မကြာခင်ဇာတ်လမ်းတွဲသစ်နဲ့ ပရိသတ်ရှေ့ပြန်လာတော့မယ့် မင်းသားချော Jung Il Woo





Unicode

တောင်ကိုရီးယားမင်းသားချော Jung Il Woo ကိုလွမ်းနေတဲ့ပရိသတ်ကြီးအတွက်သတင်းကောင်းလေးရှိနေပါပြီ။”My Fair Lady” “The Night Watchman’s Journal” “Moon Embracing the Sun” စတဲ့ဇာတ်လမ်းတွဲတွေနဲ့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းကိုဖမ်းစားသွားခဲ့တဲ့ Jung Il Woo ဟာ ပရိသတ်တွေနဲ့ အချိန် ၂နှစ်တာမျှဝေးကွာခဲ့ပြီးတဲ့နောက် နန်းတွင်းဇာတ်လမ်းတွဲတစ်ခုနဲ့ ပရိသတ်ရှေ့ပြန်လာပါတော့မယ်။

၂၀၁၆ တုန်းက Cinderella with Four Knights ဇာတ်လမ်းတွဲအပြီး Jung Il Woo ဟာ စစ်မှုထမ်းဆောင်ခဲ့ရပြီး ဒီနှစ်ဒီဇင်ဘာ ၂ရက်နေ့မှာမှ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာဖြစ်ပါတယ်။သူ့ရဲ့တာဝန်ပြီးဆုံးသွားတဲ့အခါမှာ ရိုက်ကူးမယ့်ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး အောက်တိုဘာ ၁ဝရက်နေ့က မင်းသားရဲ ့အေဂျင်စီ HB Entertainment ကနေ”Jung Il Woo ဟာ SBS ကထုတ်လွှင့်ပြသမယ့် ‘Haechi’ ဇာတ်လမ်းတွဲကိုရိုက်ကူးဖို့ရှိပါတယ်။အခုကတော့ စစ်မှုထမ်းဆောင်နေဆဲပါ”လို့ပြောပြလာခဲ့ပါတယ်။

ဒီ ‘Haechi’ ဇာတ်လမ်းတွဲမှာဆိုရင် Jung Il Woo က ထီးနန်းဆက်ခံခွင့်မရှိတဲ့ဘုရင့်သားတော်နေရာကနေသရုပ်ဆောင်ရမှာပါ။သူ့ရဲ့အမေက အရပ်သားတစ်ယောက်ဖြစ်တာကြောင့် သူ့အနေနဲ့ ဘုရင်ဖြစ်ပိုင်ခွင့်မရှိပါဘူး။ဒါပေမဲ့ အဖွဲ့အစည်းတစ်ခုနဲ့ပူးပေါင်းပြီး ထီးနန်းကိုဘယ်လိုရယူသွားမလဲဆိုတာရိုက်ကူးပြထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ ဆိုးလ်ရဲ ့သင်္ကေတ တရားစောင့်နတ် mythological creature  Haechi  နဲ့စပ်လျဉ်းပြီး inspire ယူကာ ပြန်ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။နန်းတွင်းဇာတ်နဲ့လိုက်ဖက်တဲ့မင်းသားချောတစ်ယောက် ဒီတစ်ခါမှာလည်းဘယ်လိုသရုပ်ဆောင်ကောင်းကောင်းနဲ့ ပရိသတ်အားပေးမှုတွေရဦးမလဲဆိုတာ ဆက်ပြီးစောင့်မျှော်အားပေးကြပါဦး

6K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.