အကိုက်အခဲပျောက်ဆေး (Aspirin) ရဲ့ တမူထူးခြားအသုံးဝင်ပုံများ
ခန္ဓာကိုယ်ကိုက်ခဲနာကျင်မှုသက်သာစေနိုင်တဲ့ Aspirin ဆေးတွေဟာ တစ်ခြားနေရာတွေမှာလည်းအသုံးဝင်နေသေးတယ်ဆိုတာသိရဲ့လား? Aspirin က ဈေးလည်းသက်သာသလို ဘယ်လိုနေရာတွေမှာသုံးနိုင်သေးလဲဆိုရင်…
*သံချေးတွေချွတ်မယ်
Unicode
ခန္ဓာကိုယ်ကိုက်ခဲနာကျင်မှုသက်သာစေနိုင်တဲ့ Aspirin ဆေးတွေဟာ တစ်ခြားနေရာတွေမှာလည်းအသုံးဝင်နေသေးတယ်ဆိုတာသိရဲ့လား? Aspirin က စျေးလည်းသက်သာသလို ဘယ်လိုနေရာတွေမှာသုံးနိုင်သေးလဲဆိုရင်…
*အဝတ်အစားလျှော်ဖွပ်တဲ့အခါမှာထည့်သုံးလို့ရတယ်
ချွေးကြောင့်ဖြစ်တဲ့စွန်းထင်းကွက်တွေကို Aspirin ဆေးက ဖယ်ရှားပေးနိုင်ပါတယ်။Aspirin ဆေးသုံးတောင့်ကိုချေပြီး ရေခွက်တစ်ဝက်လောက်နဲ့ပျစ်ပျစ်လေးဖျော်လိုက်ပါ။ပြီးရင် အစွန်းအထင်းကွက်နေရာတွေမှာသုတ်လိုက်ပါ။၂နာရီလောက်ထားပြီး ပုံမှန်လျှော်ဖွပ်နေကျအတိုင်းလျှော်ဖွပ်ပေးမယ်ဆိုရင် အသစ်အတိုင်းပြန်လည်သန့်ရှင်းသွားပါလိမ့်မယ်။
*သံချေးတွေချွတ်မယ်
သံချေးတက်ပြီဆို ဘယ်လိုချွတ်ရမှန်းမသိဖြစ်နေတယ်မဟုတ်လား။မပူပါနဲ့တော့။သံချေးတက်နေတဲ့ပစ္စည်းကိုယူ၊ပြီးရင် ချေထားတဲ့ Aspirin ဆေးမှုန့်တွေကိုဖြူးလိုက်၊၁ဝမိနစ်လောက်ထားပြီးရင် ရေနဲ့သေချာဆေးကြောလိုက်ပါ။
*ဆံပင်မှာဗောက်တွေထနေလား?
ဗောက်ပျောက်တယ်ဆိုတဲ့ခေါင်းလျှော်ရည်တွေဟာလည်း ဒီနေရာမှာမကယ်နိုင်တော့ဘူးဆိုရင် Aspirin ဆေးကိုသတိရလိုက်ပါ။Aspirin ဆေး၂တောင့်ကို အမှုန့်ချေပြီး ခေါင်းလျှော်ရည်နဲ့ရောစပ်ပါ။ပြီးရင် ပုံမှန်ခေါင်းလျှော်သလိုပဲလျှော်ပါ။တစ်ပတ်ကို ၂ခါပုံမှန်လျှော်ပေးမယ်ဆိုရင် မကြာခင်ဗောက်ထတာပျောက်ကင်းသွားပါလိမ့်မယ်။
*အပင်တွေက ကောင်းကောင်းမကြီးထွားဘူးဆိုရင်…
အပင်လေးတွေစိုက်ထားတာ ကြီးထွားနှုန်းနှေးနေတယ်၊ကောင်းကောင်းမသီးမပွင့်ဘူးဆိုရင် Aspirin လေးသုံးပေးနိုင်ပါတယ်။သစ်ပင် ပင်စည်တွေမှာတွေ့ရတဲ့salicylic acid ၊ acetylasalicyclic acid ဆိုတာတွေက Aspirin ဆေးတွေမှာပါဝင်နေပါတယ်။ဒါကြောင့်ဒီဆေးမှုန့်ကိုအပင်မှာဖြူးပေးမယ်ဆိုရင်အပင်လေးတွေရဲ့ပြောင်းလဲကြီးထွားမှုကို မကြာခင်မြင်တွေ့ရမှာပါ။
*ခြေဖဝါးတွေကြမ်းတမ်းနေတာမလိုချင်ဘူး
ဘယ်သူမဆိုကိုယ့်ခြေဖဝါးကြမ်းနေတာမလိုချင်ကြပါဘူး။ဒီတော့ခြေဖဝါးလေးနူးညံ့ချောမွတ်နေအောင် ချေးချွတ်ပေါင်းတင်ပေးဖို့လိုလာပါပြီ။ဘယ်လိုလုပ်ရမလဲဆိုတော့ Aspirin ငါးတောင့်ကို အမှုန့်ကြိတ်၊ပြီးရင် သံပရာရည်စားပွဲတင်ဇွန်းတစ်ဝက်၊ရေစားပွဲတင်ဇွန်းတစ်ဝက််နဲ့ရော၊ခပ်ပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်ခြေဖဝါးမှာလိမး်လိုက်ပါ။ခြေအိတ်လေးစွပ်ပေးထားပြီး ၁ဝမိနစ်ခဏထားပါ။ခဏနေရင် ရေနွေးနွေးလေးနဲ့ဆေးကြောလိုက်ပါ။နှစ်ပတ်ကို ၁ခါ၊သုံးပတ် တစ်ခါလောက်လုပ်ပေးမယ်ဆိုရင် ကြမ်းတမး်တဲ့ခြေဖဝါးတစ်စုံက နူးည့ံချောမွေ့လာပါလိမ့်မယ်။
*ဘုရားပန်းတွေကြာရှည်လန်းဆန်းနေစေချင်တယ်
ဘုရားပန်းအိုးထိုးတဲ့အခါ ပန်းလေးတွေကအရမ်းလှနေရင် ကြာရှည်လန်းဆန်းစေချင်ကြတယ်မဟုတ်လား။အဲ့ဒါဆို ပန်းအိုးထဲကို Aspirin ဆေးမှုန့်နည်းနည်းဖြူးထားလိုက်ပါ။Aspirin မှာပါတဲ့ salicylic acid ကြောင့် ရေကိုလည်းသန့်ရှင်းစေပြီးဘတ်တီးရီးယားတွေကင်းစင်ကာ ပန်းတွေကြာကြာခံနေပါလိမ့်မယ်။
*ကြီးမားတဲ့ခြင်ကိုက်ဒဏ်ရာဖုတွေအတွက်သုံးလို့ရတယ်
Aspirin မှာပါတဲ့ ရောင်ရမ်းနာကျင်မှုလျှော့ချပေးနိုင်တဲ့အစွမ်းသတ္တိကြောင့် ကြီးမားတဲ့ခြင်ကိုက်ဖုတွေ၊ဒဏ်ရာတွေရလာတဲ့အခါ Aspirin ဆေး ၂တောင့်လောက်ကို အမှုန့်ခြေ၊ရေအနည်းငယ်နဲ့ရောစပ်ပြီး အဲ့ဒီဒဏ်ရာနားမှာလိမ်းပေးထားပါ။သက်သာသွားပါလိမ့်မယ်။
သေချာမှတ်ထားပြီးအရေးကြုံတဲ့အခါလည်းသုံးဖို့မမေ့နဲ့ဦးနော်
172 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.