မၾကာခဏဆုိသလုိ မ်က္ရုိးကုိက္တတ္ရင္ ဒီနည္းေလးေတြသိထားသင့္

မ်က္လံုးဆုိတာမ်ိဳးက ခႏၶာကုိယ္အစိတ္အပုိင္းေတြထဲမွာအႏူးည့ံဆံုးပါ။ဒီမ်က္လံုးနဲ႔ဆက္စပ္ပတ္သက္တဲ႔က်န္းမာေရးျပႆနာေတြဆုိတာလည္းေမ့ေလ်ာ့ထားလို႔မရပါဘူး။မ်က္ရုိးကုိက္တာ၊ေခါင္းကုိက္တာ၊မ်က္စိေ၀၀ါးတာ၊မႈန္တာစတဲ႔မ်က္လံုးက်န္းမာေရးအေျခအေနေတြက သတိမထားမိရင္ မထားသလုိပုိျပီးဆုိး၀ါးလာႏုိင္ပါတယ္။တကယ္လုိ႔ သင္က ဖုန္းကုိအၾကာၾကီးသံုးမိလုိ႔၊ကြန္ပ်ဴတာအၾကာၾကီးၾကည့္မိလုိ႔ မ်က္ရုိးကိုက္ေနတယ္။တစ္ရက္ႏွစ္ရက္န႔ဲလည္းမေပ်ာက္ေသးဘူးဆုိရင္ ဒီနည္းေလးသံုးခုက သင့္အတြက္အဖိုးတန္ပါလိမ့္မယ္။

*ပထမဆံုးနည္းလမ္းကေတာ့…

ေရေႏြးမပူတပူမွာ သန္႔စင္တဲ႔အ၀တ္စေလးစိမ္ထားလုိက္ပါ။ကုိင္လို႔ရတဲ႔အေနအထားေလာက္ေရာက္ျပီဆုိရင္ ေရနည္းနည္းညွစ္ျပီး မ်က္ရုိး၊နားထင္ရိုး၊နဖူးတစ္၀ုိက္ကုိ ျဖည္းျဖည္းခ်င္းဖိဖိေပးပါ။အပူေငြ႔ေပးတဲ႔သေဘာမ်ိဳးေပါ့။ဒီအပူဓာတ္ေၾကာင့္မ်က္ရုိးကုိက္တာသက္သာေပ်ာက္ကင္းသြားပါလိမ့္မယ္။၁၅မိနစ္ေလာက္အခ်ိန္ေပးျပီး ဖြဖြေလးဖိဖိေပးပါ။

*ဒုတိယနည္းလမ္း

ဒီဒုတိယနည္းလမ္းကေတာ့ အိမ္မွာ Teatree oil ၀ယ္ထားတာရွိရင္အဆင္ေျပႏုိင္ပါတယ္။ေရေႏြးပူပူထဲမွာ Teatree oil အစက္ ႏွစ္စက္ေလာက္ခ်ျပီးခပ္ျပင္းျပင္းေလးရွဴရိႈက္ၾကည့္ပါ။အာရံုေၾကာေတြလႈပ္ႏုိးလိုက္သလုိျဖစ္ျပီးမ်က္ရုိးကုိက္တာကုိသက္သာသြားေစမွာပါ။အေပၚမွာ မ်က္ႏွာသုတ္ပု၀ါေလးအုပ္ေပးထားရင္ပုိေကာင္းပါတယ္။

*ေနာက္ဆံုးနည္းလမ္း

ေနာက္ဆံုးနည္းလမ္းကေတာ့ အပူအေအးႏွစ္မ်ိဳးလံုးသံုးေပးရမွာပါ။ေရခပ္ေႏြးေႏြးတစ္ခြက္ကုိယူျပီးရင္ မ်က္ႏွာသုတ္ပု၀ါကုိႏွစ္လုိက္ပါ။ျပီးရင္ နဖူး၊နားထင္၊မ်က္ရုိးၾကား၊ႏွာေခါင္း၊ပါးစသျဖင့္ နာက်င္တဲ႔ေနရာေတြကုိ ျဖည္းျဖည္းခ်င္းဖိေပးပါ။၃မိနစ္ေလာက္လုပ္ေပးျပီး ခဏေနရင္ မ်က္ႏွာသုတ္ပု၀ါကုိ ေရေအးထဲမွာႏွစ္လိုက္ပါ။ျပီးရင္ ခုနကအတုိင္းမ်က္ႏွာတစ္၀ုိက္ကို ျဖည္းျဖည္းခ်င္းဖိေပးပါ။နဖူးေနရာကုိ၃၀စကၠန္႔ေလာက္ပဲဖိေပးပါ။ တစ္ေန႔ကုိ သံုးခါေလးခါလုပ္ေပးမယ္ဆုိရင္ ေနာက္တစ္ေန႔ထိမ်က္ရုိးဆက္ကုိက္ေနမွာမဟုတ္ေတာ့ပါဘူး။

*** မ်က္ရုိးကုိက္တာကုိမွ ေပ်ာက္လိုက္၊ျပန္ျဖစ္လိုက္ ျဖစ္ေနတယ္၊အေပၚကနည္းလမ္းေတြကုိလည္းအလုပ္ရႈပ္လို႔မလုပ္ခ်င္ဘူးဆုိရင္ ကြမ္းရြက္ေလးကုိမ်က္လံုးႏွစ္လံုးေနရာအေပါက္ေဖာက္ျပီး ကပ္ေပးထားၾကည့္ပါ။တကယ္လို႔ ကြမ္းရြက္ကပ္တာလည္းမသက္သာဘူးဆုိရင္ေတာ့အေပၚကနည္းလမ္းေလးေတြစမ္းၾကည့္ပါလို႔တိုက္တြန္းလုိက္ပါတယ္။

သတိထားရမွာက ဒီလုိမ်က္ရိုးကုိက္ေနတဲ႔အခ်ိန္မွာ ဖုန္း၊ကြန္ပ်ဴတာၾကည့္တာေတြေလ်ွာ့ဖုိ႔ပါပဲ။အခ်ိန္ေလးနဲ႔သတ္မွတ္ျပီးၾကည့္သင့္ပါတယ္။မဟုတ္ရင္ ဒီမ်က္ရုိးကုိက္တာကေနတစ္ဆင့္ ဦးေနွာက္အားနည္းတာ၊မ်က္မွန္တပ္ရတာေတြအထိျဖစ္လာႏုိင္ပါတယ္။

Unicode

မျက်လုံးဆိုတာမျိုးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာအနူးည့ံဆုံးပါ။ဒီမျက်လုံးနဲ့ဆက်စပ်ပတ်သက်တဲ့ကျန်းမာရေးပြဿနာတွေဆိုတာလည်းမေ့လျော့ထားလို့မရပါဘူး။မျက်ရိုးကိုက်တာ၊ခေါင်းကိုက်တာ၊မျက်စိဝေ၀ါးတာ၊မှုန်တာစတဲ့မျက်လုံးကျန်းမာရေးအခြေအနေတွေက သတိမထားမိရင် မထားသလိုပိုပြီးဆိုးဝါးလာနိုင်ပါတယ်။တကယ်လို့ သင်က ဖုန်းကိုအကြာကြီးသုံးမိလို့၊ကွန်ပျူတာအကြာကြီးကြည့်မိလို့ မျက်ရိုးကိုက်နေတယ်။တစ်ရက်နှစ်ရက်နဲ့လည်းမပျောက်သေးဘူးဆိုရင် ဒီနည်းလေးသုံးခုက သင့်အတွက်အဖိုးတန်ပါလိမ့်မယ်။

*ပထမဆုံးနည်းလမ်းကတော့…

ရေနွေးမပူတပူမှာ သန့်စင်တဲ့အဝတ်စလေးစိမ်ထားလိုက်ပါ။ကိုင်လို့ရတဲ့အနေအထားလောက်ရောက်ပြီဆိုရင် ရေနည်းနည်းညှစ်ပြီး မျက်ရိုး၊နားထင်ရိုး၊နဖူးတစ်ဝိုက်ကို ဖြည်းဖြည်းချင်းဖိဖိပေးပါ။အပူငွေ့ပေးတဲ့သဘောမျိုးပေါ့။ဒီအပူဓာတ်ကြောင့်မျက်ရိုးကိုက်တာသက်သာပျောက်ကင်းသွားပါလိမ့်မယ်။၁၅မိနစ်လောက်အချိန်ပေးပြီး ဖွဖွလေးဖိဖိပေးပါ။

*ဒုတိယနည်းလမ်း

ဒီဒုတိယနည်းလမ်းကတော့ အိမ်မှာ Teatree oil ဝယ်ထားတာရှိရင်အဆင်ပြေနိုင်ပါတယ်။ရေနွေးပူပူထဲမှာ Teatree oil အစက် နှစ်စက်လောက်ချပြီးခပ်ပြင်းပြင်းလေးရှူရှိုက်ကြည့်ပါ။အာရုံကြောတွေလှုပ်နိုးလိုက်သလိုဖြစ်ပြီးမျက်ရိုးကိုက်တာကိုသက်သာသွားစေမှာပါ။အပေါ်မှာ မျက်နှာသုတ်ပုဝါလေးအုပ်ပေးထားရင်ပိုကောင်းပါတယ်။

*နောက်ဆုံးနည်းလမ်း

နောက်ဆုံးနည်းလမ်းကတော့ အပူအအေးနှစ်မျိုးလုံးသုံးပေးရမှာပါ။ရေခပ်နွေးနွေးတစ်ခွက်ကိုယူပြီးရင် မျက်နှာသုတ်ပုဝါကိုနှစ်လိုက်ပါ။ပြီးရင် နဖူး၊နားထင်၊မျက်ရိုးကြား၊နှာခေါင်း၊ပါးစသဖြင့် နာကျင်တဲ့နေရာတွေကို ဖြည်းဖြည်းချင်းဖိပေးပါ။၃မိနစ်လောက်လုပ်ပေးပြီး ခဏနေရင် မျက်နှာသုတ်ပုဝါကို ရေအေးထဲမှာနှစ်လိုက်ပါ။ပြီးရင် ခုနကအတိုင်းမျက်နှာတစ်ဝိုက်ကို ဖြည်းဖြည်းချင်းဖိပေးပါ။နဖူးနေရာကို၃ဝစက္ကန့်လောက်ပဲဖိပေးပါ။ တစ်နေ့ကို သုံးခါလေးခါလုပ်ပေးမယ်ဆိုရင် နောက်တစ်နေ့ထိမျက်ရိုးဆက်ကိုက်နေမှာမဟုတ်တော့ပါဘူး။

*** မျက်ရိုးကိုက်တာကိုမှ ပျောက်လိုက်၊ပြန်ဖြစ်လိုက် ဖြစ်နေတယ်၊အပေါ်ကနည်းလမ်းတွေကိုလည်းအလုပ်ရှုပ်လို့မလုပ်ချင်ဘူးဆိုရင် ကွမ်းရွက်လေးကိုမျက်လုံးနှစ်လုံးနေရာအပေါက်ဖောက်ပြီး ကပ်ပေးထားကြည့်ပါ။တကယ်လို့ ကွမ်းရွက်ကပ်တာလည်းမသက်သာဘူးဆိုရင်တော့အပေါ်ကနည်းလမ်းလေးတွေစမ်းကြည့်ပါလို့တိုက်တွန်းလိုက်ပါတယ်။

သတိထားရမှာက ဒီလိုမျက်ရိုးကိုက်နေတဲ့အချိန်မှာ ဖုန်း၊ကွန်ပျူတာကြည့်တာတွေလျှော့ဖို့ပါပဲ။အချိန်လေးနဲ့သတ်မှတ်ပြီးကြည့်သင့်ပါတယ်။မဟုတ်ရင် ဒီမျက်ရိုးကိုက်တာကနေတစ်ဆင့် ဦးနှောက်အားနည်းတာ၊မျက်မှန်တပ်ရတာတွေအထိဖြစ်လာနိုင်ပါတယ်။

 

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.