ကမာၻတစ္၀န္းက ထူးထူးျခားျခားအစားအေသာက္ရိုးရာမ်ား

ႏုိင္ငံတစ္ႏုိင္ငံနဲ႔တစ္ႏုိင္ငံ အယူအဆေတြ၊အမူအက်င့္ေတြ၊စည္းမ်ဥ္းေတြမတူညီၾကဘူးဆုိတာ အားလံုးလည္းသိျပီးသားပါ။အခုလည္းအစားအေသာက္နဲ႔ပတ္သက္လို႔ တစ္ျခားႏုိင္ငံေရာက္တဲ႔အခါ သတိထားရမယ့္အခ်က္ကေလးေတြထြက္ေပၚလာျပန္ပါတယ္။ဗဟုသုတအေနနဲ႔ ျပန္ျပီးေဖာ္ျပေပးလုိက္ပါတယ္ေနာ္

*လက္ဖက္ရည္တစ္၀က္ပဲတုိက္တာက ဒူဘုိင္းနဲ႔ kazakhstan ႏုိင္ငံက ဧည့္သည္ကုိ ေႏြးေထြးစြာၾကိဳဆုိတဲ႔အဓိပၸာယ္ပါတဲ႔။လက္ဖက္ရည္အျပည့္ထည့္ေပးတယ္ဆုိရင္ဒါက အိမ္ျပန္ခ်ိန္ေရာက္ျပီလုိ႔ သတိေပးတဲ႔သေကၤတပါ။ထူးေတာ့ထူးဆန္းသား။လက္ဖက္ရည္တစ္၀က္ပဲထည့္ေပးတာက ဧည့္သည္ေတြက အားနာနာနဲ႔အကုန္ေသာက္ေနရျပီး အိမ္ရွင္က တစ္ေနရာရာလိုက္ပုိ႔ဖုိ႔စီစဥ္ထားၾကတဲ႔အခါ သူတုိ႔ကုိ ေစာင့္ေနရတယ္လုိ႔ခံစားရမွာစုိးလို႔ပါတဲ႔။

*အီတလီေရာက္လို႔ပီဇာစားတဲ႔အခါ ခ်ိစ္စ္အရသာနည္းေနတယ္ဆုိျပီးထပ္မေတာင္းမိပါေစနဲ႔။ခ်ိစ္အပုိသြားေတာင္းတာက စားဖုိမွဴးေတြကုိဆဲေရးတုိင္းထြာသလုိပါပဲတဲ႔။သူတုိ႔လုပ္တဲ႔အစားအစာကုိမၾကိဳက္တဲ႔သေဘာ၊သူတုိ႔ျပင္ဆင္ထားတာကုိသေဘာမက်တဲ႔သေဘာသက္ေရာက္လို႔ပါဆုိပဲ။

*ေပၚတူဂီနဲ႔အီဂ်စ္ေရာက္တဲ႔အခါ ဆားနဲ႔ငရုတ္ေကာင္း မေတာင္းပါနဲ႔။ဒါက သူတုိ႔ခ်က္ထားတဲ႔အစားအစာကုိမႏွစ္သက္ဘူးဆုိတဲ႔သေဘာသက္ေရာက္ျပီးသူတုိ႔ကုိစိတ္မေကာင္းျဖစ္ေစလို႔ပါတဲ႔။ဒီဟင္းက စားမေကာင္းဘူး။ဆားနည္းနည္းထပ္ထည့္ရမယ္ဆုိတဲ႔သေဘာျဖစ္သြားတာေပါ့။

*ထုိင္းေရာက္တဲ႔အခါ ခရင္းမသံုးပါနဲ႔တဲ႔။ႏုိင္ငံအမ်ားစုမွာ ဇြန္းခရင္းပံုမွန္သံုးၾကတယ္ဆုိေပမဲ႔လည္းထုိင္းမွာေတာ့ ခရင္းနဲ႔အစားအစာကုိ ပါးစပ္ထဲထည့္တာမ်ိဳးခြင့္မျပဳထားပါဘူး။ဒါေပမဲ႔ ဇြန္းေပၚကအစားအစာကုိအနည္းငယ္ေရြ႔ေျပာင္းခ်င္တဲ႔အခါမ်ိဳးမွာေတာ့ သံုးခြင့္ျပဳထားပါတယ္။

*မက္ဆီကုိေရာက္တဲ႔အခါ Taco ဆုိတဲ႔အစားအစာကုိ ခရင္းရယ္၊ဓားရယ္သံုးျပီးမစားပါနဲ႔။ဒီလုိဓားခရင္းသံုးျပီးစားတာက သက္သက္မုိက္မဲရာက်ပါတယ္တဲ႔။လက္နဲ႔ပဲစားတာက ပိုျပီးအျမင္တင့္တယ္ေကာင္းမြန္ပါတယ္။

*ခ်ီလီမွာေတာ့ ဘာပဲစားစားလက္နဲ႔စားခြင့္မရွိပါဘူး။အစားအစာဆုိတာ ဓားရယ္ခရင္းရယ္သံုးျပီးပဲစားရမယ္လုိ႔ယဥ္ေက်းမႈရွိပါတယ္။

*ကုိရီးယားမွာ ကုိယ့္ထက္အသက္အရြယ္ၾကီးသူက ဆုိဂ်ဴငွဲ႔တုိက္တဲ႔အခါ လက္ႏွစ္ဖက္နဲ႔ခြက္ကုိကုိင္ျပီးလက္ခံရတဲ႔ယဥ္ေက်းမႈရွိပါတယ္။ကုိရီးယားကားထဲမွာျမင္ဖူးမွာပါ။

*ရုရွားမွာဆုိ Vodka ကုိ ဘာနဲ႔မွေရာစပ္ခြင့္မရွိပါဘူး။ဒီတုိင္း neat ေသာက္ရတာပါ။ေရခဲေတာင္မထည့္ရပါဘူးတဲ႔။သူ႔အရပ္နဲ႔သူ႔ဇာတ္ပါပဲ။

*ဂ်ပန္ႏုိင္ငံမွာေတာ့ တူကုိ ကုိယ္စားမယ့္ထမင္းပန္းကန္ရဲ႔ အေပၚမွာစုိက္ထားလုိ႔မရပါဘူး။တူကုိေဘးမွာပဲခ်ထားလို႔ရပါတယ္။ေမ့ျပီး တူၾကီးစုိက္ထားတာမ်ိဳးမလုပ္မိေစနဲ႔ေပါ့။

Unicode

နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ အယူအဆတွေ၊အမူအကျင့်တွေ၊စည်းမျဉ်းတွေမတူညီကြဘူးဆိုတာ အားလုံးလည်းသိပြီးသားပါ။အခုလည်းအစားအသောက်နဲ့ပတ်သက်လို့ တစ်ခြားနိုင်ငံရောက်တဲ့အခါ သတိထားရမယ့်အချက်ကလေးတွေထွက်ပေါ်လာပြန်ပါတယ်။ဗဟုသုတအနေနဲ့ ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်နော်

*လက်ဖက်ရည်တစ်ဝက်ပဲတိုက်တာက ဒူဘိုင်းနဲ့ kazakhstan နိုင်ငံက ဧည့်သည်ကို နွေးထွေးစွာကြိုဆိုတဲ့အဓိပ္ပာယ်ပါတဲ့။လက်ဖက်ရည်အပြည့်ထည့်ပေးတယ်ဆိုရင်ဒါက အိမ်ပြန်ချိန်ရောက်ပြီလို့ သတိပေးတဲ့သင်္ကေတပါ။ထူးတော့ထူးဆန်းသား။လက်ဖက်ရည်တစ်ဝက်ပဲထည့်ပေးတာက ဧည့်သည်တွေက အားနာနာနဲ့အကုန်သောက်နေရပြီး အိမ်ရှင်က တစ်နေရာရာလိုက်ပို့ဖို့စီစဉ်ထားကြတဲ့အခါ သူတို့ကို စောင့်နေရတယ်လို့ခံစားရမှာစိုးလို့ပါတဲ့။

*အီတလီရောက်လို့ပီဇာစားတဲ့အခါ ချိစ်စ်အရသာနည်းနေတယ်ဆိုပြီးထပ်မတောင်းမိပါစေနဲ့။ချိစ်အပိုသွားတောင်းတာက စားဖိုမှူးတွေကိုဆဲရေးတိုင်းထွာသလိုပါပဲတဲ့။သူတို့လုပ်တဲ့အစားအစာကိုမကြိုက်တဲ့သဘော၊သူတို့ပြင်ဆင်ထားတာကိုသဘောမကျတဲ့သဘောသက်ရောက်လို့ပါဆိုပဲ။

*ပေါ်တူဂီနဲ့အီဂျစ်ရောက်တဲ့အခါ ဆားနဲ့ငရုတ်ကောင်း မတောင်းပါနဲ့။ဒါက သူတို့ချက်ထားတဲ့အစားအစာကိုမနှစ်သက်ဘူးဆိုတဲ့သဘောသက်ရောက်ပြီးသူတို့ကိုစိတ်မကောင်းဖြစ်စေလို့ပါတဲ့။ဒီဟင်းက စားမကောင်းဘူး။ဆားနည်းနည်းထပ်ထည့်ရမယ်ဆိုတဲ့သဘောဖြစ်သွားတာပေါ့။

*ထိုင်းရောက်တဲ့အခါ ခရင်းမသုံးပါနဲ့တဲ့။နိုင်ငံအများစုမှာ ဇွန်းခရင်းပုံမှန်သုံးကြတယ်ဆိုပေမဲ့လည်းထိုင်းမှာတော့ ခရင်းနဲ့အစားအစာကို ပါးစပ်ထဲထည့်တာမျိုးခွင့်မပြုထားပါဘူး။ဒါပေမဲ့ ဇွန်းပေါ်ကအစားအစာကိုအနည်းငယ်ရွေ့ပြောင်းချင်တဲ့အခါမျိုးမှာတော့ သုံးခွင့်ပြုထားပါတယ်။

*မက်ဆီကိုရောက်တဲ့အခါ Taco ဆိုတဲ့အစားအစာကို ခရင်းရယ်၊ဓားရယ်သုံးပြီးမစားပါနဲ့။ဒီလိုဓားခရင်းသုံးပြီးစားတာက သက်သက်မိုက်မဲရာကျပါတယ်တဲ့။လက်နဲ့ပဲစားတာက ပိုပြီးအမြင်တင့်တယ်ကောင်းမွန်ပါတယ်။

*ချီလီမှာတော့ ဘာပဲစားစားလက်နဲ့စားခွင့်မရှိပါဘူး။အစားအစာဆိုတာ ဓားရယ်ခရင်းရယ်သုံးပြီးပဲစားရမယ်လို့ယဉ်ကျေးမှုရှိပါတယ်။

*ကိုရီးယားမှာ ကိုယ့်ထက်အသက်အရွယ်ကြီးသူက ဆိုဂျူငှဲ့တိုက်တဲ့အခါ လက်နှစ်ဖက်နဲ့ခွက်ကိုကိုင်ပြီးလက်ခံရတဲ့ယဉ်ကျေးမှုရှိပါတယ်။ကိုရီးယားကားထဲမှာမြင်ဖူးမှာပါ။

*ရုရှားမှာဆို Vodka ကို ဘာနဲ့မှရောစပ်ခွင့်မရှိပါဘူး။ဒီတိုင်း neat သောက်ရတာပါ။ရေခဲတောင်မထည့်ရပါဘူးတဲ့။သူ့အရပ်နဲ့သူ့ဇာတ်ပါပဲ။

*ဂျပန်နိုင်ငံမှာတော့ တူကို ကိုယ်စားမယ့်ထမင်းပန်းကန်ရဲ့ အပေါ်မှာစိုက်ထားလို့မရပါဘူး။တူကိုဘေးမှာပဲချထားလို့ရပါတယ်။မေ့ပြီး တူကြီးစိုက်ထားတာမျိုးမလုပ်မိစေနဲ့ပေါ့။

65 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.