ကျောက်တည်ခြင်းဝေဒနာအကြောင်းတစ်စေ့တစ်စောင်း
ဒီလိုမှမဟုတ်ပဲ ကျောက်ကလေးအခုမှစတည်ခါစဆိုရင်တော့ ကျောက်ကြေသွားအောင် ရေများများသောက်ပေးပါ၊ ကျောက်ကြေဖို့အကောင်းဆုံး
Unicode
ကျောက်တည်တည်ဆိုတာ ကြောက်စရာကောင်းတဲ့ရောဂါမျိုးကြီးတော့မဟုတ်ပင်မဲ့သတိထားသင့်တဲ့ရောဂါတစ်ခုဆိုလည်းမမှားပါဘူး။ ကျောက်တည်ခြင်းက ခန္ဓာကိုယ်အတွင်းဘက်အစိတ်ပိုင်းနေရာစုံမှာတည်တတ်ပြီး အထူးသဖြင့် အူမကြီး၊ အစာအိမ်၊ အသည်းနဲ့ ကျောက်ကပ်တို့မှာပိုပြီးကျောက်တည်တာမျိုးတွေဖြစ်တတ်ကြပါတယ်။
ကျောက်တည်ခြင်းက ဘယ်လိုအရာတွေကစဖြစ်တတ်သလဲ…
ကျောက်တည်ခြင်းကအထူးသဖြင့်ရေဓာတ်အားနည်းမှုနဲ့၊ ထုံးဓာတ်များမှုတွေမှာအဖြစ်မှားပါတယ်။ ဥပမာ ဆေးအလွန်အကျွံသောက်သုံးရတဲ့သူတွေ၊ ထုံးဓာတ်များတဲ့အရာတစ်ခုခုကို ပုံမှန်မှီဝဲသူတွေနဲ့ ကွမ်းစားတဲ့သူတွေ မှာအများဆုံးဖြစ်တတ်တဲ့ရောဂါတစ်ခုပါ။ ဆေးဝါးတွေကို နေ့စဉ်မှီဝဲသူတွေဟာလည်းဆေးသောက်တာများပြီးဆေးဒဏ်တွေကြောင့် ခန္ဓာကိုယ်အတွင်းကျောက်တည်တာမျိုးတွေလည်းအဖြစ်များကြပါတယ်။
ကျောက်တည်နေပြီဆိုရင် ဘာတွေကနေလက္ခဏာပြလဲ…
ကျောက်တည်ပြီဆိုရင် တည်တဲ့နေရာနားကနေ မကြာခဏ အောင့်အောင့်လာတတ်တယ်၊ ဥပမာကျောက်ကပ်မှာ ကျောက်တည်ရင် ခါးနေရာနားကနာနေတာမျိုးတစ်ချက်တစ်ချက်အောင့်တောင့်တောင့်ဖြစ်တာမျိုးခံစားရတတ်ပါတယ်။ ကျောက်တွေများကြိီးစုပုံလာမှသာ(သို့)ကျောက်ကြီးကြီးလာမှသာသိသိသာသာခံစားရတတ်တာပါ။ပုံမှန်ကျောက်စဖြစ်ခါစ နည်းပြီးအသေးလေးဆိုရင်တော့သိပ်ပြီးနာကျင်မှုကိုခံစားမိမယ်မထင်ပါဘူး။
ကျောက်တည်ခြင်းကို ဘယ်လိုကုသနိုင်သလဲ…
ကျောက်တည်တယ်ဆိုတာသိပြီဆိုရင်တော့ အရွယ်ကြီးပြီးကျောက်တွေများနေရင် ချက်ချင်းခွဲထုတ်လိုက်ပြီးဖယ်ထုတ်လိုက်ပါ။
ဒီလိုမှမဟုတ်ပဲ ကျောက်ကလေးအခုမှစတည်ခါစဆိုရင်တော့ ကျောက်ကြေသွားအောင် ရေများများသောက်ပေးပါ၊ ကျောက်််််််််််််််််််််််််််ကြေဖို့အကောင်းဆုံး
ဆေးတစ်လက်ကရေပါပဲ ကျောက်တည်နေတဲ့လူနာတွေကရေကို ဆေးလိုမျိုးပဲအားရင်အားသလိုကိုသောက်ပေးနေရပါတယ်။ ကျောက်စဖြစ်ဖြစ်ချင်းအသေးလေးပဲ ခွဲစရာ စုပ်ထုတ်စရာမလိုသေးတဲ့
အခြေနေမှာတော့ ရေများများသောက်ရင် သူ့ဘာသာ auto ကျောက်ကြေသွားတဲ့နည်းကိုသုံးတာအကောင်းဆုံးပါပဲ…
337 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.