Rubber Band လေးတွေက ဒီနေရာတွေမှာ အသုံးဝင်နေပြန်ပါသတဲ့

နေ့စဉ်ဘ၀မှာ အမှတ်တမဲ့ရော တမင်တကာပါမြင်တွေ့နေရတဲ့ Rubber Band တွေက မထင်မှတ်ထားလောက်အောင် အသုံးဝင်တာတွေအများကြီးပါ။ဒီလိုရိုးရိုးသားရေပင်တွေက ဘယ်နေရာတွေမှာသုံးနိုင်လဲ??

Page flipper

လက်ကို တံတွေးဆွတ်စရာမလိုတော့ပဲ Rubber Band လေးစွပ်ထားရုံနဲ့ စာရွက်တွေကို လှန်နိုင်ပြီလေ

Duster

ပြတင်းပေါက်ကြားကအမှုန်တွေကိုသုတ်ချင်တယ်ဆိုရင် တုတ်တစ်ချောင်းနဲ့ အ၀တ်စလေးရှိရင်အိုကေပြီ။ဖုန်သုတ်တံတွေဘာတွေနားထားလိုက်တော့။အ၀တ်စလေးကိုတုတ်မှာကပ်၊ပြီးရင် Rubber Band နဲ့ချည်ထားပြီးသုတ်လို့ရပါပြီ။

French manicure guide
လက်သည်းအပေါ်ပိုင်းလေးပဲ ခပ်ဆန်းဆန်းလေးဆိုးချင်တယ်ဆိုရင် Rubber Band လေးက အသုံးဝင်နေပြန်ပါတယ်။သားရေပင်အစား တိပ်လည်းသုံးချင်သုံးလို့ရပါတယ်။

Prevent a door from locking

တံခါးတွေဘာတွေလော့ခ်ချလို့အဆင်မပြေဘူးဆိုရင် ဒီသားရေပင်လေးနဲ့ တားထားလို့ရပါတယ်။လော့ခ်ကျသွားတာတွေဘာတွေမဖြစ်တော့ဘူးပေါ့။

Excess paint remover
ဆေးသုတ်တဲ့အခါ Rubber Band ကို ဘူးမှာဒီလိုမျိုးထားထားရုံနဲ့ ဆေးတွေဘေးကိုဖိတ်ကျတာ ၊ဘူးမှာပေကျံနေတာမျိုးတွေမဖြစ်တော့ပါဘူး။နောက်တစ်ခါဖွင့်မယ်ဆိုရင်လည်းဆေးတွေနဲ့ ကျပ်မနေတော့ဘူးပေါ့။

Jar opener

ဖွင့်ရခက်တဲ့ယိုစုံဘူးတွေ၊ယိုဘူးတွေဖွင့်မယ်ဆိုရင်လည်း သားရေပင်လည်းပတ်လိုက်၊ဒါဆိုရင်လက်မချော်တော့ပဲ အဆင်ပြေစွာဖွင့်နိုင်သွားပါလိမ့်မယ်။

Slip-proof cups for kids

ကလေးတွေကိုရေဖန်ခွက်တွေပေးတဲ့အခါ လက်ကလွတ်မကျစေချင်ဘူးဆိုရင် ဖန်ခွက်မှာ Rubber Band လေးပတ်ထားပေးလိုက်ပါ။ဒါဆိုရင် မချော်တော့ပါဘူး။

Eraser
ခဲဖျက်အလွယ်တကူမရှိဘူးဆိုရင် Rubber Band လေးတွေကိုသုံးပြီးဖျက်နိုင်ပါတယ်။

Keep sliced apple

ပန်းသီးတွေစိတ်လိုက်ပြီး ခဏလေးနဲ့မလတ်ဆတ်တော့မှာစိုးရိမ်နေတယ်ဆိုရင် ပန်းသီးစိတ်လေးတွေကိုပုံထဲမှာပြထားသလိုစုပြီး Rubber Band နဲ့ချည်ထားလိုက်ပါ။ပြီးရင် ရေခဲသေတ္တာထဲထည့်ထားလိုက်ရင် အိုခေပေါ့။

Handle of all your kitchen utensils
ဒီ Rubber Band လေးက မီးဖိုချောင်ပစ္စည်းတွေအတွက်လည်းအသုံးဝင်နေပါတယ်။ဥပမာ ကိုယ့်ဇွန်းက ဇလုံထဲထည့်တာ ဇလုံထဲကိုချော်ချော်ကျသွားတယ်ဆိုရင်Rubber Band လေးပတ်ထားပေးလိုက်ပါ။ဒါဆိုရင် အထဲကိုမကျသွားတော့ပါဘူး။

Rubber band to loosen your pants

တစ်ခါတစ်လေ ကိုယ့်ဘောင်းဘီက မဆိုစလောက်လေးကျပ်နေတယ်။ကိုယ်ဝတ်မယ့်အကျီကလည်းရှည်တယ်ဆိုရင် ဘောင်းဘီချိတ်နေရာလေးမှာ Rubber band လေးနဲ့ ချိတ်ထားလိုက်ပါ။

Rubber Band ကိုမှရိုးရိုးသားရေကွင်းထက် ပုံထဲမှာပြထားတဲ့ သားရေပတ်ထူထူလေးတွေက ပိုပြီးအသုံးဝင်ပါတယ်လို့ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

169 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.