မၾကာခဏဆုိုသလုိ ေခါင္းကုိက္ေ၀ဒနာခံစားေနရရင္ ဒါစစ္ၾကည့္ဖုိ႔လိုေနျပီ

ေလ့လာခ်က္ေတြအရ မၾကာခဏဆုိသလိုေခါင္းကုိက္ေ၀ဒနာခံစားေနရသူေတြဟာ Hypothyroidism ဆုိတဲ႔ ေဟာ္မုန္းလံုေလာက္ေအာင္မထုတ္ေပးႏုိင္တဲ႔ေရာဂါတစ္မ်ိဳးပါခံစားေနရေၾကာင္းေတြ႔ရွိလာခဲ႔ရပါတယ္။

ခႏၶာကုိယ္ထဲမွာ Thyroid ေဟာ္မုန္းမလံုေလာက္တဲ႔အခါ ေသခ်ာအလုပ္မလုပ္ႏုိင္တ႔ဲအတြက္
Hypothyroidism ဆုိတဲ႔ေဟာ္မုန္းလိုအပ္တဲ႔ေ၀ဒနာျဖစ္ေပၚလာပါတယ္။ဒီလုိျဖစ္ေနျပီဆုိတာကုိ စိတ္အေျပာင္းအလဲ ခဏခဏျဖစ္တယ္။၀မ္းနည္းလိုက္၀မ္းသာလိုက္၊ကုိယ္အေလးခ်ိန္ခဏေလးနဲ႔တက္လာတာ က်သြားတာ၊ဆံပင္အကြ်တ္မ်ားတာ၊တစ္ခ်ိန္လံုးစိတ္မသက္မသာ မေပ်ာ္ရႊင္ျဖစ္ေနျပီဆုိတာကုိၾကည့္ရင္း သိႏိုင္ပါတယ္။အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ငါးဆ ရွစ္ဆ ပုိျပီး ေဟာ္မုန္းျပႆနာၾကံဳရတတ္ပါတယ္။တကယ္လို႔ တစ္ပတ္မွာ ၄ ၅ ရက္ေခါင္းကုိက္ေ၀ဒနာခံစားေနရျပီး ေဆးေသာက္လုိ႔လည္းမေပ်ာက္ဘူးဆုိရင္ သင့္မွာ Thyroid  ဓာတ္လိုအပ္ေနတာေၾကာင့္ျဖစ္နုိင္ပါတယ္။

Cincinnati တကၠသုိလ္ကပညာရွင္ေတြရဲ႔ ေလ့လာခ်က္အရလည္း ေခါင္းကုိက္ေ၀ဒနာခံစားေနရတဲ႔ လူ ၂၁ ရာခုိင္ႏႈန္းဟာ ဒီ hypothyroidism ေရာဂါကုိပုိျပီးခံစားရေၾကာင္းသိလာရပါတယ္။တစ္ခါတစ္ေလေခါင္းကုိက္တာမဟုတ္ပဲ ေခါင္းကုိက္တဲ႔အၾကိမ္ေရမ်ားလာေလ ေဟာ္မုန္းဓာတ္ေၾကာင့္ျဖစ္ေလဆုိတာ ပုိျပီးသိသာေနပါတယ္။ဒါေၾကာင့္ ကုိယ့္မွာေဟာ္မုန္းဓာတ္လိုအပ္ေနလား ေလ်ာ့ေနလား မ်ားေနလားဆုိတာကုိေသခ်ာစမ္းသပ္ၾကည့္ဖုိ႔လိုေနပါျပီ။

ကံေကာင္းေထာက္မစြာနဲ႔ေဟာ္မုန္းမညီမ်ွမႈဟာ ေဆးပုံမွန္ကုသရံုနဲ႔ ေသခ်ာထိန္းခ်ဳပ္ထားႏုိင္ပါတယ္။ေဆးကုသမႈခံယူလုိက္တဲ႔အခါ ေခါင္းကုိက္တဲ႔ေ၀ဒနာေလ်ာ့ပါးသြားပါလိမ့္မယ္။Dr. Martin ဆုိသူက “တကယ္လုိ႔ သင့္မွာ ပံုမွန္ေခါင္းကုိက္တတ္တာ၊ဆုိးဆုိး၀ါး၀ါးေခါင္းကုိက္တဲ႔ေ၀ဒနာအၾကိမ္ေရမ်ားလာတတ္တာေတြရွိလာျပီ ပင္ပန္းႏြမ္းနယ္မႈကုိခံစားလာရျပီဆုိရင္ ဒါက သင့္မွာေဟာ္မုန္းဓာတ္မညီမ်ွဘူးဆုိတာျပေနတဲ႔လကၡဏာတစ္ခုပါပဲ။ဒါကုိေသခ်ာသတိထားျပီးကုသသင့္ပါတယ္”လုိ႔ေျပာျပခဲ႔ပါတယ္။

ဒါေၾကာင့္ မၾကာခဏဆုိသလို ေခါင္းကုိက္ေ၀ဒနာခံစားေနရျပီဆုိရင္ေတာ့ ကုိယ့္ရဲ ႔ေဟာ္မုန္းဓာတ္ညီမွ်မႈရွိမရွိ ေသခ်ာဆန္းစစ္ၾကည့္ပါလို႔ အၾကံျပဳလုိက္ပါတယ္။

Unicode

လေ့လာချက်တွေအရ မကြာခဏဆိုသလိုခေါင်းကိုက်ဝေဒနာခံစားနေရသူတွေဟာ Hypothyroidism ဆိုတဲ့ ဟော်မုန်းလုံလောက်အောင်မထုတ်ပေးနိုင်တဲ့ရောဂါတစ်မျိုးပါခံစားနေရကြောင်းတွေ့ရှိလာခဲ့ရပါတယ်။

ခန္ဓာကိုယ်ထဲမှာ Thyroid ဟော်မုန်းမလုံလောက်တဲ့အခါ သေချာအလုပ်မလုပ်နိုင်တဲ့အတွက်
Hypothyroidism ဆိုတဲ့ဟော်မုန်းလိုအပ်တဲ့ဝေဒနာဖြစ်ပေါ်လာပါတယ်။ဒီလိုဖြစ်နေပြီဆိုတာကို စိတ်အပြောင်းအလဲ ခဏခဏဖြစ်တယ်။ဝမ်းနည်းလိုက်ဝမ်းသာလိုက်၊ကိုယ်အလေးချိန်ခဏလေးနဲ့တက်လာတာ ကျသွားတာ၊ဆံပင်အကျွတ်များတာ၊တစ်ချိန်လုံးစိတ်မသက်မသာ မပျော်ရွှင်ဖြစ်နေပြီဆိုတာကိုကြည့်ရင်း သိနိုင်ပါတယ်။အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ငါးဆ ရှစ်ဆ ပိုပြီး ဟော်မုန်းပြဿနာကြုံရတတ်ပါတယ်။တကယ်လို့ တစ်ပတ်မှာ ၄ ၅ ရက်ခေါင်းကိုက်ဝေဒနာခံစားနေရပြီး ဆေးသောက်လို့လည်းမပျောက်ဘူးဆိုရင် သင့်မှာဟော်မုန်းဓာတ်လိုအပ်နေတာကြောင့်ဖြစ်နိုင်ပါတယ်။

Cincinnati တက္ကသိုလ်ကပညာရှင်တွေရဲ့ လေ့လာချက်အရလည်း ခေါင်းကိုက်ဝေဒနာခံစားနေရတဲ့ လူ ၂၁ ရာခိုင်နှုန်းဟာ ဒီ hypothyroidism ရောဂါကိုပိုပြီးခံစားရကြောင်းသိလာရပါတယ်။တစ်ခါတစ်လေခေါင်းကိုက်တာမဟုတ်ပဲ ခေါင်းကိုက်တဲ့အကြိမ်ရေများလာလေ ဟော်မုန်းဓာတ်ကြောင့်ဖြစ်လေဆိုတာ ပိုပြီးသိသာနေပါတယ်။ဒါကြောင့် ကိုယ့်မှာဟော်မုန်းဓာတ်လိုအပ်နေလား လျော့နေလား များနေလားဆိုတာကိုသေချာစမ်းသပ်ကြည့်ဖို့လိုနေပါပြီ။

ကံကောင်းထောက်မစွာနဲ့ဟော်မုန်းမညီမျှမှုဟာ ဆေးပုံမှန်ကုသရုံနဲ့ သေချာထိန်းချုပ်ထားနိုင်ပါတယ်။ဆေးကုသမှုခံယူလိုက်တဲ့အခါ ခေါင်းကိုက်တဲ့ဝေဒနာလျော့ပါးသွားပါလိမ့်မယ်။Dr. Martin ဆိုသူက “တကယ်လို့ သင့်မှာ ပုံမှန်ခေါင်းကိုက်တတ်တာ၊ဆိုးဆိုးဝါးဝါးခေါင်းကိုက်တဲ့ဝေဒနာအကြိမ်ရေများလာတတ်တာတွေရှိလာပြီ ပင်ပန်းနွမ်းနယ်မှုကိုခံစားလာရပြီဆိုရင် ဒါက သင့်မှာဟော်မုန်းဓာတ်မညီမျှဘူးဆိုတာပြနေတဲ့လက္ခဏာတစ်ခုပါပဲ။ဒါကိုသေချာသတိထားပြီးကုသသင့်ပါတယ်”လို့ပြောပြခဲ့ပါတယ်။

ဒါကြောင့် မကြာခဏဆိုသလို ခေါင်းကိုက်ဝေဒနာခံစားနေရပြီဆိုရင်တော့ ကိုယ့်ရဲ ့ဟော်မုန်းဓာတ်ညီမျှမှုရှိမရှိ သေချာဆန်းစစ်ကြည့်ပါလို့ အကြံပြုလိုက်ပါတယ်။

221 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.