ဘယ်အရာမျိုးကိုမှကိုယ်ထိန်းချုပ်လို့မရဘူးဆိုတာသိလာတဲ့တစ်နေ့သင်လည်းလွတ်လပ်ပါပြီ…
Unicode
လောကကြီးမှာ လူတစ်ချို့ထင်ထားတာက မြဲမြဲဆွဲထားနိုင်ရင်မြဲမယ်ပေါ့…အတင်းဆုတ်ကိုင်ထားမှ ကိုယ့်ဆီမှာရှိိနေမယ်ပေါ့…ကိုယ်နားအတင်းမရမကထားထားမှ ကိုယ်ပိုင်တိုင်ပေါ့ တကယ်တော့ ဒါကသိပ်ကိုမှားတဲ့အတွေးမှားပါပဲ…ကိုယ်တကယ်ပိုင်တဲ့အရာဆိုတာ လောကကြီးမှာအသေချာမပြောနိုင်ပါဘူး…အေး တကယ်လို့ရှိလာခဲ့ရင်လည်းကိုယ့်ဘက်ကအတင်းကြီးလွတ်မသွားအောင်ဆုပ်ကိုင်ထားမှာ ကိုယ့်နားနေတဲ့အရာမျိုးမဟုတ်ပါဘူး။ ကိုယ်ကဆွဲထားချင်တဲ့စိတ် ဒီအရာကလည်းကိုယ့်နားမှာနေချင်တဲ့စိတ် ဒီစိတ်နှစ်ခုထပ်တူကျနေမှသာ ဒီအရာကို ကိုယ်တကယ်ပိုင်တာပါ။ ဒါတောင် တစ်သတ်လုံးပိုင်နေပြီလားဆိုတော့ ဒီလိုလည်းပြောလို့မရသေးဘူး ဘယ်အချိန်ထွက်သွားမှာမှန်းမသိတဲ့အရာ ကိုကိုယ်ပိုင်ထားတယ်…ကိုယ်ပိုင်ထားတုန်းကိုယ့်လက်ထဲရှိတုန်းအကောင်းဆုံး ဖြည့်ဆည်းပေးမယ်ဆိုတာမျိုးပဲတွေးပါ။ လူတစ်ယောက်ရဲ့လွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့နေရာမှာ နှစ်ပိုင်းရှိပါတယ် တစ်ပိုင်းက စိုးရိမ်ပူပန်မှု တစ်ပိုင်းက ကိုယ့်ရဲ့ အတ္တပါ…ဥပမာ ကိုယ့်ချစ်သူကိုအရက်သောက်ဆေးလိပ်သောက်လို့ လျော့သောက်ဖို့ဆင်ခြင်သောက်ဖို့ပြောတာက ကိုယ့်ရဲ့သူ့အပေါ်ထားတဲ့စိုးရိမ်ပူပန်မှု သူ့ရဲ့ထိခိုက်မှုကိုမလိုလားလို့ တားဆီးတဲ့ပိတ်ပင်မှုတစ်ခုပါ။ ဟိုလူနဲ့မပေါင်းနဲ့ဒီလူနဲ့မပတ်သတ်နဲ့မိန်းကလေးသူငယ်ချင်းမထားရဘူး ဘာညာ ဒါမျိုးတွေကတော့ ပိတ်ပင်မှု ဆိုတာ ထက်ကိုယ့်အတ္တကိုရှေ့တန်းတင်သလိုဖြစ်သွားပြီလို့ထင်ပါတယ်။ ထားပါတော့…သူပေါင်းတဲ့မိန်းမတွေကစိတ်မချရတဲ့သူမျိုးပဲ ထား ဒါကိုရှောင်နိုင်ကွင်းနို်င်ဖို့က ယောကျ်ားလေးရဲ့တာဝန် ပါ ကိုယ်ကဆင်ခြင်နော်ဆိုတဲ့စကားတစ်ခွန်းနဲ့တင် လုံလောက်ပါပြီ။ ဒါမဲ့တစ်ချို့ကဒီလိုအတွေးမျိုးမဟုတ်ဘူး သူတစ်ခြားသူနဲ့ပျော်ရွှင်နေမှာ သူတစ်ခြား အပေါင်းပါတွေနဲ့ ပျော်မြူးနေမှာကို မကြိုက်ကြတာမျိုး…ပြောချင်တာက ကိုယ်ကျမပျော်ရပဲ သူကပျော်နေလို့ အတ္တကြီးတာမျိုး၊ တစ်ခါတစ်ရံမှာမိန်းကလေးတွေ အချစ်ကြီးလို့သဝန်ကြောင်တာကချစ်ဖို့ကောာင်းပင်မဲ့ လူတစ်ယောက်ရဲ့ပျော်ရွှင်မှု ကြည်နူးမှု ငြိမ်းချမ်းမှုအစရှိတဲ့လွတ်လပ်ခွင့်တွေကို ပိတ်ပင်ချုပ်နှောင်တာမျိုးမလုပ်မိပါစေနဲ့။ ဒီလိုသင့်ဘက်ကလုပ်လိုက်ရင် သင်ကျတော့ရောသင်သတ်မှတ်ထားတဲ့စည်းကမ်းတွေနဲ့သင်ပြန်နေနိုင်လား….ဆိုတော့ ကိုယ်ကလည်းသူများကိုပိတ်လှောင်ထားရင် ကိုယ်လည်းသူနဲ့ထပ်တူစိတ်ရောလူရောပိတ်လှောင်နေမယ် ပင်ပန်းနေမယ်ဆိုတာမမေ့ပါနဲ့…
211 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.