ပင်ပန်းဇာတာပါတဲ့သူတွေမှာ ဒီလိုမှဲ့တွေပါတတ်တယ်…
Unicode
ပင်ပန်းဇာတာဆိုတာနဲ့လူတွေထင်လိုက်တာ ကဆင်းရဲမယ်ပေါ့ တကယ်တော့ပင်ပန်းဇာတာဆိုတာ ဆင်းရဲဇာတာမဟုတ်ပါဘူး။ ဒီလိုကွာ …အလုပ်တစ်ခုကို ကိုယ်တိုင်လုပ်ရမှကျေနပ်တာမျိုး၊ ဘယ်လောက်ချမ်းသာချမ်းသာ အလုပ်လုပ်နေရမှ စိတ်ပျော်နေတတ်တာမျိုး၊ သူများအလကားပေးတဲ့အရာတွေဆို မခံပဲ ကိုယ်တိုင်ရှာဖွေမှ မြဲတာမျိုး၊ လွယ်လွယ်လေးရလည်းမယူပဲကိုယ်တိုင်ရုန်းကန်ရတာကိုကြိုက်တာမျိုး ဒီလိုလူမျိုးတွေကို ပင်ပန်းဇာတာပါတယ်လို့ပြောကြတာဖြစ်ပါတယ်။
ဆိုတော့ဘယ်နေရာမှာ မှဲ့ပါတဲ့သူတွေကို ပင်ပန်းဇာတာပါတဲ့သူတွေလို့ရှေးလူကြီးတွေက ခေါ်စမှတ်ပြုကြလဲသိချင်ကြပြီထင်ပါရဲ့… ကျောပြင်ပေါ်၊ ပုခုံးပေါ်နဲ့ ခြေထောက်မှာမှဲ့ပါတဲ့သူတွေဟာပင်ပန်းဇာတာပါတဲ့သူတွေဖြစ်နိုင်တယ်လို့ သတ်မှတ်ထားကြပါတယ်။ ကျောပြင်ပေါ်မှာ ပါတဲ့အဓိပ္ပါယ်ဟာမိသားစုရဲ့ကြီးလေးတဲ့တာဝန်တွေကိုထမ်းဆောင်ပေးဆပ်ရမယ်ဆိုတဲ့့သဘောဖြစ်ပြီး ပုခုံးပေါ်မှာပါတာဟာလည်း တာဝန်တွေကိုထမ်းဆောင်ဖို့ရယ်လို့ယူဆကြပါတယ်။ နောက်ဆုံးခြေထောက်မှာပါတာဟာလည်းငြိမ်နေရပဲ လှုပ်ရှားသွားလာနေမှ အောင်မြင်မဲ့လက္ခဏာမျိုးလို့ပြောကြပါတယ်။ ဒါကတော့ ရှေးလူကြီးတွေရဲ့ပြောစမှတ်စကားတွေထဲကအယူအဆတွေပါပဲ။ တူတဲ့သူလည်းရှိနိင်သလို မတူတဲ့သူ တွေ အယုံကြည်မရှိတဲ့သူတွေလည်းရှိနိုင်တာမို့ သဘောထားကွဲလွဲပြီးကိုယ့်အယူဆနဲ့ကိုယ်တွေးခေါ်နိုင်ပါတယ်။ Trend Myanmar ပရိတ်သတ်ကြီးထဲမှာရော ဒီလိုု ပင်ပန်းဇာတာပါတဲ့သူတွေရှိကြလား…
765 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.