Makeup Brush ေတြကုိ ဒီလုိအလြယ္တကူေဆးေၾကာၾကမယ္

မ်က္ႏွာကုိေန႔တုိင္းသန႔္စင္ေဆးေၾကာဖုိ႔လုိသလုိ ကုိယ္အျမဲအသံုးျပဳေနတဲ႔ Makeup Brush ေတြကုိလည္း ပံုမွန္သန႔္စင္ေပးဖုိ႔လိုပါတယ္။အဲ႔ဒါမွ ဒီ Makeup Brush ေတြကအညစ္အေၾကးေတြ ကုိယ့္ရဲ႔ သန္႔စင္ျပီးသားမ်က္ႏွာေပၚကုိမေရာက္မွာေလ။တစ္ခ်ိဳ႔ကေတာ့ ဒီ Makeup Brush ေတြဘယ္လုိသန္႔စင္ရမလဲဆုိတာေသခ်ာသိၾကတယ္။တစ္ခ်ိဳ႔ကေတာ့ေသခ်ာမသိၾကေသးပါဘူး။ဒါေၾကာင့္ Makeup Brush ေတြေဆးေၾကာသန္႔စင္ႏုိင္မယ့္နည္းလမ္းအဆင့္ဆင့္ကုိျပန္လည္မ်ွေ၀ေပးလိုက္ပါတယ္။

ပထမဆံုး ပစၥည္းေတြအစံုအလင္ျပည့္စံုစြာစုစည္းလုိက္ပါ
ကုိယ္သံုးရင္သံုးသေလာက္ Makeup Brush ေတြကအမ်ားၾကီးပါပဲ။ျပီးရင္ Makeup Brush
ကမိတ္ကပ္အညစ္အေၾကးေတြဖယ္ရွားေပးႏုိင္တဲ႔ cleaning pad တစ္ခု၊ဆပ္ျပာအေပ်ာ့စား ဒါမွမဟုတ္ ေခါင္းေလ်ွာ္ရည္အေပ်ာ့စားယူထားပါ။ျပီးရင္ အ၀တ္ပု၀ါတစ္ခု။အားလံုး ေဘစင္မွာရွိပါေစ။

1)Brush ေတြကုိတစ္ခုခ်င္းျဖည္းျဖည္းစီေရေဆးခ်ပါ

2)ဆပ္ျပာ သုိ႔မဟုတ္ ေခါင္းေလ်ွာ္ရည္အေပ်ာ့စား Brush ေပၚမွာ နည္းနည္းတင္ပါ

3)Brush မွာရွိတဲ႔မိတ္ကပ္အၾကြင္းအက်န္ေတြ၊အညစ္အေၾကးေတြကုန္သြားေအာင္ cleaning mat အေပၚမွာ ျဖည္းျဖည္းခ်င္းဟုိဘက္ဒီဘက္ပြတ္တုိက္ပါ။စက္၀ုိင္းပံုစံလွည့္တုိက္ပါ။အရမ္းၾကီးမဖိေအာင္သတိျပဳပါ။အဲ႔ဒါမွ ၾကာၾကာအသံုးျပဳလုိ႔ရမွာေပါ့။မိတ္ကပ္ေတြလံုး၀ေျပာင္စင္သြားတဲ႔အထိ Brush တစ္ခုခ်င္းစီကုိ ပြတ္တုိက္ပါ။

4)ေရေဆးပါ။တကယ္လုိ႔ေရေဆးလုိက္လုိ႔ မိတ္ကပ္ေတြက်န္ေနေသးတယ္။မေျပာင္ေသးဘူးထင္ရင္ ဆပ္ျပာကုိသံုးျပီးခုနကလိုျပန္လုပ္ပါ။၂ ၾကိမ္ ၃ၾကိမ္ထိသန္႔စင္ေပးႏုိင္ပါတယ္။

5)ေရေဆးျပီးရင္ ဖိညွစ္ခ်လုိက္ပါ။ေရေတြအထဲမွာက်န္မေနခဲ႔ေတာ့လို႔ ျမန္ျမန္ေျခာက္ႏုိင္ပါတယ္။မိတ္ကပ္ေတြက်န္ေနေသးရင္လည္း ဒီလိုဖိခ်လုိက္တဲ႔အခါ ကပ္ေစးေစးျဖစ္ျပီးထြက္လာတတ္ပါတယ္။

6) ေသခ်ာသန္႔စင္ျပီးသြားတဲ႔ Brush ေတြကုိ ႏူးညံ႔ျပီးသန္႔ရွင္းတဲ႔အ၀တ္သုတ္ပု၀ါေပၚထားျပီး ျဖည္းျဖည္းခ်င္းသုတ္ပါ။

7)ေျခာက္ေလာက္ျပီဆုိရင္ ကုိယ္ထားေနက်ပံုစံခြက္ေလးထဲမွာ ေဇာက္ထုိးေလးထားျပီး ေသခ်ာေျခာက္ေသြ႔သြားတဲ႔အထိထားရံုပါပဲ။

8) အေရးၾကီးတယ္ဆုိရင္ ေရသန္႔စင္ျပီးသား Brush ေတြကုိ Dryer နဲ႔မႈတ္ေပးပါ

ဒီအဆင့္ေလးေတြျပီးသြားျပီဆုိရင္ေတာ့ Brush ေတြေကာင္းေကာင္းသန္႔ရွင္းသြားပါျပီ။
Makeup Brush ေတြကုိတစ္ပတ္ကုိတစ္ခါသန္႔စင္ေဆးေၾကာဖုိ႔ မေမ့နဲ႔ဦးေနာ္

Unicode

မျက်နှာကိုနေ့တိုင်းသန့်စင်ဆေးကြောဖို့လိုသလို ကိုယ်အမြဲအသုံးပြုနေတဲ့ Makeup Brush တွေကိုလည်း ပုံမှန်သန့်စင်ပေးဖို့လိုပါတယ်။အဲ့ဒါမှ ဒီ Makeup Brush တွေကအညစ်အကြေးတွေ ကိုယ့်ရဲ့ သန့်စင်ပြီးသားမျက်နှာပေါ်ကိုမရောက်မှာလေ။တစ်ချို့ကတော့ ဒီ Makeup Brush တွေဘယ်လိုသန့်စင်ရမလဲဆိုတာသေချာသိကြတယ်။တစ်ချို့ကတော့သေချာမသိကြသေးပါဘူး။ဒါကြောင့် Makeup Brush တွေဆေးကြောသန့်စင်နိုင်မယ့်နည်းလမ်းအဆင့်ဆင့်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ပထမဆုံး ပစ္စည်းတွေအစုံအလင်ပြည့်စုံစွာစုစည်းလိုက်ပါ
ကိုယ်သုံးရင်သုံးသလောက် Makeup Brush တွေကအများကြီးပါပဲ။ပြီးရင် Makeup Brush
ကမိတ်ကပ်အညစ်အကြေးတွေဖယ်ရှားပေးနိုင်တဲ့ cleaning pad တစ်ခု၊ဆပ်ပြာအပျော့စား ဒါမှမဟုတ် ခေါင်းလျှော်ရည်အပျော့စားယူထားပါ။ပြီးရင် အဝတ်ပုဝါတစ်ခု။အားလုံး ဘေစင်မှာရှိပါစေ။

1)Brush တွေကိုတစ်ခုချင်းဖြည်းဖြည်းစီရေဆေးချပါ

2)ဆပ်ပြာ သို့မဟုတ် ခေါင်းလျှော်ရည်အပျော့စား Brush ပေါ်မှာ နည်းနည်းတင်ပါ

3)Brush မှာရှိတဲ့မိတ်ကပ်အကြွင်းအကျန်တွေ၊အညစ်အကြေးတွေကုန်သွားအောင် cleaning mat အပေါ်မှာ ဖြည်းဖြည်းချင်းဟိုဘက်ဒီဘက်ပွတ်တိုက်ပါ။စက်ဝိုင်းပုံစံလှည့်တိုက်ပါ။အရမ်းကြီးမဖိအောင်သတိပြုပါ။အဲ့ဒါမှ ကြာကြာအသုံးပြုလို့ရမှာပေါ့။မိတ်ကပ်တွေလုံးဝပြောင်စင်သွားတဲ့အထိ Brush တစ်ခုချင်းစီကို ပွတ်တိုက်ပါ။

4)ရေဆေးပါ။တကယ်လို့ရေဆေးလိုက်လို့ မိတ်ကပ်တွေကျန်နေသေးတယ်။မပြောင်သေးဘူးထင်ရင် ဆပ်ပြာကိုသုံးပြီးခုနကလိုပြန်လုပ်ပါ။၂ ကြိမ် ၃ကြိမ်ထိသန့်စင်ပေးနိုင်ပါတယ်။

5)ရေဆေးပြီးရင် ဖိညှစ်ချလိုက်ပါ။ရေတွေအထဲမှာကျန်မနေခဲ့တော့လို့ မြန်မြန်ခြောက်နိုင်ပါတယ်။မိတ်ကပ်တွေကျန်နေသေးရင်လည်း ဒီလိုဖိချလိုက်တဲ့အခါ ကပ်စေးစေးဖြစ်ပြီးထွက်လာတတ်ပါတယ်။

6) သေချာသန့်စင်ပြီးသွားတဲ့ Brush တွေကို နူးညံ့ပြီးသန့်ရှင်းတဲ့အဝတ်သုတ်ပုဝါပေါ်ထားပြီး ဖြည်းဖြည်းချင်းသုတ်ပါ။

7)ခြောက်လောက်ပြီဆိုရင် ကိုယ်ထားနေကျပုံစံခွက်လေးထဲမှာ ဇောက်ထိုးလေးထားပြီး သေချာခြောက်သွေ့သွားတဲ့အထိထားရုံပါပဲ။

8) အရေးကြီးတယ်ဆိုရင် ရေသန့်စင်ပြီးသား Brush တွေကို Dryer နဲ့မှုတ်ပေးပါ

ဒီအဆင့်လေးတွေပြီးသွားပြီဆိုရင်တော့ Brush တွေကောင်းကောင်းသန့်ရှင်းသွားပါပြီ။
Makeup Brush တွေကိုတစ်ပတ်ကိုတစ်ခါသန့်စင်ဆေးကြောဖို့ မမေ့နဲ့ဦးနော်

120 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.