ကုိယ္ခ်စ္ရတဲ႔သူဆီက စြန္႔ပစ္ခံရမွာေၾကာက္တဲ႔စိတ္မ်ိဳး၀င္ေနျပီလား?

တစ္ခ်ိဳ႔လူေတြရည္းစားႏွစ္ေယာက္တစ္ျပိဳင္တည္းထားၾကတာရွိတယ္။ဘာလို႔လဲဆုိေတာ့ဒီတစ္ေယာက္နဲ႔ျပတ္ရင္ အသည္းကြဲမေနေတာ့ဘူးေလ။ေနာက္တစ္ေယာက္ရွိေနတာကုိး။တကယ္ေတာ့ ဒါက တစ္ေယာက္ေယာက္က ကုိယ့္ကုိစြန္႔ပစ္ခဲ႔မွာ၊ထားပစ္ခဲ႔မွာေၾကာက္ေနတာပါပဲ။တစ္ခ်ိဳ႔ကေတာ့
ခ်စ္သူထားခဲ႔တာခံရလို႔ ေနာက္ထပ္ခ်စ္သူထားရင္လည္း ထားခဲ႔ခံရမွာေၾကာက္တဲ႔စိတ္နဲ႔ ခ်စ္သူအသစ္လည္းအခ်ိန္အေတာ္ၾကာမထားျဖစ္ေတာ့ပါဘူး။လြယ္လြယ္နဲ႔သံေယာဇဥ္မျဖစ္မိေအာင္လည္းေနၾကတယ္။မသိစိတ္ထဲမွာ ဒီတစ္ခါလည္းထားခဲ႔ခံရရင္ဆုိတဲ႔စိတ္ကလႊမ္းမုိးေနတတ္ပါတယ္။ဒီလို
ထားခဲ့ခံရမွာေၾကာက္ေနတဲ႔စိတ္မ်ိဳးဟာ ခ်စ္သူရွိေနရင္လည္းျဖစ္တတ္ပါတယ္။

စြန္႔ပစ္ခံရမွာေၾကာက္ေနတဲ႔လကၡဏာေတြကဘယ္လိုေတြလဲဆုိေတာ့…

*မၾကာခဏဆုိသလို သ၀န္ေတြတုိတတ္လာတယ္။အေၾကာင္းမရွိအေၾကာင္းရွာျပီးစိတ္မခ်ျဖစ္္တတ္လာတယ္
*သူ႔ဘက္ကေတာင္းဆုိသမ်ွကုိ လုိက္ေလ်ာတာမ်ားတယ္။ကုိယ့္ဘက္က သူေတာင္းဆုိသမ်ွလိုက္ေလ်ာရင္သူကိုယ့္ဆီမွာျမဲေနမယ္ထင္တယ္။
*သူကုိယ့္ကုိထားသြားေတာ့မယ္ဆုိတဲ႔အေတြးေတြ မၾကာခဏဆုိသလုိေတြးမိေနတတ္တယ္။
*ခ်စ္သူကုိယံုၾကည္ေပးဖုိ႔ခက္ခဲလာတယ္။သူကုိယ့္ကုိထားသြားေတာ့မွာပဲဆုိတဲ႔စိတ္က၀င္ျပီး ျပန္မထြက္ေတာ့ သူဘာေတြမ်ားလုပ္ေနမလဲ၊ေနာက္တစ္ေယာက္မ်ားရွိေနျပီလားစသျဖင့္မ်ိဳးစံုေတြးကာခ်စ္သူကုိယံုၾကည္ေပးဖုိ႔လည္းခက္လာပါတယ္။

*ဒီအခ်စ္ေရးျပိဳကြဲပ်က္စီးသြားတဲ႔အခါ တစ္ေယာက္တည္းျဖစ္မွာကုိေၾကာက္ျပီး ေနာက္တစ္ေယာက္ကုိ အစားထုိးဖုိ႔ရွာေဖြေနတတ္တယ္။သူငါ့ကုိထားသြားခဲ႔ရင္ေတာင္ ေနာက္တစ္ေယာက္ရွိႏုိင္ေသးတယ္ဆုိတဲ႔စိတ္နဲ႔ အစားထုိးဖို႔ၾကံစည္ေနတတ္တယ္။
*ကုိယ္က အခ်စ္ခံရဖုိ႔မထုိက္တန္ဘူးလို႔ထင္လာမယ္။ကုိယ့္ကိုယ့္ကုိယ္ယံုၾကည္မႈမရွိျခင္းတစ္မ်ိဳးေပါ့။
*တစ္ေယာက္တည္းျဖစ္မွာေၾကာက္တဲ႔စိတ္နဲ႔ အဆင္မေျပေတာ့တဲ႔အခ်စ္ေရးကုိ ဇြတ္အတင္းဆြဲထားမိေနတတ္တယ္။
*ကုိယ့္ကုိထားသြားမွာေၾကာက္တဲ႔စိတ္နဲ႔ ခ်စ္သူအေပၚလိမ္ညာထားတတ္ၾကတယ္။ကုိယ့္မွာတစ္ခုခုအားနည္းခ်က္ရွိေနတဲ႔အခါမ်ိဳးေပါ့။

ဒါေတြက တစ္ေယာက္ေယာက္ကကုိယ့္ကုိထားခ႔ဲမွာ၊စြန္႔ပစ္ခဲ႔မွာေၾကာက္တဲ႔လကၡဏာေတြပါပဲ။ဒါေတြကုိဘယ္လုိကုိင္တြယ္ရမလဲ?

*ကိုယ္က အခ်စ္ခံရမွာထိုက္တန္တယ္လုိ႔ မၾကာခဏကုိယ့္ကုိယ့္ကုိယ္သတိေပးပါ။ရုပ္ရည္၊ပညာအရည္အခ်င္း၊လူမႈေရးစသျဖင့္ လူတုိင္းမွာ အရည္အခ်င္းကုိယ္စီရွိျပီးသားပါ။ကုိယ့္ကုိယ့္ကိုယ္ယံုၾကည္မႈအျပည့္ရွိပါ။
*ေၾကာက္စိတ္ကုိ ေကာင္းမြန္တဲ႔အေတြးေတြနဲ႔အစားထုိးပါ။ေကာင္းမြန္တဲ႔စကားေလးေတြ မၾကာခဏဆုိသလုိ ကုိယ့္ကုိယ့္ကုိယ္ေျပာေပးပါ။
*တစ္ေယာက္တည္းျဖစ္လည္း အဆင္ေျပတယ္ဆုိတဲ႔စိတ္မ်ဳိးေမြးပါ။တစ္ေယာက္တည္းေနရမွာေၾကာက္ေနသေရြ႔ ထားခဲ႔ခံရမွာေၾကာက္ေနဦးမွာပါပဲ။
*ကိုယ္ခ်စ္ရတဲ႔သူက ကုိယ့္ကုိထားခဲ႔မွာ မိန္းကေလးတုိင္း၊ေယာက်္ားေလးတုိင္းေၾကာက္ၾကတာပါပဲ။အလြန္အကြ်ံေတာ့မျဖစ္သင့္ဘူးဆုိတာ ကုိယ့္ကုိယ့္ကုိယ္သတိေပးေနပါ။
*လူဆုိတာ ကုိယ္ေတြးခ်င္တဲ႔ဘက္ကုိဆြဲေတြးၾကတာပါ။ကုိယ္က သံသယတစ္ခုစ၀င္မိျပီဆုိ အားလံုးကသံသယ၀င္စရာေတြခ်ည္းျဖစ္ပါလိမ့္မယ္။ဒါေၾကာင့္ မလိုအပ္တဲ႔သံသယေတြ၊အေတြးေတြမ၀င္မိေအာင္ အာရံုေျပာင္းပါ။ကိုယ္က သူနဲ႔ပတ္သက္လို႔ မဟုတ္တာေတြေလ်ွာက္ေတြးေနမိရင္ တစ္ခုခုနဲ႔အာရံုလႊဲတတ္တဲ႔အက်င့္မ်ိဳးလုပ္ၾကည့္ပါ။အေတြးေတြမ်ားျပီးစိတ္ဆင္းရဲေနရင္ လက္ေတြ႔မွာဘာကုိမွေကာင္းေကာင္းရင္ဆုိင္ႏုိင္မွာမဟုတ္ပါဘူး။

တစ္ေယာက္ေယာက္ထားခဲ့မွာေၾကာက္တဲ႔စိတ္ဟာ သင့္စိတ္၀ိညာဥ္ထဲမွာအခ်ိန္အၾကာၾကီးကိန္းေအာင္းေနလုိ႔ဖယ္ရွားဖုိ႔မလြယ္ပါဘူး။ဒါေပမဲ႔ ကုိယ္က တစ္ေယာက္တည္းျဖစ္မွာကုိမေၾကာက္ဘူး၊ပုိျပီးေကာင္းမြန္တဲ႔အခ်စ္ေရးတစ္ခုကုိျပန္လည္ဖန္တီးႏုိင္တယ္ဆုိတဲ႔ယံုၾကည္ခ်က္မ်ိဳးေမြးျမဴထားမယ္ဆုိရင္ အခ်စ္ေရးနဲ႔ပတ္သက္လို႔ စုိးရိမ္စရာဘာမွမရွိပါဘူး။ခ်စ္သူဆီက စြန္႔ပစ္ခံခဲ႔ရလို႔ ေနာက္တစ္ခါလည္းထားခဲ့ခံရဦးမလား ေတြးျပီးေၾကာက္မေနပါနဲ႔။ျဖစ္မလာေသးတဲ႔အရာေတြကုိၾကိဳေတြးျပီးစုိးရိမ္ေၾကာက္ရြ႔ံေနမယ့္အစား လက္ရွိအခိ်န္မွာအေကာင္းဆံုးေနထုိင္ပါ။ေနာင္တရစရာမရွိေအာင္အေကာင္းဆံုးလုပ္ပါလို႔ အၾကံျပဳလိုက္ပါတယ္။

Unicode

တစ်ချို့လူတွေရည်းစားနှစ်ယောက်တစ်ပြိုင်တည်းထားကြတာရှိတယ်။ဘာလို့လဲဆိုတော့ဒီတစ်ယောက်နဲ့ပြတ်ရင် အသည်းကွဲမနေတော့ဘူးလေ။နောက်တစ်ယောက်ရှိနေတာကိုး။တကယ်တော့ ဒါက တစ်ယောက်ယောက်က ကိုယ့်ကိုစွန့်ပစ်ခဲ့မှာ၊ထားပစ်ခဲ့မှာကြောက်နေတာပါပဲ။တစ်ချို့ကတော့
ချစ်သူထားခဲ့တာခံရလို့ နောက်ထပ်ချစ်သူထားရင်လည်း ထားခဲ့ခံရမှာကြောက်တဲ့စိတ်နဲ့ ချစ်သူအသစ်လည်းအချိန်အတော်ကြာမထားဖြစ်တော့ပါဘူး။လွယ်လွယ်နဲ့သံယောဇဉ်မဖြစ်မိအောင်လည်းနေကြတယ်။မသိစိတ်ထဲမှာ ဒီတစ်ခါလည်းထားခဲ့ခံရရင်ဆိုတဲ့စိတ်ကလွှမ်းမိုးနေတတ်ပါတယ်။ဒီလို
ထားခဲ့ခံရမှာကြောက်နေတဲ့စိတ်မျိုးဟာ ချစ်သူရှိနေရင်လည်းဖြစ်တတ်ပါတယ်။

စွန့်ပစ်ခံရမှာကြောက်နေတဲ့လက္ခဏာတွေကဘယ်လိုတွေလဲဆိုတော့…

*မကြာခဏဆိုသလို သဝန်တွေတိုတတ်လာတယ်။အကြောင်းမရှိအကြောင်းရှာပြီးစိတ်မချဖြစ််တတ်လာတယ်
*သူ့ဘက်ကတောင်းဆိုသမျှကို လိုက်လျောတာများတယ်။ကိုယ့်ဘက်က သူတောင်းဆိုသမျှလိုက်လျောရင်သူကိုယ့်ဆီမှာမြဲနေမယ်ထင်တယ်။
*သူကိုယ့်ကိုထားသွားတော့မယ်ဆိုတဲ့အတွေးတွေ မကြာခဏဆိုသလိုတွေးမိနေတတ်တယ်။
*ချစ်သူကိုယုံကြည်ပေးဖို့ခက်ခဲလာတယ်။သူကိုယ့်ကိုထားသွားတော့မှာပဲဆိုတဲ့စိတ်ကဝင်ပြီး ပြန်မထွက်တော့ သူဘာတွေများလုပ်နေမလဲ၊နောက်တစ်ယောက်များရှိနေပြီလားစသဖြင့်မျိုးစုံတွေးကာချစ်သူကိုယုံကြည်ပေးဖို့လည်းခက်လာပါတယ်။

*ဒီအချစ်ရေးပြိုကွဲပျက်စီးသွားတဲ့အခါ တစ်ယောက်တည်းဖြစ်မှာကိုကြောက်ပြီး နောက်တစ်ယောက်ကို အစားထိုးဖို့ရှာဖွေနေတတ်တယ်။သူငါ့ကိုထားသွားခဲ့ရင်တောင် နောက်တစ်ယောက်ရှိနိုင်သေးတယ်ဆိုတဲ့စိတ်နဲ့ အစားထိုးဖို့ကြံစည်နေတတ်တယ်။
*ကိုယ်က အချစ်ခံရဖို့မထိုက်တန်ဘူးလို့ထင်လာမယ်။ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုမရှိခြင်းတစ်မျိုးပေါ့။
*တစ်ယောက်တည်းဖြစ်မှာကြောက်တဲ့စိတ်နဲ့ အဆင်မပြေတော့တဲ့အချစ်ရေးကို ဇွတ်အတင်းဆွဲထားမိနေတတ်တယ်။
*ကိုယ့်ကိုထားသွားမှာကြောက်တဲ့စိတ်နဲ့ ချစ်သူအပေါ်လိမ်ညာထားတတ်ကြတယ်။ကိုယ့်မှာတစ်ခုခုအားနည်းချက်ရှိနေတဲ့အခါမျိုးပေါ့။

ဒါတွေက တစ်ယောက်ယောက်ကကိုယ့်ကိုထားခဲ့မှာ၊စွန့်ပစ်ခဲ့မှာကြောက်တဲ့လက္ခဏာတွေပါပဲ။ဒါတွေကိုဘယ်လိုကိုင်တွယ်ရမလဲ?

*ကိုယ်က အချစ်ခံရမှာထိုက်တန်တယ်လို့ မကြာခဏကိုယ့်ကိုယ့်ကိုယ်သတိပေးပါ။ရုပ်ရည်၊ပညာအရည်အချင်း၊လူမှုရေးစသဖြင့် လူတိုင်းမှာ အရည်အချင်းကိုယ်စီရှိပြီးသားပါ။ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်ရှိပါ။
*ကြောက်စိတ်ကို ကောင်းမွန်တဲ့အတွေးတွေနဲ့အစားထိုးပါ။ကောင်းမွန်တဲ့စကားလေးတွေ မကြာခဏဆိုသလို ကိုယ့်ကိုယ့်ကိုယ်ပြောပေးပါ။
*တစ်ယောက်တည်းဖြစ်လည်း အဆင်ပြေတယ်ဆိုတဲ့စိတ်မျိုးမွေးပါ။တစ်ယောက်တည်းနေရမှာကြောက်နေသရွေ့ ထားခဲ့ခံရမှာကြောက်နေဦးမှာပါပဲ။
*ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုထားခဲ့မှာ မိန်းကလေးတိုင်း၊ယောကျ်ားလေးတိုင်းကြောက်ကြတာပါပဲ။အလွန်အကျွံတော့မဖြစ်သင့်ဘူးဆိုတာ ကိုယ့်ကိုယ့်ကိုယ်သတိပေးနေပါ။
*လူဆိုတာ ကိုယ်တွေးချင်တဲ့ဘက်ကိုဆွဲတွေးကြတာပါ။ကိုယ်က သံသယတစ်ခုစဝင်မိပြီဆို အားလုံးကသံသယဝင်စရာတွေချည်းဖြစ်ပါလိမ့်မယ်။ဒါကြောင့် မလိုအပ်တဲ့သံသယတွေ၊အတွေးတွေမဝင်မိအောင် အာရုံပြောင်းပါ။ကိုယ်က သူနဲ့ပတ်သက်လို့ မဟုတ်တာတွေလျှောက်တွေးနေမိရင် တစ်ခုခုနဲ့အာရုံလွှဲတတ်တဲ့အကျင့်မျိုးလုပ်ကြည့်ပါ။အတွေးတွေများပြီးစိတ်ဆင်းရဲနေရင် လက်တွေ့မှာဘာကိုမှကောင်းကောင်းရင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။

တစ်ယောက်ယောက်ထားခဲ့မှာကြောက်တဲ့စိတ်ဟာ သင့်စိတ်ဝိညာဉ်ထဲမှာအချိန်အကြာကြီးကိန်းအောင်းနေလို့ဖယ်ရှားဖို့မလွယ်ပါဘူး။ဒါပေမဲ့ ကိုယ်က တစ်ယောက်တည်းဖြစ်မှာကိုမကြောက်ဘူး၊ပိုပြီးကောင်းမွန်တဲ့အချစ်ရေးတစ်ခုကိုပြန်လည်ဖန်တီးနိုင်တယ်ဆိုတဲ့ယုံကြည်ချက်မျိုးမွေးမြူထားမယ်ဆိုရင် အချစ်ရေးနဲ့ပတ်သက်လို့ စိုးရိမ်စရာဘာမှမရှိပါဘူး။ချစ်သူဆီက စွန့်ပစ်ခံခဲ့ရလို့ နောက်တစ်ခါလည်းထားခဲ့ခံရဦးမလား တွေးပြီးကြောက်မနေပါနဲ့။ဖြစ်မလာသေးတဲ့အရာတွေကိုကြိုတွေးပြီးစိုးရိမ်ကြောက်ရွ့ံနေမယ့်အစား လက်ရှိအချိန်မှာအကောင်းဆုံးနေထိုင်ပါ။နောင်တရစရာမရှိအောင်အကောင်းဆုံးလုပ်ပါလို့ အကြံပြုလိုက်ပါတယ်။

714 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.