ဆိုရှယ်မီဒီယာပေါ်မှာလုပ်မိနေတဲ့ဒီအချက်တွေက အချစ်ရေးမှာဆူးငြောင့်ခလုတ်ပါပဲ

သင်အွန်လိုင်းမှာလုပ်မိချင်လုပ်မိနေနိုင်တဲ့ဒီသုံးချက်က သင့်ရဲ့အချစ်ရေးမှာအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။“Relationships are nonstop problem solving” ဆိုတဲ့အတိုင်း ဘယ်လိုအရာမျိုးက အနှောင့်အယှက်ဖြစ်စေပြန်တာလဲ?

*ရည်းစားဟောင်းရဲ့ အကောင့်ကို အမြဲဝင်ကြည့်နေခြင်း
ဒီရက်ပိုင်းတွေမှာရည်းစားဟောင်းရဲ့ အကောင့်ကိုအမြဲဝင်ကြည့်ပြီး သူဘာတွေလုပ်နေတယ်၊သူအခုဘယ်သူနဲ့တွဲနေတယ်ဆိုတာ စပ်စုနေမိပြီလား?Facebook ဖြစ်စေ Instagram ဖြစ်စေ သူတို့ကတော့ သူတို့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေတင်နေမှာပါပဲ။ဒါကို ပြတ်သွားပြီးတဲ့ရည်းစားတစ်ယောက်အနေနဲ့ နေ့တိုင်းလိုလိုဝင်ကြည့်ဖြစ်နေတာမျိုးက မတော်တဆအကြောင်းအရာတစ်ခုခုနဲ့ဆက်စပ်မိလို့ သင့်ရဲ့လက်ရှိချစ်သူသိသွားတဲ့အခါမှာလည်း မကောင်းပါဘူးနော်။ဖွင့်မပြောဘူးဆိုရင်တောင် သူ့စိတ်ထဲမှာ ၀မ်းနည်းနေတာမျိုး၊သင့်အပေါ်မယုံကြည်တော့တာမျိုးဖြစ်နေပါလိမ့်မယ်။

*လက်ရှိအချစ်ရေးနဲ့ပတ်သက်လို့ တစ်ယောက်ယောက်ကိုအမြဲပြောပြလေ့ရှိတာ
ကိုယ့်ရဲ့ချစ်သူနဲ့ပတ်သက်ပြီး အရင်းနှီးဆုံးလူတွေကိုတောင်မပြောပြသင့်တဲ့အတွင်းရေးတွေရှိပါတယ်။ဒီလို personal အကြောင်းအရာတွေကို သင်က မိတ်ဆွေသူငယ်ချင်းတစ်ယောက်ကို အမြဲပြောပြနေမိတယ်ဆိုရင် ဒါကိုဆက်မလုပ်ပါနဲ့တော့။ပြောပြဖို့လည်းမလိုအပ်သလို တစ်ခြားသူတစ်ယောက်အနေနဲ့ သင်တို့နှစ်ယောက်ရဲ့ လျှို့ဝှက်ချက်အတွင်းရေးကို ထမ်းပိုးထားရတာလည်း စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။သင့်ချစ်သူသိသွားတဲ့အခါမှာလည်း စိတ်လုံခြုံမှာမဟုတ်ပါဘူး။

*ချစ်သူရဲ့ အကောင့်ကိုပုံမှန်ဝင်စစ်ဆေးနေခြင်း
ဒါကတော့ မိန်းကလေးတိုင်းလိုလို လုပ်နေကြတာပါပဲ။ဒါပေမဲ့ သူ့အကောင့်ကိုဝင်ကြည့်တဲ့အခါ သင့်အနေနဲ့စိတ်အနှောင့်အယှက်ဖြစ်စရာတွေကြုံလာရတတ်ပါတယ်။ပြီးတော့ သူ့ဖုန်းကိုအမြဲဝင်စစ်တယ်။အကောင့်ကိုအမြဲဝင်ကြည့်တယ်။ဘာလို့လဲ?သင့်ချစ်သူကို မယုံလို့လား ?ဒါမှမဟုတ် ဒီအချစ်ရေးပျက်စီးသွားမှာကြောက်နေတာလား?ဒီလိုစိုးရိမ်ပူပန်မှုတွေကြောင့်သူ့အကောင့်ကိုအမြဲဝင်ကြည့်နေရုံနဲ့ ဘာပြဿနာမှမဖြေရှင်းနိုင်ပါဘူး။သစ္စာမရှိတဲ့သူကတော့ အမြဲလိုလိုဖောက်ပြန်ရမယ့်နည်းလမ်းကိုရှာဖွေနေမှာပါပဲ။ဒီလိုပဲ အကောင့်ဝင်စစ်၊ဖုန်းဝင်စစ်လို့ဘာမှမဟုတ်တာ မလုပ်ထားဘူးဆိုတဲ့လူကလည်း အချိန်တိုင်းဒီလိုဖြစ်နေရင်သူတို့ကိုမယုံကြည်ရကောင်းလားဆိုတဲ့စိတ်က ၀င်လာပါလိမ့်မယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ချို့ကလည်း လုပ်သင့်တယ်။တစ်ချို့ကလည်း လွတ်လပ်ခွင့်ကိုချိုးဖောက်တာစသဖြင့်သဘောထားကွဲပြားနေတတ်ပါတယ်။ဒီတော့ ကိုယ်က၀င်စစ်ချင်တယ်ဆိုရင်တောင် အမြဲတမ်းကြီးတော့ဝင်မကြည့်နဲ့ပေါ့။

ပျော်ရွှင်ခိုင်မာတဲ့အချစ်ရေးလေး တည်ဆောက်နိုင်ကြပါစေ

Unicode

 

65 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.