တစ်စုံတစ်ယောက်အတွက်တန်ဖိုးရှိတဲ့အရာတိုင်းမှာထိုက်တန်တဲ့တန်ဖိုးတစ်ခုရှိနေပါတယ်


Unicode

တစ်ချို့သူတွေက ဝေဖန်ခွဲခြားလေ့ရှိတယ်။ ဒါမျိုးကတန်ဖိုးရှိတယ် ဒါမျိုးကတန်ဖိုးမရှိဘူးဆိုတာမျိုးပေါ့…ဥပမာတွေနဲ့ခိုင်းနှိုင်းပြီးမြင်သာအောင်ပြောရမယ်ဆိုရင်ဗျာ လူနဲ့ပြောရကြေးဆိုရင် မိန်းကလေးတစ်ယောက်ပေါ့ Ever လုံခြည်ဝတ်မှ အဲ့မိန်းကလေးကမိဘဖခင်သားသမီးတန်ဖိုးရှိတယ်လို့ယူဆတယ်…ဟာ ဘောင်ဘီတွေစကတ်တွေ ဝတ်ထားရင် ဒီမိန်းကလေးကတန်ဖိုးမရှိဘူးကိုယ့်ကိုယ်ကိုယ်တန်ဖိုးမထားဘူးဘာညာ ဒီလိုတွေပြောကြတတ်ကြပါတယ်။ တကယ်တော့ တန်ဖိုးဆိုတာသတ်မှတ်တဲ့သူပေါ်မူတည်ပြီး ကွာသွားတာမျိုးပါ။ လုံခြည်မဝတ်ပဲ တစ်ခြားဟာဝတ်ထားလည်းသူ့ကို တန်ဖိုးထားတဲ့မိဘတွေရှိတယ်၊ သူ့တန်ဖိုးကိုနားလည်တဲ့အမျိုးသားတွေရှိတယ်။ သူ့စိတ်ဓာတ်ကိုလေးစားတဲ့ လူတွေအများကြီးရှိနိုင်ပါတယ်။ သူ့ကို တန်ဖိုးထားတတ်တဲ့သူများလေ သူကတန်ဖိုးရှိလေပါပဲ။ ဒီလိုပဲ အစားစာနဲ့ခိုင်းနှိုင်းဥကမာပေးရမယ်ဆိုရင်လည်း ကန်စွန်းရွက်ကြော်မှကန်စွန်းရွက်ကြောက်ကြိုက်တဲ့သူတွေအတွက်ကတော့ ဝက်သားဆီပြန်ကိုလည်း ဂရုစိုက်ချင်မှစိတ်မယ်၊ ကြက်ကြော်လာချလည်းစားချင်မှစားမယ်။ ဒါကိုမင်းကကွာ ဟင်းရွက်ကန်စွန်းကိုများ ဘာတန်ဖိုးရှိလို့ကြိုက်လဲဆိုတာမျိုးပြောလို့မရပါဘူး။ ကန်စွန်းရွက်ကြိုက်တဲ့သူတွေအတွက်ကတော့ကန်စွန်းရွက်ကြော်က တစ်ခြားဟင်းတွေထက် နတ်သုဒ္ဓါဖြစ်နေမှာပါ။ ဒါကြောင့် တန်ဖိုးဆိုတာ ကိုယ်တိုင်သတ်မှတ်ရတာမျိုးမဟုတ်ပါဘူး ဒီလိုပဲ အပြင်ပန်းကြည့်ပြီးလည်းသတ်မှတ်လို့မရသလို သူများကတန်ဖိုးရှိပါတယ်ဆိုတဲ့အရာကိုလည်းကိုယ်ကမရှိပါဘူးသွားလုပ်လို့မရပါဘူး။ ဆိုတော့ အရာရာတိုင်းလူတိုင်းလူတိုင်းမှာ တန်ဖိုးထားတတ်တဲ့သူတွေ ပေါ်မူတည်ပြီး အတူညီတဲ့တန်ဖိုးတွေရှိနေတတ်ကြတယ်ဆိုတာ မမေ့ပါနဲ့…ယူတို့မှာလည်းတန်ဖိုးကိုယ်စီရှိပြီးသားပါ…

70 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.