ငွေကုန်ကျေးကျသက်သာတဲ့ခရီးတစ်ခုဖန်တီးဖို့…
Unicode
ခရီးသွားတယ်ဆိုတာတစ်ချို့တွေထင်ကြတာက ပိုက်ဆံတွေအများကြီးသုံးနိုင်မှ သွားလို့ရတယ်ပေါ့…အင်း ပိုက်ဆံများများပါရင်တော့ ဘယ်နေရာမဆိုအကောင်းဆုံးပေါ့လေ ဒါပင်မဲ့ ကိုယ့် မှာရှိတဲ့ Budget ကိုယ်တတ်နိုင်တဲ့ အနေထားနဲ့ခရီးတစ်ခုကို ဖြစ်မြောက်အောင်တော့ သွားလို့ရပါတယ်။ နေရာတကာ ငွေတအားကုန်မှခရီးတွင်တာမျိုးမဟုတ်ပဲ ခရီးလည်းတွင် ငွေကုန်လည်းသက်သာစေတဲ့Budget Save ဖြစ်တဲ့ခရီးသွားနည်းလေးတွေကဘာတွေဖြစ်မလဲဆိုတာ…
(၁) အစီစဉ်ဆွဲထားတဲ့စနစ်တကျခရီးစဉ်မျိုးဖြစ်ပါစေ
ခရီးတစ်ခုကို သွားတော့မယ်ဆိုတဲ့အချိန်မှာ စမသွားခင်ကတည်းက Plan အကြမ်းဆွဲထားဖို့လိုပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ ပရမး်ပတာနဲ့ထသွားရင် မလိုအပ်ပဲအကုန်အကျများနိုင်တာမလို့ ခရီးတစ်ခုကိုသွားတော့မယ်ဆိုရင် တော့ အစီစဉ်အကြမ်းတစ်ခုဆွဲထားသင့့်ပါတယ်။
(၂) နေရာထိုင်ခင်းကို ရွေးချယ်မှုမမှားပါစေနဲ့
နေရာထိုင်ခင်းကအကုန်ကျအများဆုံးပါပဲ။ တော်တော်များများခရီးတွေကိုကြည့်လိုက် အကုန်ကျအများဆုံးကတော့ ဟိုတယ်တွေ ပဲ ။ ခရီးသွားရာသီဆိုပိုလို့တောင်ဆိုးသေး။ ဆိုတော့ ခရီးမသွားခင်မှာ ကိုယ့် Budget နဲ့အဆင်ပြေတဲ့ နေရာထိုင်ခင်းမျိုးကို ရွေးချယ်တတ်ဖို့လိုပါတယ်။ အကောင်းဆုံးကတော့ ဘုန်းကြီးကျောင်းလိုနေရာမျိုးမှာတည်းတာပဲဖြစ်ဖြစ်၊ ကမ်းခြေသွားရင်လည်းရွက်ဖျဲတဲလေးနဲ့နေတာမျိုးဖြစ်ဖြစ် ၊ ရွာထဲကအိမ်လေးတွေမှာ လေ့လာရင်းခဏတာဝင်ရောက်တာခိုတာမျိုးပဲဖြစ်ဖြစ် ဒီလိုမျိုးလေးတွေက ခရီးသွားရင်းသဘာဝတရားကိုပိုခံစားမိစေပါတယ်(ဇိမ်ခံခရီးမဟုတ်ရင်ပေါ့လေ)
(၃) အဆာပြေစားသောက်စရာများ(သို့) Fast food များဆောင်သွားပါ
အဆာပြေစားလို့ရတဲ့အစားစာလေးတွေဆောင်သွားပါ။ ကိုယ်သွားတဲ့ဒေသကို ကိုယ်ကျွမ်းကျင်တယ်ဆိုရင်တောင် အရေးကြောင်းဖြစ်လာတာမျိုး၊ အစားစာရှားပါးတာမျိုး၊ ကိုယ်ထင်ထားတာထက်ပိုပြီးစျေးခေါင်ခိုက်နေတာမျိုး ၊ ကိုယ်ကဆာနေပြီစားမဲ့နေရာရှာမတွေ့သေးတာမျိုးဒီလိုအခြေနေတွေမှာ အေးဆေးစွာဖြေရှင်းလို့ရပါတယ်။
(၄) စိတ်တူကိုယ်တူတွေစုပြီးမှသွားပါ
စိတ်တူကိုယ်တူတွေစုမှသာခရီးကတွင်မှာပါ။ တစ်ယောက်တစ်ပေါက်နဲ့လူမညီရင်တော့ ကိုယ်တိုင်ကဘယ်လောက်ပဲ budget save အောင်သွားတဲ့ခရီးစဉ်စီစဉ်ပါစေ အကုန်ကျကများအုံးမှာပါပဲ။ လူမညီတာကခရီးသွားတဲ့အချိန်မှာတော်တော်ကိုဆိုးဝါးမှန်းသိသာစေပါတယ်။
(၅) ကိုယ့်အားကိုယ်ကိုတဲ့စနစ်ကိုသုံးပြီးသဘာဝတရားကိုခံစားပါ
နေရာတကာမှာ ကားပါမှ ဆိုင်ကယ်သုံးမှဆိုတာမျိုးထက် ကိုယ့်ခြေထောက်ကို ကိုယ်သုံးပြီးသွားလို့အဆင်ပြေတဲ့လမ်းခရီးကို ခြေချင်သွားပြီး သဘာဝရဲ့အလှပတရားတွေကိုခံစားရင်း Budget save ပါ။
136 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.