ေနာက္ႏွစ္ဆုိ သူတုိ႔ေတြ အသက္ ၄၀ျပည့္ျပီေျပာရင္ ဘယ္သူယံုႏုိင္မွာလဲ?

ကုိရီးယားလူမ်ိဳးေတြဟာ သူတုိ႔ရဲ ႔အသက္ထက္ ၂ဆေလာက္ပုိငယ္ရြယ္ႏုပ်ိဳေနတာ ဘာေဆးေတြစားထားလို႔ပါလိမ့္ 😛 အခုလည္း ေနာက္ႏွစ္ဆုိအသက္ ၄၀ျပည့္ေတာ့မယ့္အႏုပညာရွင္စာရင္းလုပ္ၾကည့္တဲ႔အခါမွာ အသက္ ၄၀မဟုတ္ပဲ အသက္ ၂၀ လို႔ေျပာရင္ရတဲ႔ ဒိတ္ဒိတ္ၾကဲဆယ္လီေတြ
ေတြ႔လာရျပန္ပါတယ္။

၁၉၈၀ ခုႏွစ္မွာေမြးဖြားခဲ႔ျပီး ၂၀၁၉ ဆုိရင္ ကုိရီးယားႏုိင္ငံရဲ ႔အသက္အရ အသက္ ၄၀ျပည့္ေတာ့မယ့္အႏုပညာရွင္ေတြဟာ ကုိယ္ေတြက Oppa ၊ Unni လို႔ေခၚရမယ့္အရြယ္ဆယ္လီေတြပါ။တစ္ျခားႏုိင္ငံေတြမွာေတာ့ အသက္ ၄၀ဆုိတာ ဦးေလးတုိ႔၊အေဒၚၾကီးတုိ႔ေခၚရမယ့္အရြယ္ပါပဲ။ကဲ ဘယ္သူေတြက ၂၀၁၉ ဆုိအသက္ ၄၀ျပည့္ေတာ့မွာလဲ ၾကည့္လုိက္ပါဦး

Kang Dong Won

ကုိရီးယားအႏုပညာရွင္မိန္းကေလးေတြ၊မိန္းကေလးပရိသတ္ေတြသေဘာက်ႏွစ္သက္ၾကတဲ႔ပံုစံမ်ိဳးပုိင္ဆုိင္ထားတဲ႔ မင္းသားေခ်ာ Kang Dong Won ဟာ ၁၉၈၁ ခုနွစ္မွာေမြးဖြားခဲ႔တာျဖစ္ျပီး လာမယ့္ ၂၀၁၉ ၊ဇန္န၀ါရီ ၁၈ ဆုိရင္ အသက္ ၄၀ျပည့္ေတာ့မွာပါ။ရုပ္ရွင္ဇာတ္ကားေတြမ်ားစြာရုိက္ကူးခဲ႔တဲ႔ Kang Dong Won ဟာ ေဟာလိ၀ုဒ္အႏုပညာေလာကကုိလည္းေျခခ်ေနပါျပီ။ေနာက္ႏွစ္ဆုိရင္ သူပါ၀င္သရုပ္ေဆာင္ထားတဲ႔ေဟာလိ၀ုဒ္ဇာတ္ကားတစ္ကားထြက္လာေတာ့မွာပါ။

Kim Jeong Hoon

အီေဆာင္လို႔ပရိသတ္ေတြအသိမ်ားၾကတဲ႔ မင္းသားေခ်ာ Kim Jeong Hoon ဟာလည္း ေနာက္ႏွစ္ဆုိ ၄၀ျပည့္ေတာ့မွာပါတဲ႔။တကယ္ကုိ မထင္ရက္စရာပါ။ကေလးမ်က္ႏွာေလးပုိင္ဆုိင္ထားတဲ႔မင္းသားဟာ Princess Hours ဇာတ္ကားထဲမွာလူသိမ်ားလာခဲ႔ျပီးမိန္းကေလးပရိသတ္ေတြရဲ ႔အခုိင္အမာအားေပးမႈကုိရရွိခဲ႔တာျဖစ္ပါတယ္။

Kim Tae Hee

မင္းသမီးေခ်ာေလး Kim Tae Hee က ေတာ့ အသက္ကုိထည့္မေတြးခ်င္မေတြးရေလာက္ေအာင္ ငယ္ရြယ္ႏုပ်ိဳလွပသူေလးပါ။သူမကုိေတာ့ ၁၉၈၀ ၊မတ္လ ၂၉မွာေမြးဖြားခဲ႔တာျဖစ္ျပီး ေနာက္ႏွစ္ဆုိ အသက္ ၄၀ျပည့္ပါျပီ။မင္းသား Rain နဲ႔လက္ထပ္ခဲ႔ျပီး ကေလးေလးတစ္ေယာက္ေတာင္ရွိေနပါျပီ။
ဒါလည္းအလွကမေလ်ာ့သြားပါဘူး။သိပ္မၾကာခင္မွာေတာ့အႏုပညာလႈပ္ရွားမႈေတြနဲ႔အတူ သူမကုိျပန္လည္ျမင္ေတြ႔ရေတာ့မွာျဖစ္ပါတယ္။

Jang Yoon Joo

ေတာင္ကုိရီးယားရဲ ႔အေအာင္ျမင္ဆံုးေမာ္ဒယ္လ္ေတြထဲမွာပါ၀င္ေနတဲ႔ ေမာ္ဒယ္လ္ Jang Yoon Joo ဟာ သူမရဲ ႔အရည္အခ်င္းေၾကာင့္ေရာ၊ငယ္ရြယ္ႏုပ်ိဳတဲ့ကေလးမ်က္ႏွာေလးေၾကာင့္ေရာ လူသိမ်ားထင္ရွားပါတယ္။သူမကုိ ၁၉၈၀ ၊ႏုိ၀င္ဘာလထဲမွာေမြးဖြားခဲ႔တာပါ။အသက္ ၁၇ႏွစ္မွာေမာ္ဒယ္လ္အလုပ္ကုိစလုပ္ခဲ႔တာျဖစ္ျပီး အခုဆုိရင္ေတာ့ သီခ်င္းဆုိတာ၊သီခ်င္းေရးတာ၊သရုပ္ေဆာင္ပုိင္းေတြမွာပါေနရာယူလႈပ္ရွားေနျပီျဖစ္ပါတယ္။ေနာက္ႏွစ္ဆုိရင္ေတာ့ သူမက အသက္ ၄၀ျပည့္ေတာ့မွာပါ။

Jung Ryeo Won

ဒီခ်စ္စရာမင္းသမီးေလးကုိေတာ့ ရွိလွ အသက္ ၃၀ ေပ့ါလို႔ထင္ခဲ႔တာ။ဒါေပမဲ႔ ၂၀၁၉မွာ သူမေလးဟာ အသက္ ၄၀ျပည့္ေတာ့မွာပါ။ဇာတ္လမ္းတြဲမ်ားစြာရုိက္ကူးခဲ႔ျပီး သူမရဲ ႔အရည္အခ်င္းေၾကာင့္ Top Excellence Award ဆုကုိလည္းရရွိခဲ႔ပါေသးတယ္။ဒီ၂၀၁၈ မွာေတာ့ 2PM ရဲ ႔
Junho နဲ႔ “Wok of Love” ဆုိတဲ႔ဇာတ္လမ္းတြဲေလးမွာပါ၀င္သရုပ္ေဆာင္ထားပါတယ္။

Jo Jung Suk

မၾကာေသးခင္ကမွအိမ္ေထာင္ျပဳသြားတဲ႔မင္းသားေခ်ာ Jo Jung Suk ဟာလည္း လာမယ့္ႏွစ္ဆုိ အသက္ ၄၀ျပည့္ပါျပီ။သူ႔ကုိ ၁၉၈၀ ခုႏွစ္ ဒီဇင္ဘာ ၂၆မွာေမြးဖြားခဲ႔တာပါ။သူလက္ထပ္သြားလို႔ ပရိသတ္တစ္ခ်ိဳ႔က အသည္းကြဲေနၾကပါေသးတယ္။ဒါေပမဲ႔လည္း ကုိယ့္အိုင္ေဒါလ္ေပ်ာ္ေနတာျမင္ေတာ့
ပရိသတ္ေတြလည္း စိတ္ၾကည္ႏူးရပါတယ္။

Tablo

“The Return of Superman”အစီအစဥ္က ပရိသတ္ေတြ တအားခ်စ္ၾကတဲ႔ ကေလးမေလး Haru ရဲ႔ေဖေဖဟာလည္း ေနာက္ႏွစ္ဆုိ အသက္ ၄၀ျပည့္ပါျပီ။ဒါေပမဲ႔လည္းအသက္ထက္စာရင္ ႏုပ်ိဳေနဆဲပါ။၁၉၈၀ ၊ဇူလုိင္ ၂၂ရက္မွာေမြးဖြားခဲ႔သူျဖစ္ျပီး ပရိသတ္အားေပးမႈအခိုင္အမာရထားတဲ႔ ကုိရီးယား-ကေနဒီယန္ rapper တစ္ေယာက္ျဖစ္ပါတယ္။

ဘယ္သူကသူတုိ႔ကုိ အသက္ ၄၀ျပည့္ေတာ့မယ္ေျပာရင္ယံုၾကမွာလဲ?

Unicode

ကိုရီးယားလူမျိုးတွေဟာ သူတို့ရဲ ့အသက်ထက် ၂ဆလောက်ပိုငယ်ရွယ်နုပျိုနေတာ ဘာဆေးတွေစားထားလို့ပါလိမ့် 😛 အခုလည်း နောက်နှစ်ဆိုအသက် ၄ဝပြည့်တော့မယ့်အနုပညာရှင်စာရင်းလုပ်ကြည့်တဲ့အခါမှာ အသက် ၄ဝမဟုတ်ပဲ အသက် ၂၀ လို့ပြောရင်ရတဲ့ ဒိတ်ဒိတ်ကြဲဆယ်လီတွေ
တွေ့လာရပြန်ပါတယ်။

၁၉၈၀ ခုနှစ်မှာမွေးဖွားခဲ့ပြီး ၂၀၁၉ ဆိုရင် ကိုရီးယားနိုင်ငံရဲ ့အသက်အရ အသက် ၄ဝပြည့်တော့မယ့်အနုပညာရှင်တွေဟာ ကိုယ်တွေက Oppa ၊ Unni လို့ခေါ်ရမယ့်အရွယ်ဆယ်လီတွေပါ။တစ်ခြားနိုင်ငံတွေမှာတော့ အသက် ၄ဝဆိုတာ ဦးလေးတို့၊အဒေါ်ကြီးတို့ခေါ်ရမယ့်အရွယ်ပါပဲ။ကဲ ဘယ်သူတွေက ၂၀၁၉ ဆိုအသက် ၄ဝပြည့်တော့မှာလဲ ကြည့်လိုက်ပါဦး

Kang Dong Won

ကိုရီးယားအနုပညာရှင်မိန်းကလေးတွေ၊မိန်းကလေးပရိသတ်တွေသဘောကျနှစ်သက်ကြတဲ့ပုံစံမျိုးပိုင်ဆိုင်ထားတဲ့ မင်းသားချော Kang Dong Won ဟာ ၁၉၈၁ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး လာမယ့် ၂၀၁၉ ၊ဇန်နဝါရီ ၁၈ ဆိုရင် အသက် ၄ဝပြည့်တော့မှာပါ။ရုပ်ရှင်ဇာတ်ကားတွေများစွာရိုက်ကူးခဲ့တဲ့ Kang Dong Won ဟာ ဟောလိဝုဒ်အနုပညာလောကကိုလည်းခြေချနေပါပြီ။နောက်နှစ်ဆိုရင် သူပါဝင်သရုပ်ဆောင်ထားတဲ့ဟောလိဝုဒ်ဇာတ်ကားတစ်ကားထွက်လာတော့မှာပါ။

Kim Jeong Hoon

အီဆောင်လို့ပရိသတ်တွေအသိများကြတဲ့ မင်းသားချော Kim Jeong Hoon ဟာလည်း နောက်နှစ်ဆို ၄ဝပြည့်တော့မှာပါတဲ့။တကယ်ကို မထင်ရက်စရာပါ။ကလေးမျက်နှာလေးပိုင်ဆိုင်ထားတဲ့မင်းသားဟာ Princess Hours ဇာတ်ကားထဲမှာလူသိများလာခဲ့ပြီးမိန်းကလေးပရိသတ်တွေရဲ ့အခိုင်အမာအားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်။

Kim Tae Hee

မင်းသမီးချောလေး Kim Tae Hee က တော့ အသက်ကိုထည့်မတွေးချင်မတွေးရလောက်အောင် ငယ်ရွယ်နုပျိုလှပသူလေးပါ။သူမကိုတော့ ၁၉၈၀ ၊မတ်လ ၂၉မှာမွေးဖွားခဲ့တာဖြစ်ပြီး နောက်နှစ်ဆို အသက် ၄ဝပြည့်ပါပြီ။မင်းသား Rain နဲ့လက်ထပ်ခဲ့ပြီး ကလေးလေးတစ်ယောက်တောင်ရှိနေပါပြီ။
ဒါလည်းအလှကမလျော့သွားပါဘူး။သိပ်မကြာခင်မှာတော့အနုပညာလှုပ်ရှားမှုတွေနဲ့အတူ သူမကိုပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Jang Yoon Joo

တောင်ကိုရီးယားရဲ ့အအောင်မြင်ဆုံးမော်ဒယ်လ်တွေထဲမှာပါဝင်နေတဲ့ မော်ဒယ်လ် Jang Yoon Joo ဟာ သူမရဲ ့အရည်အချင်းကြောင့်ရော၊ငယ်ရွယ်နုပျိုတဲ့ကလေးမျက်နှာလေးကြောင့်ရော လူသိများထင်ရှားပါတယ်။သူမကို ၁၉၈၀ ၊နိုဝင်ဘာလထဲမှာမွေးဖွားခဲ့တာပါ။အသက် ၁ရနှစ်မှာမော်ဒယ်လ်အလုပ်ကိုစလုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ သီချင်းဆိုတာ၊သီချင်းရေးတာ၊သရုပ်ဆောင်ပိုင်းတွေမှာပါနေရာယူလှုပ်ရှားနေပြီဖြစ်ပါတယ်။နောက်နှစ်ဆိုရင်တော့ သူမက အသက် ၄ဝပြည့်တော့မှာပါ။

Jung Ryeo Won

ဒီချစ်စရာမင်းသမီးလေးကိုတော့ ရှိလှ အသက် ၃၀ ပေ့ါလို့ထင်ခဲ့တာ။ဒါပေမဲ့ ၂၀၁၉မှာ သူမလေးဟာ အသက် ၄ဝပြည့်တော့မှာပါ။ဇာတ်လမ်းတွဲများစွာရိုက်ကူးခဲ့ပြီး သူမရဲ ့အရည်အချင်းကြောင့် Top Excellence Award ဆုကိုလည်းရရှိခဲ့ပါသေးတယ်။ဒီ၂၀၁၈ မှာတော့ 2PM ရဲ ့
Junho နဲ့ “Wok of Love” ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာပါဝင်သရုပ်ဆောင်ထားပါတယ်။

Jo Jung Suk

မကြာသေးခင်ကမှအိမ်ထောင်ပြုသွားတဲ့မင်းသားချော Jo Jung Suk ဟာလည်း လာမယ့်နှစ်ဆို အသက် ၄ဝပြည့်ပါပြီ။သူ့ကို ၁၉၈၀ ခုနှစ် ဒီဇင်ဘာ ၂၆မှာမွေးဖွားခဲ့တာပါ။သူလက်ထပ်သွားလို့ ပရိသတ်တစ်ချို့က အသည်းကွဲနေကြပါသေးတယ်။ဒါပေမဲ့လည်း ကိုယ့်အိုင်ဒေါလ်ပျော်နေတာမြင်တော့
ပရိသတ်တွေလည်း စိတ်ကြည်နူးရပါတယ်။

Tablo

“The Return of Superman”အစီအစဉ်က ပရိသတ်တွေ တအားချစ်ကြတဲ့ ကလေးမလေး Haru ရဲ့ဖေဖေဟာလည်း နောက်နှစ်ဆို အသက် ၄ဝပြည့်ပါပြီ။ဒါပေမဲ့လည်းအသက်ထက်စာရင် နုပျိုနေဆဲပါ။၁၉၈၀ ၊ဇူလိုင် ၂၂ရက်မှာမွေးဖွားခဲ့သူဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရထားတဲ့ ကိုရီးယား-ကနေဒီယန် rapper တစ်ယောက်ဖြစ်ပါတယ်။

ဘယ်သူကသူတို့ကို အသက် ၄ဝပြည့်တော့မယ်ပြောရင်ယုံကြမှာလဲ?

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.