ဖအေချစ်သမီးလေးတွေရှိကြလား….

အမေဆိုတော့သားကိုပိုချစ်တတ်ကြပြီး ဖေဖေကြီးတွေကတော့သမီးလေးတွေဆို သဲသဲလှုပ်ပိုချစ်တတ်ကြတာသဘာဝပါပဲ။ ဆိုတော့ Daddy’s Girlလေးတွေရဲ့အားသာချက်တွေကဘာတွေဖြစ်မလဲ…Daddy’s Girl လေးဖြစ်ရခြင်းရဲ့အံ့သြဖွယ်ရာထူးခြားချက်တွေကဘာလဲဆိုတာ…

1. မှားသွားမှာသိပ်မကြောက်တတ်ကြဘူး

မှားသွားမှာသိပ်မကြောက်တတ်ကြဘူး အဖေနဲ့ရင်းရင်းနှီးနှီးနေတတ်ကြတဲ့ မိန်းကလေးတွေဟာ တစ်စုံတစ်ခုကို စမ်းသပ်လုပ်ဆောင်ခံနီးမှာကြောက်တာမျိုး စိုးရိမ်တာမျိုးသိပ်မရှိတတ်ကြပါဘူး။ဖခင်ဆိုတာ မိခင်လို အရာရာမှာ စိုးရိမ်စိတ်နဲ့ ပိတ်ပင်ခဲပါတယ်။ သိကျွမ်းလာအောင်နားလည်လာအောင် ကိုယ့်ဘာသာစွမ်းဆောင်နိုင်အောင် လွှတ်ပေးတတ်ကြပြီး နောက်ကနေ ထိန်းထိန်းပေးတတ်ကြတာကြောင့် Daddy’Girlတွေ ဟာ ဘာလုပ်လုပ် စိုးရိမ်ကြောက်လန့်စိတ်များနေတာမျိုးမဖြစ်တတ်ကြပါဘူး။

2. ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားပြောတတ်တယ်

ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားပြောတတ်တယ် ဖခင်နဲ့ရင်းရင်းနှီးနှီးနေတဲ့မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တာမျိုးကြီးတော့ တအားမရှိပင်မဲ့ ယဉ်ကျေးပြီး ပွင့်လင်းတတ်ကြပါတယ်။ခေတ်နဲ့လိုက်လျောညီထွေအောင်နေထိုင်တတ်ကြပြီး ဖခင်နဲ့ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်တတ်ပြီး ဘာကို မှ ဖုံးကွယ်မထားတတ်ပဲ ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပါတယ်။

3. ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတတ်ကြတယ်

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတတ်ကြတယ်ဘာလိုတောင်ရုပ်ဆိုးတယ်လို့သူများတွေဆိုနေကြပါစေအုံးတော့ ဖေဖေ့စိတ်ထဲမှာ ရော ပါးစပ်ဖျားမှာပါ ကိုယ့်ကို မင်းသမီးလေးနတ်သမီးလေးလို့တစ်ဖွဖွ ပြောနေသံတွေကိုကြားရတာကြောင့် သူများအတွက် ဘာပဲဖြစ်နေဖြစ်နေ ကိုယ့် အဖေအတွက်တော့ကိုယ်ဟာ အရမ်းတော်ပြီးလှတဲ့ကောင်မလေးဖြစ်ပြီးသားပါ။ ဒါကြောင့်ဘာကိုပဲလုပ်လုပ် ဘယ်နေရာပဲရောက်ရောက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့စမတ်ကျကျ နေတတ်ကြပါတယ်။

4. အကြံညဏ်ကောင်းတွေပိုင်ဆိုင်ထားတယ်

အကြံညဏ်ကောင်းတွေပိုင်ဆိုင်ထားတယ်ဖခင်ဆိုတဲ့သူဟာ အိမ်ထောင်ကြီးတစ်ခုလုံးကို ဦးဆောင်နေတဲ့ဦးစီးဦးဆောင်ဆိုလည်းမမှားပါဘူး။ Daddy ‘s Girl လေးတွေဟာအဖေတွေဆီက မေတ္တာတွေပဲမဟုတ်ပဲ အသိပညာတွေကိုပါရကြတဲ့သူတွေပါ။ မိန်းကလေးတစ်ယောက်တတ်ရမဲ့ပညာတွေထဲမပါလည်း ကောင်းတာမှန်သမျှတတ်သင့်တာမှန် သမျှကို တစ်ခါတလေ အမေတွေသိရင်ဆူမှာဆိုးလို့လက်ကြိတ်ထိုးသင်ပေးခဲ့တာလည်း ဒီဖေဖေတွေပါပဲ။

5. လူမှုနယ်ပယ်မှာ ၀င်ဆန့်အောင်နေတတ်တယ်

လူမှုနယ်ပယ်မှာ ၀င်ဆန့်အောင်နေတတ်တယ် ဖခင်နဲ့အနီးကပ်နေခဲ့ရပြီး ဖခင်ဆီကမေတ္တာတွေ အသိပညာတွေရရှိခဲ့တဲ့ မိန်းကလေးတွေဟာ လူမှုပတ်ဝန်းကျင်မှာ ပိုပြီးဆက်ဆံပြောဆိုတတ်ကြပါတယ်။ ဘယ်သူ့ကိုဆို ဘယ်လို ပေါင်းရမယ်။ ဘယ်သူကတော့ဘယ်လိုပြောမှကြိုက်တတ်တယ် စသည်ဖြင့် ညဏ်လေးနဲ့လွှာပြီး လိမ္မာပါးနပ်စွာ ဆက်ဆံတတ်ကြပါတယ်။

195 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.