Victoria’s Secret ေမာ္ဒယ္လ္ေတြရဲ႔အလွအပေရးရာထိန္းသိမ္းပံုတစ္ခ်ိဳ႔…

Victoria’s Secret ေမာ္ဒယ္လ္လုိ႔ေျပာရင္ မသိတဲ႔သူရွားပါတယ္။သူတုိ႔ရဲ႔ခႏၶာကုိယ္ဆုိတာ ပိန္သြယ္လွပျပီးက်စ္လစ္ေနသလုိ အလွအပနဲ႔ပတ္သက္လာရင္အျမဲတမ္းထိန္းသိမ္းေနၾကတဲ႔သူေတြပါ။ဒါေၾကာင့္ Trend ရဲ႔ ပ်ိဳေမေတြကုိ Victoria’s Secret ေမာ္ဒယ္လ္ေတြရဲ ႔က်န္းမာေရးနဲ႔အလွအပထိန္းသိမ္းနည္းေလးေတြျပန္ျပီးမ်ွေ၀ေပးလုိက္ပါတယ္။

Bella Hadid

Bella Hadid ရဲ ႔အလွအပထိန္းသိမ္းတဲ႔နည္းေလးကေတာ့ …သူမက ေရမ်ားမ်ားေသာက္ပါတယ္တဲ႔။သူမသေဘာက်တဲ႔ဒီခႏၶာကုိယ္ကုိထိန္းသိမ္းဖုိ႔ Detox လည္းမ်ားမ်ားလုပ္ပါတယ္။ဆံပင္နဲ႔အသားအရည္ကုိလည္းပံုမွန္ေပါင္းတင္ေပးပါတယ္တဲ႔။ဒါေၾကာင့္သူတုိ႔ေတြအျမဲလွေနတာေပါ့။သူမက မိတ္ကပ္ထက္ mask ေလးေတြသံုးျပီး သဘာ၀အတုိင္းလွပတဲ႔အသားအရည္မ်ိဳးကုိရေအာင္လုပ္ေလ့ရွိတယ္လုိ႔လည္းေျပာျပခဲ႔ပါတယ္။

Taylor Hill

Victoria Secret ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္တဲ႔ Taylor Hill ကေတာ ့သူမအတြက္မရွိမျဖစ္လိုအပ္တဲ႔ပစၥည္းက အုန္းဆီပါတဲ႔။အုန္းဆီကုိ ခႏၶာကုိယ္တစ္ခုလံုးလိမ္းက်ံေပးျပီး တစ္ခါတစ္ေလမ်က္ႏွာကုိေတာင္လိမ္းေလ့ရွိပါသတဲ႔။ခရီးသြားရင္လည္းအုန္းဆီအျမဲတမ္းယူသြားတယ္လုိ႔သိရပါတယ္။အုန္းဆီက အသားအရည္နဲ႔ပတ္သက္ျပီးေကာင္းက်ိဳးေတြမ်ားတာ သူေလးလည္းသိတယ္ထင္ပါရဲ႔။

Lindsay Ellingson

Lindsay Ellingson က ေရမ်ားမ်ားေသာက္တာကအေရးၾကီးဆံုးပဲလုိ႔ေျပာခဲ႔ပါတယ္။ သူမရဲ႔အသားအရည္ ကုိေရဓာတ္ျပည့္၀ေအာင္ အျမဲထားပါတယ္။အဲ႔ဒါေၾကာင့္သူမရဲ ႔အသားအရည္ကေျခာက္ေသြ႔မေနပဲ စိုျပည္လန္းဆန္းေနတာပါ။တစ္ေန႔ကုိေရမ်ားမ်ားေသာက္ေပးျပီး ေကာင္းေကာင္းအနားယူပါ။ မ်က္လံုးအေရးအေၾကာင္းမျဖစ္ေအာင္ေကာင္းမြန္တဲ႔ကရင္မ္ပံုမွန္သံုးေပးပါလုိ႔အၾကံေပးခဲ႔ပါတယ္။

Candice Swanepoel

Victoria’s Secret ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္တဲ႔ Candice Swanepoel က ခႏၶာကိုယ္အသားအရည္လွဖို႔ ဗီတာမင္စီနဲ႔ဒီပါ၀င္တဲ႔အစားအစာေတြမ်ားမ်ားစားပါလုိ႔အၾကံေပးထားပါတယ္။က်န္းမာျပီးေတာက္ပတဲ႔အသားအရည္ကုိရဖို႔က ကုိယ္စားတဲ႔အစားအစာအေပၚမူတည္ပါတယ္လို႔ ေျပာခ႔ဲပါတယ္။

Erin Heatherton

Erin Heatherton ကေတာ့ တကယ္လွခ်င္တယ္ဆိုရင္ ညဘက္ေတြမွာအိပ္ေရး၀ေအာင္အိပ္ပါတဲ႔။ အိပ္ေရး၀၀အိပ္တာကသင့္ရဲ ႔အသားအရည္ကုိလည္းေကာင္းမြန္ေစသလို ေကာင္းက်ိဳးေတြအမ်ားၾကီးေပးစြမ္းပါတယ္လို႔ေျပာျပခဲ႔ပါတယ္။အိပ္ေရး၀၀အိပ္တာကလည္း အလွအပနဲ႔ပတ္သက္ျပီးတစ္ဖက္တစ္လမ္းကအက်ိဳးျပဳေနပါတယ္။

Lily Aldridge

Lily Aldridge ကလည္း သူမရဲ ႔လွပတဲ႔အသားအရည္လ်ွိဳ႔၀ွက္ခ်က္ကုိေျပာျပခဲ႔ပါတယ္။ သူကေန႔တုိင္းေရမ်ားမ်ားေသာက္ပါတယ္တဲ႔။ဒါ့အျပင္ အုန္းေရလည္းအျမဲေသာက္ျပီးေထာပတ္သီးလည္း ပံုမွန္စားပါတယ္။သူမရဲ႔အသားအရည္ၾကည္လင္ေတာက္ပဖို႔ဆယ္လ္မြန္ငါးလည္းမ်ားမ်ားစားပါတယ္လို႔ေျပာျပခဲ႔ပါတယ္။

Jessica Hart

Jessica Hart ကေတာ့ မ်က္ေတာင္ေလးေတြနဲ႔ပတ္သက္ျပီးအၾကံေပးထားပါတယ္။ မ်က္ေတာင္ေကာ့တံခ်ည္းပဲသီးသန႔္သံုးေပးပါတဲ႔။ တစ္ခါတစ္ေလသူမက မက္စ္ကာရာမျခယ္ပဲ မ်က္ေတာင္ေကာ့တံကုိပဲသံုးေလ့ရွိပါတယ္။ဘာလို႔လဲဆိုရင္ မက္စ္ကာရာမပါပဲ မ်က္ေတာင္ေကာ့တံသံုးတာကမ်က္ေတာင္ေမႊးေလးေတြ ပုိျပီးေကာ့ေစျပီးမ်က္လံုးကုိက်ယ္၀န္းေစတယ္လို႔သူမကထင္လို႔ပါတဲ႔။

Unicode

Victoria’s Secret မော်ဒယ်လ်လို့ပြောရင် မသိတဲ့သူရှားပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ဆိုတာ ပိန်သွယ်လှပပြီးကျစ်လစ်နေသလို အလှအပနဲ့ပတ်သက်လာရင်အမြဲတမ်းထိန်းသိမ်းနေကြတဲ့သူတွေပါ။ဒါကြောင့် Trend ရဲ့ ပျိုမေတွေကို Victoria’s Secret မော်ဒယ်လ်တွေရဲ ့ကျန်းမာရေးနဲ့အလှအပထိန်းသိမ်းနည်းလေးတွေပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

Bella Hadid

Bella Hadid ရဲ ့အလှအပထိန်းသိမ်းတဲ့နည်းလေးကတော့ …သူမက ရေများများသောက်ပါတယ်တဲ့။သူမသဘောကျတဲ့ဒီခန္ဓာကိုယ်ကိုထိန်းသိမ်းဖို့ Detox လည်းများများလုပ်ပါတယ်။ဆံပင်နဲ့အသားအရည်ကိုလည်းပုံမှန်ပေါင်းတင်ပေးပါတယ်တဲ့။ဒါကြောင့်သူတို့တွေအမြဲလှနေတာပေါ့။သူမက မိတ်ကပ်ထက် mask လေးတွေသုံးပြီး သဘာဝအတိုင်းလှပတဲ့အသားအရည်မျိုးကိုရအောင်လုပ်လေ့ရှိတယ်လို့လည်းပြောပြခဲ့ပါတယ်။

Taylor Hill

Victoria Secret မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Taylor Hill ကတော ့သူမအတွက်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းက အုန်းဆီပါတဲ့။အုန်းဆီကို ခန္ဓာကိုယ်တစ်ခုလုံးလိမ်းကျံပေးပြီး တစ်ခါတစ်လေမျက်နှာကိုတောင်လိမ်းလေ့ရှိပါသတဲ့။ခရီးသွားရင်လည်းအုန်းဆီအမြဲတမ်းယူသွားတယ်လို့သိရပါတယ်။အုန်းဆီက အသားအရည်နဲ့ပတ်သက်ပြီးကောင်းကျိုးတွေများတာ သူလေးလည်းသိတယ်ထင်ပါရဲ့။

Lindsay Ellingson

Lindsay Ellingson က ရေများများသောက်တာကအရေးကြီးဆုံးပဲလို့ပြောခဲ့ပါတယ်။ သူမရဲ့အသားအရည် ကိုရေဓာတ်ပြည့်ဝအောင် အမြဲထားပါတယ်။အဲ့ဒါကြောင့်သူမရဲ ့အသားအရည်ကခြောက်သွေ့မနေပဲ စိုပြည်လန်းဆန်းနေတာပါ။တစ်နေ့ကိုရေများများသောက်ပေးပြီး ကောင်းကောင်းအနားယူပါ။ မျက်လုံးအရေးအကြောင်းမဖြစ်အောင်ကောင်းမွန်တဲ့ကရင်မ်ပုံမှန်သုံးပေးပါလို့အကြံပေးခဲ့ပါတယ်။

Candice Swanepoel

Victoria’s Secret မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Candice Swanepoel က ခန္ဓာကိုယ်အသားအရည်လှဖို့ ဗီတာမင်စီနဲ့ဒီပါဝင်တဲ့အစားအစာတွေများများစားပါလို့အကြံပေးထားပါတယ်။ကျန်းမာပြီးတောက်ပတဲ့အသားအရည်ကိုရဖို့က ကိုယ်စားတဲ့အစားအစာအပေါ်မူတည်ပါတယ်လို့ ပြောခဲ့ပါတယ်။

Erin Heatherton

Erin Heatherton ကတော့ တကယ်လှချင်တယ်ဆိုရင် ညဘက်တွေမှာအိပ်ရေးဝအောင်အိပ်ပါတဲ့။ အိပ်ရေးဝဝအိပ်တာကသင့်ရဲ ့အသားအရည်ကိုလည်းကောင်းမွန်စေသလို ကောင်းကျိုးတွေအများကြီးပေးစွမ်းပါတယ်လို့ပြောပြခဲ့ပါတယ်။အိပ်ရေးဝဝအိပ်တာကလည်း အလှအပနဲ့ပတ်သက်ပြီးတစ်ဖက်တစ်လမ်းကအကျိုးပြုနေပါတယ်။

Lily Aldridge

Lily Aldridge ကလည်း သူမရဲ ့လှပတဲ့အသားအရည်လျှို့ဝှက်ချက်ကိုပြောပြခဲ့ပါတယ်။ သူကနေ့တိုင်းရေများများသောက်ပါတယ်တဲ့။ဒါ့အပြင် အုန်းရေလည်းအမြဲသောက်ပြီးထောပတ်သီးလည်း ပုံမှန်စားပါတယ်။သူမရဲ့အသားအရည်ကြည်လင်တောက်ပဖို့ဆယ်လ်မွန်ငါးလည်းများများစားပါတယ်လို့ပြောပြခဲ့ပါတယ်။

Jessica Hart

Jessica Hart ကတော့ မျက်တောင်လေးတွေနဲ့ပတ်သက်ပြီးအကြံပေးထားပါတယ်။ မျက်တောင်ကော့တံချည်းပဲသီးသန့်သုံးပေးပါတဲ့။ တစ်ခါတစ်လေသူမက မက်စ်ကာရာမခြယ်ပဲ မျက်တောင်ကော့တံကိုပဲသုံးလေ့ရှိပါတယ်။ဘာလို့လဲဆိုရင် မက်စ်ကာရာမပါပဲ မျက်တောင်ကော့တံသုံးတာကမျက်တောင်မွှေးလေးတွေ ပိုပြီးကော့စေပြီးမျက်လုံးကိုကျယ်ဝန်းစေတယ်လို့သူမကထင်လို့ပါတဲ့။

217 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.