ကိုယ္႔ရ႕ဲအတြင္းစိတ္ထဲကသိမ္ငယ္မႈေတြကိုဘယ္လုိဖယ္ရွားရမလဲ….

သိမ္ငယ္မႈေတြကို ဘယ္လုိဖယ္ရွားရမလဲဆိုတာကိုဦးဆံုးမေျပာခင္မွာ ဘယ္လုိလူေတြက ကိုယ္႔ဘ၀ကို သိပ္ငယ္တတ္သလဲဆုိတာ အရင္ေျပာျပေပးခ်င္တယ္ ဒါမွလည္းကိုယ္႔စိတ္ကို ကိုယ္တကယ္နားလည္နုိင္မွာမလို႕ပါ…သိမ္ငယ္တယ္ဆိုတဲ႔သူေတြဟာတစ္ခ်ိန္လံုးငိုေနတတ္တာလားဆိုေတာ႔မဟုတ္ျပန္ဘူး…သူတုိ႕စိတ္ထဲမွာ ဆံုးရံႈးရတဲ႔အရာေတြမ်ားလာတဲ႔အခါ ၊ ဘာလုပ္လုပ္အဆင္မေျပတာေတြျဖစ္လာတဲ႔အခါ၊ ကိုယ္ျကည္ညိဳအားကိုးရတဲ႔တံတိုင္းျကီးတစ္ခုက်ိဳးပဲ႔သြားတဲ႔အခါ၊ ကိုယ္႔ပတ္၀န္းက်င္အသိုင္း၀ိုင္းျကားမွာမ်က္နွာငယ္စြာျကီးျပင္းလာရတဲ႔အခါ ဒီလုိလူေတြစိတ္ထဲမွာ သူမ်ားထက္ပိုသိမ္ငယ္စိတ္ေတြမ်ားေနတတ္ပါတယ္။ အထူးသျဖင္႔ အားေနတဲ႔အခ်ိန္ေတြ အလုပ္မရွိတဲ႔အခ်ိန္ေတြမွာ ေပါက္ပန္းေလးဆယ္ေတြေလ်ွာက္ေတြးျပီး ကိုယ္႔ကိုယ္ကိုယ္အားမလုိအားမရတဲ႔ယံုျကည္မႈကင္းမဲ႔ေနတာမ်ိဳးဟာသိမ္ငယ္ေနတဲ႔သူေတြပါပဲ..ဒီလုိအတြင္းစိတ္ထဲကသိမ္ငယ္မႈေတြေျကာင္႔မလိုအပ္ပဲ တစ္ျခားသူေတြကို ပတ္ရမ္းမယ္ မေကာင္းျမင္မယ္ ကိုယ္႔ရဲ႕အားနည္းခ်က္ ကိုယ္႔ရဲ႕လိုအပ္ခ်က္ကို သူတစ္ပါးရဲ႕အျပစ္အေနနဲ႕ပံုခ်မယ္ …ကိုယ္႔ေဘးနားမွာေနျပီးကုိယ္႔အေပၚေကာင္းေစခ်င္လုိ႕ေဖးမတဲ႔သူေတြကိုအရြဲ႕တုိက္လာမယ္…ဒါမ်ိဳးေတြလုပ္ေနရင္ သတိရလုိက္ပါ သင္႔ဘ၀မျပည္႔စံုမႈကို သင္မျကိုးစားပဲ တစ္ပါးသူကိုမဲေနမိတယ္ဆုိတာ…ဆိုေတာ႔ ဒီလုိသိမ္ငယ္မႈေတြကို ဘယ္လုိ ျပန္ျပီး Motivation ျမွင္႔မလဲ…

(၁) ငါ႔မွာ ဒီလုိေကာင္းမြန္တဲ႔အရည္အခ်င္းေတြရွိတယ္ဆိုတာ သိေအာင္လုပ္ပါ

သိမ္ငယ္တတ္တဲ႔သူေတာ္ေတာ္မ်ားမ်ားဟာ ကိုယ္ဘာေတာ္လို႕ေတာ္မွန္း ဘာအရည္ခ်င္းရွိလို႕ရွိမွန္းမရွာေဖြပဲ ဘာမွမလုပ္တတ္ဘူး ဘာအရည္ခ်င္းမွမရွိဘူးလို႕ပဲထင္တတ္ျကပါတယ္။ ဒါေျကာင္႔ဦးဆံုးကိုယ္႔ကိုယ္ကိုယ္ရွာေဖြပါ။

(၂) ကိုယ္႔ကို ေလးစားသူ ကိုယ္႔စိတ္ကိုျမွင္႔တင္ေပးေနတတ္တဲ႔သူရဲ႕အနားမွာေနပါ

ကိုယ္ဘယ္လုိအေျခေနေရာက္ေရာက္ကိုယ္႔ေဘးနားကေန ကိုယ္႔ကိုေတာ္တယ္ လုပ္ ျကိုးစားမုိက္တယ္ ဆိုတာမ်ိဳးအားေပးေနတဲ႔သူမ်ိဳးကို ဘယ္ေတာ႔မွမစြန္႔ခြာပါနဲ႕။သူတို႕ရဲ႕အားေပးမႈကသင္႔အတြက္သိပ္ကိုခြန္အားျဖစ္ေစပါတယ္။

(၃) သင္႔ကိုကဲ႔ရဲ႕နိွမ္ခ်ခဲ႔သူေတြကို ေတးထားပါ

ကလဲ႔စားေခ်ခိုင္းမုန္းခုိင္းတာမဟုတ္ပါဘူး။ အခ်ိန္တန္သူတို႕ပါးစပ္ဖ်ားမွာ ကိုယ္ဟာ ထင္ေပၚေနသူတစ္ေယာက္ မဟုတ္ရင္ေတာင္ သူတုိ႕ေျပာခ်င္တုိင္းေျပာဆုိခ်င္တုိင္းဆိုလုိ႕ မရေတာ႔တဲ႔သူမ်ိဳးျဖစ္ေနပါေစ။

(၄) ကိုယ္႔ကိုယ္ကိုယ္မညာပါနဲ႕

ကိုယ္ပ်င္းေနမွန္းသိရင္ ျပင္ပါ၊ ကိုယ္တုိင္လုိအပ္ေနမွန္းသိရင္ ကုိယ္တုိင္ျပင္ပါ၊ ျကိုးစားခ်င္စိတ္လုိေနမွန္းသိရင္ျကိုးစားပါ။ ကိုယ္႔ရဲ႕အားနည္းခ်က္ေတြကို သိမ္ငယ္ျပီးသူတစ္ပါးေပၚ မတုိက္ခိုက္ပါနဲ႕။

ေနာက္ဆံုးေျပာခ်င္တာကေတာ႔ေလာကျကီးမွာဘယ္မရာမွကိုယ္တုိင္မျကိုးစားပဲလြယ္လြယ္မရပါဘူး။ ကိုယ္တုိင္မျကိုးစားပဲလြယ္လြယ္ရခဲ႔ရင္ေတာင္ဒီလုိအရာေတြကမစစ္မွန္လုို႕ျကာျကာမခံပါဘူး။ ဒါေျကာင္႔ကိုယ္ျကိုးစားလုိ႔ရတဲ႔အရာေတြကို သာမက္ေမာျပီးသိမ္ငယ္မႈေတြဖယ္ေျဖာက္ကာ ကိုယ္႔ကိုယ္ကိုယ္ရွာေတြ႕နုိင္ပါေစ….

Unicode

သိမ်ငယ်မှုတွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတာကိုဦးဆုံးမပြောခင်မှာ ဘယ်လိုလူတွေက ကိုယ့်ဘဝကို သိပ်ငယ်တတ်သလဲဆိုတာ အရင်ပြောပြပေးချင်တယ် ဒါမှလည်းကိုယ့်စိတ်ကို ကိုယ်တကယ်နားလည်နိုင်မှာမလို့ပါ…သိမ်ငယ်တယ်ဆိုတဲ့သူတွေဟာတစ်ချိန်လုံးငိုနေတတ်တာလားဆိုတော့မဟုတ်ပြန်ဘူး…သူတို့စိတ်ထဲမှာ ဆုံးရှုံးရတဲ့အရာတွေများလာတဲ့အခါ ၊ ဘာလုပ်လုပ်အဆင်မပြေတာတွေဖြစ်လာတဲ့အခါ၊ ကိုယ်ကြည်ညိုအားကိုးရတဲ့တံတိုင်းကြီးတစ်ခုကျိုးပဲ့သွားတဲ့အခါ၊ ကိုယ့်ပတ်ဝန်းကျင်အသိုင်းဝိုင်းကြားမှာမျက်နှာငယ်စွာကြီးပြင်းလာရတဲ့အခါ ဒီလိုလူတွေစိတ်ထဲမှာ သူများထက်ပိုသိမ်ငယ်စိတ်တွေများနေတတ်ပါတယ်။ အထူးသဖြင့် အားနေတဲ့အချိန်တွေ အလုပ်မရှိတဲ့အချိန်တွေမှာ ပေါက်ပန်းလေးဆယ်တွေလျှောက်တွေးပြီး ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရတဲ့ယုံကြည်မှုကင်းမဲ့နေတာမျိုးဟာသိမ်ငယ်နေတဲ့သူတွေပါပဲ..ဒီလိုအတွင်းစိတ်ထဲကသိမ်ငယ်မှုတွေကြောင့်မလိုအပ်ပဲ တစ်ခြားသူတွေကို ပတ်ရမ်းမယ် မကောင်းမြင်မယ် ကိုယ့်ရဲ့အားနည်းချက် ကိုယ့်ရဲ့လိုအပ်ချက်ကို သူတစ်ပါးရဲ့အပြစ်အနေနဲ့ပုံချမယ် …ကိုယ့်ဘေးနားမှာနေပြီးကိုယ့်အပေါ်ကောင်းစေချင်လို့ဖေးမတဲ့သူတွေကိုအရွဲ့တိုက်လာမယ်…ဒါမျိုးတွေလုပ်နေရင် သတိရလိုက်ပါ သင့်ဘဝမပြည့်စုံမှုကို သင်မကြိုးစားပဲ တစ်ပါးသူကိုမဲနေမိတယ်ဆိုတာ…ဆိုတော့ ဒီလိုသိမ်ငယ်မှုတွေကို ဘယ်လို ပြန်ပြီး Motivation မြှင့်မလဲ…

(၁) ငါ့မှာ ဒီလိုကောင်းမွန်တဲ့အရည်အချင်းတွေရှိတယ်ဆိုတာ သိအောင်လုပ်ပါ

သိမ်ငယ်တတ်တဲ့သူတော်တော်များများဟာ ကိုယ်ဘာတော်လို့တော်မှန်း ဘာအရည်ချင်းရှိလို့ရှိမှန်းမရှာဖွေပဲ ဘာမှမလုပ်တတ်ဘူး ဘာအရည်ချင်းမှမရှိဘူးလို့ပဲထင်တတ်ကြပါတယ်။ ဒါကြောင့်ဦးဆုံးကိုယ့်ကိုယ်ကိုယ်ရှာဖွေပါ။

(၂) ကိုယ့်ကို လေးစားသူ ကိုယ့်စိတ်ကိုမြှင့်တင်ပေးနေတတ်တဲ့သူရဲ့အနားမှာနေပါ

ကိုယ်ဘယ်လိုအခြေနေရောက်ရောက်ကိုယ့်ဘေးနားကနေ ကိုယ့်ကိုတော်တယ် လုပ် ကြိုးစားမိုက်တယ် ဆိုတာမျိုးအားပေးနေတဲ့သူမျိုးကို ဘယ်တော့မှမစွန့်ခွာပါနဲ့။သူတို့ရဲ့အားပေးမှုကသင့်အတွက်သိပ်ကိုခွန်အားဖြစ်စေပါတယ်။

(၃) သင့်ကိုကဲ့ရဲ့နှိမ်ချခဲ့သူတွေကို တေးထားပါ

ကလဲ့စားချေခိုင်းမုန်းခိုင်းတာမဟုတ်ပါဘူး။ အချိန်တန်သူတို့ပါးစပ်ဖျားမှာ ကိုယ်ဟာ ထင်ပေါ်နေသူတစ်ယောက် မဟုတ်ရင်တောင် သူတို့ပြောချင်တိုင်းပြောဆိုချင်တိုင်းဆိုလို့ မရတော့တဲ့သူမျိုးဖြစ်နေပါစေ။

(၄) ကိုယ့်ကိုယ်ကိုယ်မညာပါနဲ့

ကိုယ်ပျင်းနေမှန်းသိရင် ပြင်ပါ၊ ကိုယ်တိုင်လိုအပ်နေမှန်းသိရင် ကိုယ်တိုင်ပြင်ပါ၊ ကြိုးစားချင်စိတ်လိုနေမှန်းသိရင်ကြိုးစားပါ။ ကိုယ့်ရဲ့အားနည်းချက်တွေကို သိမ်ငယ်ပြီးသူတစ်ပါးပေါ် မတိုက်ခိုက်ပါနဲ့။

နောက်ဆုံးပြောချင်တာကတော့လောကကြီးမှာဘယ်မရာမှကိုယ်တိုင်မကြိုးစားပဲလွယ်လွယ်မရပါဘူး။ ကိုယ်တိုင်မကြိုးစားပဲလွယ်လွယ်ရခဲ့ရင်တောင်ဒီလိုအရာတွေကမစစ်မှန်လိုု့ကြာကြာမခံပါဘူး။ ဒါကြောင့်ကိုယ်ကြိုးစားလို့ရတဲ့အရာတွေကို သာမက်မောပြီးသိမ်ငယ်မှုတွေဖယ်ဖြောက်ကာ ကိုယ့်ကိုယ်ကိုယ်ရှာတွေ့နိုင်ပါစေ….

201 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.