အကြောတက်ခြင်းကိုအမြန်ဆုံးသက်သာစေမဲ့နည်းလမ်းတွေက
Unicode
အကြောချင်တက်တယ်ဆိုတာ လူတိုင်းလိုလိုုဖြစ်နေကြတဲ့ရောဂါတစ်ခုပါ။ အကြောတက်တာပဲဘာထူးဆန်းလဲ အကိုက်ခဲပျောက်ဆေးလည်းသောက် ပြီးနည်းနည်းနှိပ်ပေးလိုက်ရင်သက်သာသွားမှာပဲလို့ပြောနိုင်ကြပင်မဲ့ တကယ်ကြီးပျောက်သွားတာမဟုတ်ပဲ ခံစားရတဲ့အချိန်ခဏလေးအတွက်ပဲပျောက်သွားတာမျိုးပါ။ ဆိုတော့ကိုယ်တိုင်က အကြောခဏခဏတက်တတ်တဲ့သူဆိုရင် ဘယ်လိုအရာမျိုးတွေကိုလုပ်သင့်သလဲဆိုတာ…
(၁) မနက်နိုးလာလာချင်းမှာ ခေါင်းလေ့ကျင့်ခန်းလုပ်ပါ
ခေါင်းကို အပေါ်ဘေး ဘယ်ညာ အောက် စုံအောင်လှည့်ပတ်ချိုးပြီး ခေါင်းလေ့ကျင့်ခန်းကို လုပ်ပါ။ နေ့စဉ်ခေါင်းလေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းကသင့်ရဲ့ ဇာက်ကြောတတ်ခြင်းတွေကို သက်သာပျောက်ကင်းစေပါတယ်။
(၂) လက်နှစ်ဖက်ကိုဆန့်တန်းပြီး ပတ်လည်စက်ဝိုင်းပုံစံလှည့်ပါ
လက်နှစ်ဖက်ကို ဘေးကိုတန်းလိုက်ပြီး စက်ဝိုင်းပုံစံလှည့်ပေးပါ။ ဒီနည်းလေးက ဂုတ်ပေါ်ကအကြောချင်တွေကိုပြေစေပြီး ခေါင်းပေါ့စေပါတယ်။
(၃) ဂုတ်ကြောကို ကိုယ့်ဘာသာနှိပ်နယ်ဖြေလျော့ပေးပါ
ဂုတ်ကြောတက်လာပြီး ဆိုပြီး နှိပ်ခိုင်းရမဲ့သူမရှိလည်းကိုယ့်ဘာသာဖြေလျော့ပေးပါ ။ မဖြေလျော့ပဲပေကပ်ထားခြင်း ကြာရင်အကြောတွေတင်းပြီးနောက်ဆုံး ဇာက်ကြီးပေါင်းဖြစ်တဲ့ထိဖြစ်စေနိုင်ပါတယ်။
(၄) မိုးလင်းလင်းချင်းဘာမှမလုပ်ခင် ဒူးခေါင်းတွေရေဖွားဖွားပါအောင်လောင်းချပါ
မိုးလင်းခင်းချင်း မျက်နှာသစ်တာမျိုးမရင်မလုပ်ပဲ ဒူးခေါင်းကနေစပြီးရေဖွားဖွားပါအောင်လောင်းချပေးပါ။ ဒီနည်းကခန္ဓာကိုယ်ကအကြောချင်တွေကိုဖြေလျော့ပေးနိုင်တဲ့နည်းတစ်ခုပါပဲ။
(၅) ဘယ်နေရာမှာမဆို ကိုယ့်ခန္ဓာကိုယ်ကို မတ်မတ်ထားပါ(ပုံစံကျတဲ့အနေထားမျိုးဖြစ်နေပါစေ)
ထိုင်တဲ့အချိန်ပဲဖြစ်ဖြစ်ထတဲ့အချိန်ပဲဖြစ်ဖြစ် လမ်းလျှောက်တဲ့အချိန်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်အနေထားကို မှန်ကန်စွာထားဖို့လိုအပ်ပါတယ်။ ကျောပြင်တစ်လျှောက်ခန္ဓာကိုယ်အနေထားမမှန်တာကြောင့်အကြောတက်တာတွေပိုမို ဖြစ်လာနိုင်စေပါတယ်။
830 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.