2018 APAN Star ပွဲမှာ ဆုကိုယ်စီသိမ်းပိုက်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်များ
Unicode
တောင်ကိုရီးယားနိုင်ငံရဲ ့ “Winners of the 2018 APAN Star Awards” ဆုပေးပွဲကြီးကို အောက်တိုဘာ ၁၃ရက်နေ့က Kyunghee တက္ကသိုလ်မှာကျင်းပခဲ့တယ်လို့သိရပါတယ်။ဒီပွဲကြီးအတွက်  Kim Seung Woo က အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပေးခဲ့ပါတယ်။
ဒီဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးဒရာမာဆု “Drama of the Year”ဆုကို “Mr.Sunshine”ဇာတ်ကားကရရှိသွားခဲ့ပါတယ်။ဒီကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Lee Byung Hun က Daesang (Grand Prize)ဆုရရှိခဲ့ပါတယ်တဲ့။Mr.Sunshine ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kim Tae Ri ကလည်း အကောင်းဆုံးမင်းသမီးအဖြစ် Best New Actress ဆုကိုရရှိခဲ့ပါတယ်။
နှုတ်ခမ်းနီမလေးတွေအသည်းစွဲ”What’s Wrong With Secretary Kim?”မင်းသား Park Seo Joon နဲ့ “My Ahjussi” မင်းသမီး IU တို့က Top ExcellenceAward ဆုကိုယ်စီရရှိခဲ့ကြတယ်လို့သိရပါတယ်။Excellence Award ဆုနဲ့ K-star Award (Most Popular) ဆုကိုတော့ အမျိုးသားထဲမှာဆို မင်းသား Jung Hae In (Pretty Noona Who Buys Me Food) က ဆွတ်ခူးသွားခဲ့ပြီး အမျိုးသမီးထဲမှာတော့ မင်းသမီးPark Min Young (What’s Wrong with Secretary Kim?”က Most Popular Actress ဆုကိုရရှိခဲ့ပါတယ်။
Global Star Award ဆုကိုတော့မင်းသားချော Park Hae Jin က ရရှိခဲ့တယ်လို့သိရပါတယ်။Congratulations all!
634 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.