ပထမဆုံးမြင်လိုက်ရတဲ့ပုံကပြောပြနေတဲ့ သင်တို့ချစ်သူနှစ်ဦးရန်ဖြစ်ရတဲ့အကြောင်း
ငှက်သိုက်လေး
ငှက်
ဘယ်လိုလဲ မှန်ရဲ့လား??
Unicode
ယူတို့ချစ်သူနဲ့တစ်ခါမှရန်မဖြစ်ဖူးဘူးလို့တော့မပြောနဲ့နော် (အိုင်မယုံဘူး :P)
အခုကိုယ်ပြောချင်တာက ဒီပုံထဲမှာ ပထမဆုံးမြင်လိုက်ရတဲ့ပုံက သင်တို့ချစ်သူနှစ်ဦးကြားရန်ဖြစ်ရတဲ့အကြောင်းပါတဲ့။စိတ်ဝင်စားစရာပါပဲ တကယ်ပဲဟုတ်ရဲ့လား ဖတ်ကြည့်လိုက်ပါဦး
ငှက်သိုက်လေး
သစ်ပင်ထဲမှာရှိနေတဲ့ငှက်သိုက်လေးကိုသင်ကအရင်မြင်တယ်ဆိုရင် သင်တို့ချစ်သူနှစ်ယောက်ဟာ ငွေကြေးနဲ့ပတ်သက်လို့ အမြဲလိုလိုစကားများကြပါတယ်တဲ့။ငွေကြေးသုံးစွဲတာဖောင်းပွလို့ ဒါမှမဟုတ် ကပ်စေးနှဲလို့ စကားများတာတော့မဟုတ်ပါဘူး။ငွေကြေးကုန်ကျမှာစိုးရိမ်တာထက် လိုအပ်တဲ့အချိန်မှာ ကိုယ့်လက်ထဲငွေ မရှိမှာ၊တကယ်လိုအပ်တဲ့အချိန်ကျမှ ငွေနည်းနေတာစသဖြင့် စိုးရိမ်စိတ်ဖြစ်တတ်တာပါ။နောင်ရေးအတွက်ကြိုပြီးစိုးရိမ်တဲ့အတွက် နှစ်ယောက်ကြားမှာအထင်အမြင်လေးတွေလွဲသွားကြတာပါ။မစိုးရိမ်ပါနဲ့။မကြောက်ပါနဲ့။ကိုယ့်ချစ်သူကို ဒါကတော့ ဒီလိုရှိတယ်ပွင့်လင်းစွာပြောပြထားရင် ငွေကြေးနဲ့့ပတ်သက်ပြီးစကားများတာတွေလျော့နည်းသွားပါလိမ့်မယ်။
ငှက်
ငှက်လေးတွေပျံနေတာ ပထမဆုံးတွေ့ရတယ်ဆိုရင်သင်တို့အချစ်ရေးက သဝန်တိုတာနဲ့ပတ်သက်ပြီးရန်သတ်နေရတာပါတဲ့။ကိုယ့်ချစ်သူကို ကိုယ်ကတအားသဝန်တိုသလို သူကလည်းကိုုယ့်ကို အရမ်းသဝန်တိုတယ်။ဒီတော့ မလိုအပ်တဲ့ပြဿနာတွေဆိုတာလည်းခဏခဏဖြစ်နေရော။သဝန်တိုစိတ်နဲ့လိုက်ချုပ်ချယ်ရင်းကနေ ပြဿနာတွေဖြစ်နေကြတာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတွေခဏခဏဖြစ်နေမယ်ဆိုရင် နှစ်ယောက်လုံးအတွက်မကောင်းပါဘူးနော်။ဒါကြောင့် ကိုယ့်ရဲ့သဝန်တိုစိတ်ကို အတတ်နိုင်ဆုံးလျှော့ချပြီး ပြေလည်စွာဖြေရှင်းကြပါ။
အမျိုးသမီးတစ်ယောက်ရဲ့မျက်နှာ
တကယ်လို့သင်ဟာ အမျိုးသမီးတစ်ယောက်ရဲ့မျက်နှာပုံစံလိုမျိုး ပထမဆုံးမြင်လိုက်ရတယ်ဆိုရင် သင်တို့ချစ်သူနှစ်ဦးရန်ဖြစ်ရတဲ့အကြောင်းက သူတို့ရဲ့ခံစားချက်က သင့်အပေါ်မှာ သင်သူတို့အပေါ်ထားသလောက်မနက်နဲဘူးလို့ထင်တဲ့အတွက်ကြောင့်ပါ။ကိုယ်ချစ်သလောက် သူပြန်မချစ်ဘူးပေါ့။တကယ်တော့ကိုယ့်အပေါ် သူတကယ်ချစ်မှန်းလည်းသိတယ်။ကိုယ်က အချစ်ခံရလောက်အောင်ထိုက်တန်တဲ့သူတစ်ယောက်လို့လည်းသိပြီးသားပါ။ဒါပေမဲ့ တစ်ခါတစ်လေ ဒီလို ကိုယ့်ကိုယ့်ကိုယ်မယုံကြည်တဲ့အတွေးတွေဝင်ရောက်လာတတ်ပါတယ်။ကိုယ့်ချစ်သူတစ်ယောက်တည်းတင်မဟုတ်ဘူးနော်။ကိုယ့်ဘေးနားက အနီးစပ်ဆုံးဆိုတဲ့လူတွေအပေါ်မှာပါ ဒီလိုခံစားချက်တွေရှိတတ်ပါတယ်။သူတို့က ငါချစ်သလောက်မချစ်ဘူး။င့ါအပေါ်ဂရုမစိုက်ကြဘူးတို့။အကြံပေးရမယ်ဆိုရင် ဒီအတွေးတွေကို ခေါင်းထဲကထုတ်လိုက်ပါ။ဘာလို့ဆိုသူတို့က သင့်ကိုချစ်လို့ သင့်အနားမှာရှိနေတာပါ။ဒါကြောင့်သူတို့ခံစားချက်ကို သေချာမြင်အောင်ကြည့်ပေးပါ။နားမလည်ချင်သလိုမလုပ်ပါနဲ့။ဒါက မမိုက်ပါဘူးနော်။
ဘယ်လိုလဲ မှန်ရဲ့လား??
157 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.