ေသဆံုးျပီးခ်ိန္မွာေတာင္ တစ္ျခားသူေတြရဲ႔ဘ၀ကုိ ကူညီကယ္တင္ေပးႏုိင္ခဲ႔႔တဲ႔ နာမည္ေက်ာ္ၾကားသူမ်ား

တစ္ခ်ိဳ႔ေသာသူေတြရဲ႔ေသဆံုးမႈက လူအမ်ားစုရဲ႔ဘ၀ေတြ၊အသက္ေတြကုိကယ္တင္ႏုိင္ခဲ႔ပါတယ္။အထူးသျဖင့္ နာမည္ေက်ာ္ၾကားတဲ႔အႏုပညာရွင္ေတြေသဆံုးတဲ႔အခါ သူတုိ႔ဘာေၾကာင့္ေသတယ္ဆုိတဲ႔အေၾကာင္းက တစ္ျခားသူေတြအတြက္အခ်က္ျပမီးတစ္ခုျဖစ္ခဲ႔ပါတယ္။အႏုပညာရွင္ေတြက
သူတုိ႔မေသဆံုးခင္ ကလည္းပရိသတ္ေတြအတြက္ျဖစ္ခဲ႔သလို သူတုိ႔ေသဆံုးျပီးခ်ိန္မွာလည္း ပရိသတ္ေတြအတြက္အက်ိဳးျပဳႏုိင္ခဲ႔ၾကပါတယ္။ဘယ္လုိအက်ိဳးျပဳႏုိင္ခဲ႔တာလဲ?

Rock Hudson ေၾကာင့္ AIDS ေရာဂါကုိ လူေတြပုိျပီးသတိထားလာၾကတယ္

မင္းသား Rock Hudson ဟာ AIDS ေရာဂါရွိေနေၾကာင္းပရိသတ္ေတြကုိအသိေပးခဲ႔ျပီးတဲ႔ေနာက္ ရုတ္တရက္ဆုိသလို လူအမ်ားစုဟာ ဒီေရာဂါနဲ႔ပတ္သက္လို႔ေလ့လာစံုစမ္းတာေတြ၊သတိျပဳစရာေတြေရွာင္ရန္၊ေဆာင္ရန္ေတြကုိ ေလ့လာခဲ႔ၾကပါတယ္တဲ႔။သူနဲ႔ရင္းႏွီးခဲ႔တဲ႔သူငယ္ခ်င္း Elizabeth Taylor ဟာလည္း အဲဒီအခိ်န္ကစလို႔ Elizabeth Taylor AIDS Foundation ကုိဖြင့္လွစ္ခဲ႔ျပီးဘ၀ေတြအမ်ားၾကီးကုိကူညီေပးခဲ႔ပါတယ္။

Kate Spade နဲ႔ Anthony Bourdain တုိ႔ရဲ ႔ေသဆံုးမႈက မရွိေတာ့မွတန္ဖုိးထားရေကာင္းမွန္းသိတဲ႔သူေတြကုိ အသိတရားရေစခဲ႔တယ္

၂၀၁၈ ဇြန္လ ၅ရက္ေန႔တုန္းက Kate Spade ဟာ သူမကုိယ္သူမအဆံုးစီရင္ခဲ႔ျပီး ေနာက္သံုးရက္အၾကာမွာ Anthony Bourdain ဟာ ျပင္သစ္မွာသူ႔ကုိယ္သူအဆံုးစီရင္ခဲ႔ပါတယ္။သူတုိ႔ကုိခ်စ္တဲ႔ပရိသတ္ေတြအတြက္၀မ္းနည္းစရာျဖစ္ခဲ႔ျပီး ဒါက လူေတြတစ္ေယာက္ကုိတစ္ေယာက္
အခ်ိန္လြန္မွအားေပးႏွစ္သိမ့္တာမ်ိဳးမလုပ္မိဖို႔အသိေပးလုိက္သလုိပါပဲ။ေလ့လာခ်က္အရ ဆယ္လီႏွစ္ေယာက္အဆံုးစီရင္မႈအျပီးမွာNational Suicide Prevention Lifeline ဟာ ၆၅ ရာခိုင္ႏႈန္းကေန ၁၁၅ ရာခိုင္ႏႈန္းအထိတုိးတက္လာျပီး ကာကြယ္မႈေတြပုိျပီးတင္းက်ပ္လာခဲ႔တယ္လုိ႔သိရပါတယ္။တစ္ေယာက္ေယာက္မွာ Suicide လုပ္ဖုိ႔အေတြး၀င္ေနရင္ အဲ႔ဒီကာကြယ္ေရးဌာနကုိအေၾကာင္းၾကားလို႔ရပါတယ္။

Jayne Mansfield ေၾကာင့္လူေတြဟာ ကားမေတာ္တဆမႈမျဖစ္ပြားေအာင္ ပုိုျပီးသတိထားလာၾကတယ္

နာမည္ေက်ာ္သရုပ္ေဆာင္ေမာ္ဒယ္အလွဘုရင္မတစ္ေယာက္ျဖစ္ခဲ႔တဲ႔ Jayne Mansfield ဟာ ကားမေတာ္တဆမႈနဲ႔ေသဆံုးခဲ႔တာျဖစ္ပါတယ္။ေဖ်ာ္ေျဖပြဲတစ္ခုကေနအျပန္ ညလည္းအရမ္းေမွာင္ေနျပီးကားေမာင္းသူရဲ႔မ်က္လံုးဟာလည္းေ၀၀ါးေနတာေၾကာင့္ထရပ္ကားလာေနတာကုိမျမင္ခဲ႔ပါဘူး။အဲ႔ဒီမွာသူမရဲ ႔ကေလးသံုးေယာက္၊ေရွ႔ေန၊ေခြးေလးေကာင္ပါ၀င္တဲ႔ကားဟာ မေတာ္တဆမႈျဖစ္ခဲ႔ျပီးထရပ္ကားေအာက္ကုိ၀င္သြားခဲ႔ပါတယ္။Mansfield ၊ကားေမာင္းသူနဲ႔ေရွ႔ေနက ခ်က္ခ်င္းေသဆံုးခဲ႔ျပီး ကေလးေတြနဲ႔ေခြးေလးေတြကေတာ့ ဒဏ္ရာအနည္းသာရရွိခဲ႔ပါတယ္။အဲ႔ဒီကစလုိ႔
ကားလမ္းလံုျခံဳေရးေတြက တင္းက်ပ္ခဲ႔ျပီးကားမေတာ္တဆမႈေတြေလ်ာ့ပါးေအာင္ကာကြယ္ခဲ႔ၾကတယ္လုိ႔သိရပါတယ္။ထရပ္ကားေတြရဲ႔ေအာက္မွာ under-ride bars ေတြတပ္ဆင္ဖုိ႔ေၾကညာခဲ႔ပါတယ္။အဲ႔ဒါေတြက ကားေသးေလးေတြေအာက္ထဲ၀င္လာတဲ႔အခါ ရပ္တန႔္ထားလုိ႔ရပါတယ္။အေျပာင္းအလဲတစ္ခုကုိလုပ္ေပးခဲ႔တဲ႔အမ်ိဳးသမီးကုိဂုဏ္ျပဳတဲ႔အေနနဲ႔ “Mansfield bars” လုိ႔လည္းေခၚၾကပါတယ္။

Natasha Richardson ရဲ ႔ေသဆံုးမႈက ကုိယ့္အတြက္မလိုအပ္ေတာ့တဲ႔ကုိယ္တြင္းအဂၤါေတြကုိတစ္ျခားသူေတြကုိေပးလုိ႔ရတယ္ဆုိတဲ႔အသိကုိရေစခဲ႔တယ္

၂၀၁၄ တုန္းကဆုိ တစ္ေန႔မွာ လူ ၂၁ေယာက္က ကုိယ္တြင္းအဂၤါလဲလွယ္ဖုိ႔ေစာင့္ရင္းေသဆံုးၾကရပါတယ္။အေမရိကန္လူမ်ိဳး ၄၅ရာခုိင္ႏႈန္းကသာ သူတုိ႔ေသဆံုးသြားခဲ႔တဲ႔အခါကုိယ္တြင္းအဂၤါေတြလွဴဒါန္းဖုိ႔စာရြက္စာတမ္းနဲ႔ျပဳလုပ္ခဲ႔ၾကပါတယ္။နာမည္ေက်ာ္မင္းသမီး Natasha Richardson ဟာလည္းတကယ့္ကုိအံ႔ၾသဖုိ႔ေကာင္းတဲ႔အမ်ိဳးသမီးတစ္ေယာက္ပါ။၂၀၀၉ ခုႏွစ္တုန္းက စကိတ္စီးရင္းသူမရဲ႔ ေခါင္းကုိထိခိုက္ခဲ႔ပါတယ္။မိသားစုေတြက ေဆးရံုကုိပုိ႔ေပးခဲ႔ျပီး သူမ မေသဆံုးခင္မွာေနာက္ဆံုးဆႏၵအျဖစ္ သူမရဲ ႔ကုိယ္တြင္းအဂၤါေတြကုိလွဴဒါန္းခဲ႔တာျဖစ္ပါတယ္။သူမရဲ႔ႏွလံုး၊အသည္းနဲ႔ေက်ာက္ကပ္ဟာ တစ္ျခားသူသံုးေယာက္အသက္ရွင္ေအာင္ကယ္တင္ေပးႏုိင္ခဲ႔ပါတယ္။

Rebecca Schaeffer ရဲ ႔ေသဆံုးမႈေၾကာင့္ ေနာက္ေယာင္ခံလိုက္တာဟာျပစ္မႈေျမာက္တယ္လုိ႔ဥေပဒရွိလာခဲ႔တယ္

ကုိယ့္အေနာက္ကေန တစ္ေယာက္ေယာက္က ေန႔တုိင္းလုိက္ေနတာဟာ သာမန္လုိ႔ထင္ေနလို႔မရပါဘူး။မင္းသမီး Rebecca Schaeffer ဟာ ေနာက္ေယာင္ခံလိုက္ခံရျပီး အသတ္ခံခဲ႔ရတာပါ။သူမရဲ႔ေသဆံုးမႈေၾကာင့္ ေနာက္ေယာင္ခံလိုက္တာကုိ ျပစ္မႈလို႔သတ္မွတ္ျပီး အဲ႔ဒီလူေတြကုိ အျပစ္ေပးႏုိင္ခဲ႔ပါတယ္။ကယ္လီဖုိးနီးယားမွာဆုိ ဒီလုိေနာက္ေယာင္ခံလုိက္တာက ပုိျပီးအျပစ္ၾကီးပါတယ္။ေနာက္ေယာင္ခံလုိက္ျပီးျပစ္မႈက်ဴးလြန္တတ္တာေၾကာင့္အခုလို ဥပေဒသတ္မွတ္ေပးလိုက္တာဟာ အႏုပညာရွင္ေတြအတြက္ေရာ၊သာမန္လူေတြအတြက္ပါ အသက္ရႈနည္းနည္းေခ်ာင္သြားႏုိင္ခဲ႔ပါတယ္။ဒါက မင္းသမီး Rebecca Schaeffer ေၾကာင့္ပါပဲ။

Unicode

တစ်ချို့သောသူတွေရဲ့သေဆုံးမှုက လူအများစုရဲ့ဘဝတွေ၊အသက်တွေကိုကယ်တင်နိုင်ခဲ့ပါတယ်။အထူးသဖြင့် နာမည်ကျော်ကြားတဲ့အနုပညာရှင်တွေသေဆုံးတဲ့အခါ သူတို့ဘာကြောင့်သေတယ်ဆိုတဲ့အကြောင်းက တစ်ခြားသူတွေအတွက်အချက်ပြမီးတစ်ခုဖြစ်ခဲ့ပါတယ်။အနုပညာရှင်တွေက
သူတို့မသေဆုံးခင် ကလည်းပရိသတ်တွေအတွက်ဖြစ်ခဲ့သလို သူတို့သေဆုံးပြီးချိန်မှာလည်း ပရိသတ်တွေအတွက်အကျိုးပြုနိုင်ခဲ့ကြပါတယ်။ဘယ်လိုအကျိုးပြုနိုင်ခဲ့တာလဲ?

Rock Hudson ကြောင့် AIDS ရောဂါကို လူတွေပိုပြီးသတိထားလာကြတယ်

မင်းသား Rock Hudson ဟာ AIDS ရောဂါရှိနေကြောင်းပရိသတ်တွေကိုအသိပေးခဲ့ပြီးတဲ့နောက် ရုတ်တရက်ဆိုသလို လူအများစုဟာ ဒီရောဂါနဲ့ပတ်သက်လို့လေ့လာစုံစမ်းတာတွေ၊သတိပြုစရာတွေရှောင်ရန်၊ဆောင်ရန်တွေကို လေ့လာခဲ့ကြပါတယ်တဲ့။သူနဲ့ရင်းနှီးခဲ့တဲ့သူငယ်ချင်း Elizabeth Taylor ဟာလည်း အဲဒီအချိန်ကစလို့ Elizabeth Taylor AIDS Foundation ကိုဖွင့်လှစ်ခဲ့ပြီးဘဝတွေအများကြီးကိုကူညီပေးခဲ့ပါတယ်။

Kate Spade နဲ့ Anthony Bourdain တို့ရဲ ့သေဆုံးမှုက မရှိတော့မှတန်ဖိုးထားရကောင်းမှန်းသိတဲ့သူတွေကို အသိတရားရစေခဲ့တယ်

၂၀၁၈ ဇွန်လ ၅ရက်နေ့တုန်းက Kate Spade ဟာ သူမကိုယ်သူမအဆုံးစီရင်ခဲ့ပြီး နောက်သုံးရက်အကြာမှာ Anthony Bourdain ဟာ ပြင်သစ်မှာသူ့ကိုယ်သူအဆုံးစီရင်ခဲ့ပါတယ်။သူတို့ကိုချစ်တဲ့ပရိသတ်တွေအတွက်ဝမ်းနည်းစရာဖြစ်ခဲ့ပြီး ဒါက လူတွေတစ်ယောက်ကိုတစ်ယောက်
အချိန်လွန်မှအားပေးနှစ်သိမ့်တာမျိုးမလုပ်မိဖို့အသိပေးလိုက်သလိုပါပဲ။လေ့လာချက်အရ ဆယ်လီနှစ်ယောက်အဆုံးစီရင်မှုအပြီးမှာNational Suicide Prevention Lifeline ဟာ ၆၅ ရာခိုင်နှုန်းကနေ ၁၁၅ ရာခိုင်နှုန်းအထိတိုးတက်လာပြီး ကာကွယ်မှုတွေပိုပြီးတင်းကျပ်လာခဲ့တယ်လို့သိရပါတယ်။တစ်ယောက်ယောက်မှာ Suicide လုပ်ဖို့အတွေးဝင်နေရင် အဲ့ဒီကာကွယ်ရေးဌာနကိုအကြောင်းကြားလို့ရပါတယ်။

Jayne Mansfield ကြောင့်လူတွေဟာ ကားမတော်တဆမှုမဖြစ်ပွားအောင် ပိုုပြီးသတိထားလာကြတယ်

နာမည်ကျော်သရုပ်ဆောင်မော်ဒယ်အလှဘုရင်မတစ်ယောက်ဖြစ်ခဲ့တဲ့ Jayne Mansfield ဟာ ကားမတော်တဆမှုနဲ့သေဆုံးခဲ့တာဖြစ်ပါတယ်။ဖျော်ဖြေပွဲတစ်ခုကနေအပြန် ညလည်းအရမ်းမှောင်နေပြီးကားမောင်းသူရဲ့မျက်လုံးဟာလည်းဝေ၀ါးနေတာကြောင့်ထရပ်ကားလာနေတာကိုမမြင်ခဲ့ပါဘူး။အဲ့ဒီမှာသူမရဲ ့ကလေးသုံးယောက်၊ရှေ့နေ၊ခွေးလေးကောင်ပါဝင်တဲ့ကားဟာ မတော်တဆမှုဖြစ်ခဲ့ပြီးထရပ်ကားအောက်ကိုဝင်သွားခဲ့ပါတယ်။Mansfield ၊ကားမောင်းသူနဲ့ရှေ့နေက ချက်ချင်းသေဆုံးခဲ့ပြီး ကလေးတွေနဲ့ခွေးလေးတွေကတော့ ဒဏ်ရာအနည်းသာရရှိခဲ့ပါတယ်။အဲ့ဒီကစလို့
ကားလမ်းလုံခြုံရေးတွေက တင်းကျပ်ခဲ့ပြီးကားမတော်တဆမှုတွေလျော့ပါးအောင်ကာကွယ်ခဲ့ကြတယ်လို့သိရပါတယ်။ထရပ်ကားတွေရဲ့အောက်မှာ under-ride bars တွေတပ်ဆင်ဖို့ကြေညာခဲ့ပါတယ်။အဲ့ဒါတွေက ကားသေးလေးတွေအောက်ထဲဝင်လာတဲ့အခါ ရပ်တန့်ထားလို့ရပါတယ်။အပြောင်းအလဲတစ်ခုကိုလုပ်ပေးခဲ့တဲ့အမျိုးသမီးကိုဂုဏ်ပြုတဲ့အနေနဲ့ “Mansfield bars” လို့လည်းခေါ်ကြပါတယ်။

Natasha Richardson ရဲ ့သေဆုံးမှုက ကိုယ့်အတွက်မလိုအပ်တော့တဲ့ကိုယ်တွင်းအင်္ဂါတွေကိုတစ်ခြားသူတွေကိုပေးလို့ရတယ်ဆိုတဲ့အသိကိုရစေခဲ့တယ်

၂၀၁၄ တုန်းကဆို တစ်နေ့မှာ လူ ၂၁ယောက်က ကိုယ်တွင်းအင်္ဂါလဲလှယ်ဖို့စောင့်ရင်းသေဆုံးကြရပါတယ်။အမေရိကန်လူမျိုး ၄၅ရာခိုင်နှုန်းကသာ သူတို့သေဆုံးသွားခဲ့တဲ့အခါကိုယ်တွင်းအင်္ဂါတွေလှူဒါန်းဖို့စာရွက်စာတမ်းနဲ့ပြုလုပ်ခဲ့ကြပါတယ်။နာမည်ကျော်မင်းသမီး Natasha Richardson ဟာလည်းတကယ့်ကိုအံ့သြဖို့ကောင်းတဲ့အမျိုးသမီးတစ်ယောက်ပါ။၂၀၀၉ ခုနှစ်တုန်းက စကိတ်စီးရင်းသူမရဲ့ ခေါင်းကိုထိခိုက်ခဲ့ပါတယ်။ဆေးရုံကိုပို့ပေးခဲ့ပြီး သူမမသေဆုံးခင်မှာနောက်ဆုံးဆန္ဒအဖြစ် သူမရဲ ့ကိုယ်တွင်းအင်္ဂါတွေကိုလှူဒါန်းခဲ့တာဖြစ်ပါတယ်။သူမရဲ့နှလုံး၊အသည်းနဲ့ကျောက်ကပ်ဟာ တစ်ခြားသူသုံးယောက်အသက်ရှင်အောင်ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

Rebecca Schaeffer ရဲ ့သေဆုံးမှုကြောင့် နောက်ယောင်ခံလိုက်တာဟာပြစ်မှုမြောက်တယ်လို့ဥပေဒရှိလာခဲ့တယ်

ကိုယ့်အနောက်ကနေ တစ်ယောက်ယောက်က နေ့တိုင်းလိုက်နေတာဟာ သာမန်လို့ထင်နေလို့မရပါဘူး။မင်းသမီး Rebecca Schaeffer ဟာ နောက်ယောင်ခံလိုက်ခံရပြီး အသတ်ခံခဲ့ရတာပါ။သူမရဲ့သေဆုံးမှုကြောင့် နောက်ယောင်ခံလိုက်တာကို ပြစ်မှုလို့သတ်မှတ်ပြီး အဲ့ဒီလူတွေကို အပြစ်ပေးနိုင်ခဲ့ပါတယ်။ကယ်လီဖိုးနီးယားမှာဆို ဒီလိုနောက်ယောင်ခံလိုက်တာက ပိုပြီးအပြစ်ကြီးပါတယ်။နောက်ယောင်ခံလိုက်ပြီးပြစ်မှုကျူးလွန်တတ်တာကြောင့်အခုလို ဥပဒေသတ်မှတ်ပေးလိုက်တာဟာ အနုပညာရှင်တွေအတွက်ရော၊သာမန်လူတွေအတွက်ပါ အသက်ရှုနည်းနည်းချောင်သွားနိုင်ခဲ့ပါတယ်။ဒါက မင်းသမီး Rebecca Schaeffer ကြောင့်ပါပဲ။

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.