၂နှစ်ကြာအပြီး “Scarlet Heart Ryeo” Couple ရဲ့ ပထမဆုံးအကြိမ်ပြန်လည်တွေ့ဆုံမှု






Source:Koreaboo

Unicode

“Scarlet Heart Ryeo” Couple အဖြစ် ပရိသတ်တွေသဘောတူကြည်ဖြူထားကြတဲ့ မင်းသား Lee Joon Gi ၊မင်းသမီးချော IU တို့ကို မကြာခင်တင်ဆက်ပြသမယ့် Knowing Bros variety show မှာ နှစ်ယောက်တွဲလေးမြင်တွေ့ရပါတော့မယ်။

OSEN ရဲ့အဆိုအရ ဒီစုံတွဲဟာ အောက်တိုဘာ ၁၁ရက်နေ့က Variety show အတွက်စတင်ရိုက်ကူးနေပြီဖြစ်ကြောင်းသိရပါတယ်။The Moon Lovers: Scarlet Heart Ryeo ဇာတ်လမ်းတွဲအပြီး ၂နှစ်အတောအတွင်း တစ်ယောက်နဲ့တစ်ယောက်မဆုံဖြစ်ခဲ့ရာကနေ အခုမှ ပထမဆုံးအကြိမ် နှစ်ယောက်အတူပြန်ဆုံတွေ့ကြတာလည်းဖြစ်ပါတယ်။

၂၀၁၆ ဇာတ်လမ်းတွဲပြီးတုန်းက သူတို့နှစ်ယောက်ဟာ သူငယ်ချင်းအရင်းကြီးတွေလိုဖြစ်သွားပြီး တစ်ယောက်ရဲ့ Fan meeting တစ်ယောက်က သွားအားပေးလိုက်၊တစ်ယောက်ရဲ့ဖျော်ဖြေပွဲကို တစ်ယောက်ကသွားအားပေးလိုက်နဲ့သံယောဇဉ်တွေကိုဖော်ပြခဲ့ကြပါတယ်။ဒါ့အပြင် ရိုက်ကွင်းကိုလည်း အစားအစာတွေတစ်လှည့်စီပို့ပေးခဲ့ကြပါသေးတယ်။

ကဲ အခုတော့ သူတို့ကို ပထမဆုံးအကြိမ်စုံတွဲလိုက် ပြန်လည်တွေ့ရပါတော့မယ်။တကယ်တော့ Lee Joon Gi က IU ရဲ့ သီချင်းခွေပရိုမိုးရှင်းကိစ္စတွေနဲ့ပတ်သက်လို့အားပေးဖို့သက်သက်ပါဝင်တာပဲဖြစ်ပါတယ်။အခုလတ်တလော Lee Joon Gi မှာ ဒရာမာဇာတ်လမ်းတွဲရိုက်ကူးဖို့တွေမရှိသေးပါဘူး။

တစ်ယောက်ကိုတစ်ယောက်အမြဲအားပေးနေကြလို့သူတို့နှစ်ယောက်အပြင်မှာတကယ်ချစ်သူတွေဖြစ်နေလားလို့တောင် ပရိသတ်တွေကထင်မြင်ခဲ့ကြတာပါ။ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေသာဖြစ်တဲ့အကြောင်း Joon Gi ရဲ ့အေဂျင်စီကလျင်မြန်စွာဖြေရှင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းသူတို့ကို တကယ့်စုံတွဲလေးအဖြစ်ပရိသတ်တွေကမြင်ချင်နေတုန်းပါ။အခုဒီသတင်းကိုကြားရင်လည်း ဝမ်းသာကြမယ်ထင်ပါရဲ့ ။

Source:Koreaboo

641 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.