“အချစ်မှာအသက်အရွယ်ကွာခြားမှုက စိုးရိမ်စရာဖြစ်နေလား”မေးခွန်းကို Jung Hae In ဖြေခဲ့ပုံက…





Unicode

အောက်တိုဘာ ၁၅ရက်နေ့က MBCရဲ ့ “Section TV”အစီအစဉ်မှာ ၂၀၁၈ APAN Star Awards ဆုပေးပွဲက နာမည်ကျော်အနုပညာရှင်တွေကိုဖိတ်ခေါ်မေးမြန်းခဲ့တယ်လို့သိရပါတယ်။ဆုရခဲ့သူတစ်ယောက်ဖြစ်တဲ့ Jung Hae In ဟာလည်း ဒီအစီအစဉ်မှာပါဝင်ခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူ Kim Jung Hyun က ဒီဆုရတာနဲ့ပတ်သက်ပြီး သူ့ကိုမေးမြန်းကြည့်တဲ့အခါ “ကျွန်တော်ရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲတိုင်းကို ပရိသတ်တွေကကြိုက်ကြတဲ့အတွက် သူတို့ကိုကျေးဇူးတင်ရမှာပါပဲ။နောက်ထပ်လည်း ဇာတ်လမ်းတွဲတွေ၊ရုပ်ရှင်တွေရိုက်ကူးတဲ့အခါ ကျွန်တော်အကောင်းဆုံးကြိုးစားသွားမှာပါ။နောက်ထပ်ဇာတ်လမ်းတွဲအသစ်နဲ့ပရိသတ်ရှေ့ကိုပြန်လာခဲ့ပါမယ်”လို့ပြောခဲ့ပါတယ်။

အဲ့ဒီနောက် အချစ်ရေးနဲ့ပတ်သက်လို့အသက်အရွယ်ကွာခြားမှုက ဆူးငြောင့်ခလုတ်ဖြစ်စေလား၊စိုးရိမ်စရာဖြစ်စေလားလို့မေးမြန်းကြည့်တဲ့အခါမှာ Jung Hae In က “ကျွန်တော့်ရဲ ့ideal type မိန်းကလေးက ကျွန်တော့်ထက်ငယ်ရင်ငယ်၊ဒါမှမဟုတ် ကျွန်တော့်ထက်ကြီးတာမျိုးပါ။ဒါပေမဲ့ ချစ်မိသွားတယ်ဆိုရင်တော့ အသက်ကြီးတာဖြစ်စေ၊ငယ်တာဖြစ်စေ၊ရွယ်တူဖြစ်စေ အရေးမကြီးတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်”ဆိုပြီး ပြောသွားခဲ့ပါတယ်။

Jung Hae In က 2018 APAN Star Awards ဆုပေးပွဲမှာ K-Star Award နဲ့ Global Star Award ဆုနှစ်ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။အချစ်နဲ့ပတ်သက်တဲ့သူ့ရဲ့ခံယူချက်ကတော့ တကယ်ချစ်မိသွားရင်အသက်အရွယ်က အရေးမကြီးတော့ဘူးဆိုတဲ့သဘောပါပဲ။ပရိသတ်ကြီးရော ဒီအယူအဆလေးကိုသဘောတူရဲ့လား?

969 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.