၚသူဘယ္လိုဆက္ဆံမလဲသိခ်င္ရင္ မိဘေတြအေပၚ သူမဘယ္လိုဆက္ဆံလဲၾကည့္ပါဆုိတဲ႔စကားေတာင္ရွိပါေသးတယ္။မိဘနဲ႔ဆက္ဆံေရးေႏြးေထြးေျပလည္မႈ၊မေျပလည္မႈဟာ ကုိယ့္ရဲ ႔အိမ္ေထာင္ေရးနဲ႔လည္းသက္ဆုိင္ေနပါေသးတယ္။

*ရန္ျဖစ္ျပီးတုိင္း အဲ႔ဒီရန္ျဖစ္မႈကုိ မရွိခဲ႔သေယာင္ျဖစ္ေစတယ္
စံုတြဲ အတြဲ ၈၀ကုိ ၁၃ႏွစ္ၾကာေလ့လာခ်က္အရ ရန္ျဖစ္တဲ႔အခါတုိင္း မိန္းကေလးေတြဟာ သူတုိ႔ကိုယ္သူတုိ႔အျမဲတည္ျငိမ္ေအာင္ေျပာင္းလဲႏုိင္စြမ္းရွိသလုိ သူတုိ႔ရဲ႔ခ်စ္သူကိုလည္းတည္ျငိမ္ေအာင္ေဖ်ာင္းဖ်ေျပာဆုိႏုိင္စြမ္းရွိတယ္။ဒီရန္ျဖစ္မႈကုိမရွိခဲ႔သေယာင္ ခံစားခ်က္ကုိအေျပာင္းအလဲလုပ္ေပးႏုိင္စြမ္းရွိတယ္။အဲ႔ဒီလုိမိန္းကေလးကုိပုိင္ဆုိင္ထားတဲ႔အခ်စ္ေရးက ေရရွည္ခိုင္ျမဲသြားေၾကာင္းေတြ႔ခဲ႔ရပါတယ္။

*အျငိဳးအေတးနာက်ည္းခ်က္မထားတတ္ဘူး
လူတုိင္းက ျပည့္စံုေနတာမဟုတ္ဘူး။အမွားလုပ္မိတတ္တာပဲဆုိတဲ႔စိတ္မ်ိဳးနဲ႔သူတုိ႔အေပၚ အမွားလုပ္မိတဲ႔သူေတြကုိလညး္ ခြင့္လႊတ္ေပးႏုိင္တဲ႔မိန္းကေလးမ်ိဳးရွိေနျပီလား၊ေတြ႔ေနျပီလား? ဒီလုိအျငိဳးအေတးမထားပဲ ခြင့္လႊတ္နားလည္ေပးလုိက္တဲ႔သူေတြဟာ အသက္ရွည္ရွည္ေနရေၾကာင္းလည္းေလ့လာေတြ႔ရွိထားပါေသးတယ္။ကုိယ္ကုိယ္တုိင္ေတာင္မျပည့္စံုတာ၊တစ္ျခားသူေတြလည္း ဘယ္အမွားကင္းပါ့မလဲဆုိတဲ့စိတ္မ်ိဳးနဲ႔ကုိယ္ခ်င္းစာေပးထားတာေၾကာင့္သူတုိ႔အေပၚ အႏုိင္မယူမိဖုိ႔ေတာ့လိုပါတယ္။မဟုတ္ရင္ ေနာင္တရေနပါလိမ့္မယ္။

ဒီထဲက အခ်က္အားလံုးျဖစ္ေစ၊အခ်က္အနည္းငယ္ျဖစ္ေစ ပုိင္ဆုိင္ထားတဲ႔မိန္းကေလးေတြကုိေတြ႔တဲ႔အခါ သူတုိ႔အေပၚေကာင္းေကာင္းဆက္ဆံပါ။ဘယ္ေတာ့မွသူမကုိလက္မလႊတ္ပါနဲ႔။သူမရွိေနတဲ႔အတြက္ မင္းဘ၀က ပုိျပီးျပည့္စံုလာပါလိမ့္မယ္။

Unicode

အချိန်အတော်ကြာလက်တွဲလာကြတဲ့ချစ်သူစုံတွဲတွေကိုလေ့လာဆန်းစစ်ကြည့်တဲ့အခါမှာ သိပ္ပံပညာရှင်တွေက ဒီအရည်အသွေးတွေပိုင်ဆိုင်ထားတဲ့မိန်းကလေးတွေကို သူတို့ရဲ့ချစ်သူတွေက လုံးဝလက်မလွှတ်ဘူးဆိုတာ တွေ့ရှိခဲ့ရပါတယ်။ဒါကြောင့် မင်းရဲ့ ဘေးမှာဒီလိုအရည်အသွေးတွေပြည့်စုံနေတဲ့မိန်းကလေးရှိနေပြီဆို လက်လွှတ်မခံဖို့အကြံပေးထားပါသေးတယ်။ဘယ်လိုအရည်အသွေးမျိုးလဲ?

*မင်းထက် ဉာဏ်ကောင်းတယ်
ကိုယ်မပြောပဲ ကိုယ်ဘာဖြစ်နေလဲဆိုတာသိတဲ့မိန်းကလေးမျိုး၊ကိုယ့်မျက်နှာကြည့်ရုံနဲ့ ဘာလိုချင်လဲတန်းသိတဲ့မိန်းကလေးမျိုး၊ဘယ်အရာမဆိုကိုယ့်ထက်အတွေးအခေါ်ကောင်းတဲ့မိန်းကလေးမျိုးရှိနေပြီလား?

*အကောင်းမြင်စိတ်ရှိတယ်
မင်းချစ်သူက ရေခွက်ထဲမှာ ရေတစ်ဝက်ကြီးတောင်ကျန်သေးတယ်ဆိုတဲ့အမြင်နဲ့လောကပတ်ဝန်းကျင်ကိုကြည့်တတ်သူလား?အကောင်းမြင်တဲ့စိတ်ရှိသူဟာဘယ်နေရာမဆို အကောင်းအဆိုးချင့်ချိန်တတ်လို့ စိတ်ချမ်းသာရမယ့်အချစ်ရေးတစ်ခုဖြစ်မှာပါပဲ။အရာရာကိုအဆိုးမြင်တတ်တဲ့သူဟာ တစ်ခြားသူတွေစိတ်ကိုပါညစ်နွမ်းစေလို့ အချစ်ရေးကသာယာပျော်ရွှင်စရာမရှိပါဘူး။ဒီလိုအကောင်းမြင်စိတ်ကို မင်းချစ်သူက ပိုင်ဆိုင်ထားရင် မင်းကံကောင်းတာပါပဲ။

*မရှိအတူ ရှိအတူ ခံစားမျှဝေတတ်တယ်
တစ်ချို့မိန်းကလေးတွေက ချမ်းသာမှအဆင်ပြေမှတွဲချင်ကြသူတွေပါ။ဒါပေမဲ့ မင်းချစ်သူကတော့ မင်းအဆင်မပြေတဲ့အချိန်မှာလည်းဘေးမှာရှိပေးတယ်။နှစ်သိမ့်ပေးတယ်။အဆင်ပြေတော့လည်းမင်းနဲ့အတူ ဝေမျှခံစားတယ်ဆိုရင် ဘဝတစ်လျှောက်လုံးမှာ ငွေကြေးကိစ္စနဲ့ပတ်သက်လို့စကားများဖို့ဆိုတာ ရှာမှရှားပါပဲ။

*နှလုံးသားနွေးထွေးတယ်
ရုပ်ပိုင်းဆိုင်ရာပြီးပြည့်စုံနေတာထက် နှလုံးသားနူးည့ံနွေးထွေးတဲ့သူတွေက ပိုပြီးလှပတယ်။ပိုပြီးခန့်ညားပါတယ်။ဒီလိုလှပမှုမျိုး ပိုင်ဆိုင်ထားတဲ့သူလည်းရှားပါတယ်။ဒီလိုမိန်းကလေးမျိုးကိုတွေ့ရင်လက်လွှတ်မခံပါနဲ့။

*မင်းရဲ့ပန်းတိုင်ကိုရောက်ဖို့အားပေးသလို ကိုယ့်ပန်းတိုင်ကိုလည်းတစိုက်မတ်မတ်သွားတယ်
ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ဟာ မင်းဘေးမှာအားပေးနှစ်သိမ့်ပြီးအားဖြစ်ပေးနိုင်သလို မင်းအပေါ်လည်းမမှီခိုပဲ သူ့ရည်မှန်းချက်ကိုပြီးမြောက်အောင်ဆောင်ရွက်နိုင်ပါတယ်။သူ့အတွက်စိတ်ပူပေးစရာလည်းမလို အကဲဖြတ်ပေးဖို့လည်းမလိုလောက်အောင်အရည်အချင်းပြည့်စုံပါတယ်။
ဒီလိုမိန်းကလေးမျိုးကိုပိုင်ဆိုင်ထားရရင်တော့ ချုပ်ချယ်မှုတွေမရှိသလို ကိုယ့်အနာဂတ်ကိုယ် အကောင်းဆုံးပုံဖော်နိုင်မှာအမှန်ပါပဲ။အောင်မြင်နေတဲ့ယောကျာ်းတစ်ယောက်နောက်မှာ ထက်မြက်တဲ့မိန်းမတစ်ယောက်ရှိနေတယ်ဆိုတဲ့စကားက အပိုမဟုတ်ပါဘူး။

*မိဘတွေနဲ့လည်းဆက်ဆံရေးကောင်းတယ်
နောက်အနှစ် ၃ဝအကြာမှာမင်းရဲ့လက်တွဲဖော်ဘယ်လိုပုံစံဖြစ်နေမလဲသိချင်ရင်သူမ မိဘတွေကိုကြည့်ပါ။နောက်ထပ် အနှစ် ၃ဝအတွင်း မင်းအပေါ်သူဘယ်လိုဆက်ဆံမလဲသိချင်ရင် မိဘတွေအပေါ် သူမဘယ်လိုဆက်ဆံလဲကြည့်ပါဆိုတဲ့စကားတောင်ရှိပါသေးတယ်။မိဘနဲ့ဆက်ဆံရေးနွေးထွေးပြေလည်မှု၊မပြေလည်မှုဟာ ကိုယ့်ရဲ ့အိမ်ထောင်ရေးနဲ့လည်းသက်ဆိုင်နေပါသေးတယ်။

*ရန်ဖြစ်ပြီးတိုင်း အဲ့ဒီရန်ဖြစ်မှုကို မရှိခဲ့သယောင်ဖြစ်စေတယ်
စုံတွဲ အတွဲ ၈ဝကို ၁၃နှစ်ကြာလေ့လာချက်အရ ရန်ဖြစ်တဲ့အခါတိုင်း မိန်းကလေးတွေဟာ သူတို့ကိုယ်သူတို့အမြဲတည်ငြိမ်အောင်ပြောင်းလဲနိုင်စွမ်းရှိသလို သူတို့ရဲ့ချစ်သူကိုလည်းတည်ငြိမ်အောင်ဖျောင်းဖျပြောဆိုနိုင်စွမ်းရှိတယ်။ဒီရန်ဖြစ်မှုကိုမရှိခဲ့သယောင် ခံစားချက်ကိုအပြောင်းအလဲလုပ်ပေးနိုင်စွမ်းရှိတယ်။အဲ့ဒီလိုမိန်းကလေးကိုပိုင်ဆိုင်ထားတဲ့အချစ်ရေးက ရေရှည်ခိုင်မြဲသွားကြောင်းတွေ့ခဲ့ရပါတယ်။

*အငြိုးအတေးနာကျည်းချက်မထားတတ်ဘူး
လူတိုင်းက ပြည့်စုံနေတာမဟုတ်ဘူး။အမှားလုပ်မိတတ်တာပဲဆိုတဲ့စိတ်မျိုးနဲ့သူတို့အပေါ် အမှားလုပ်မိတဲ့သူတွေကိုလညး် ခွင့်လွှတ်ပေးနိုင်တဲ့မိန်းကလေးမျိုးရှိနေပြီလား၊တွေ့နေပြီလား? ဒီလိုအငြိုးအတေးမထားပဲ ခွင့်လွှတ်နားလည်ပေးလိုက်တဲ့သူတွေဟာ အသက်ရှည်ရှည်နေရကြောင်းလည်းလေ့လာတွေ့ရှိထားပါသေးတယ်။ကိုယ်ကိုယ်တိုင်တောင်မပြည့်စုံတာ၊တစ်ခြားသူတွေလည်း ဘယ်အမှားကင်းပါ့မလဲဆိုတဲ့စိတ်မျိုးနဲ့ကိုယ်ချင်းစာပေးထားတာကြောင့်သူတို့အပေါ် အနိုင်မယူမိဖို့တော့လိုပါတယ်။မဟုတ်ရင် နောင်တရနေပါလိမ့်မယ်။

ဒီထဲက အချက်အားလုံးဖြစ်စေ၊အချက်အနည်းငယ်ဖြစ်စေ ပိုင်ဆိုင်ထားတဲ့မိန်းကလေးတွေကိုတွေ့တဲ့အခါ သူတို့အပေါ်ကောင်းကောင်းဆက်ဆံပါ။ဘယ်တော့မှသူမကိုလက်မလွှတ်ပါနဲ့။သူမရှိနေတဲ့အတွက် မင်းဘဝက ပိုပြီးပြည့်စုံလာပါလိမ့်မယ်။

317 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.