dispatch.com ရဲ့အဆိုအရ Jeremiah I. Frazier ဆိုသူဟာ ဒီဇင်ဘာ ၂၂ရက်နေ့က Columbus, Ohio မှာ ပြုလုပ်တဲ့ Rich Homie Quan ရဲ့ show ပွဲမှာသေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။ Frazier ရဲ့အသက်က ၂၄ နှစ်ရှိပါပြီ။
အဲဒီ့ပစ်ခတ်မှုဟာ Red Zone ဘားမှာဖြစ်ပြီး အကြောင်းရင်းကိုတော့ ရဲကမပြောပြခဲ့ပါဘူး။
Rich Homie Quan ဟာဒီပစ်ခတ်မှုဖြစ်ပွားစဉ်မှာ သူ့ရဲ့ hit ဖြစ်ခဲ့တဲ့သီချင်း Type of Way ကိုဖျော်ဖြေနေတာဖြစ်ပါတယ်။ Columbus ရဲဌာနရဲ့အဆိုအရ Frazier ကို မနက် ၂း၃၀ မှာပစ်သတ်တာဖြစ်ပြီး OhioHealth Grant ကျန်းမာရေးဌာနကိုခေါ်ဆောင်သွားပေမယ့် မနက် ၅း၂၁ မှာတော့ သေဆုံးသွားပြီဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။
Ref:hiphopdx
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။