သင့်အတွက် အဆိပ်တောက်ဖြစ်စေတဲ့Relationship တစ်ခုကနေရုန်းထွက်နိုင်ပါစေ…
Unicode
လူတိုင်းဟာအချစ်နဲ့တစ်ခါမဟုတ်တစ်ခါတော့ထိတွေ့ဘူးကြမှာပါပဲ။ စပြီးချစ်မိကတည်းက သက်ဆုံးတိုင်းနာကျင်စရာမလိုပဲ ချစ်ရတဲ့အချစ်မျိုးဆိုရင်တော့အတိုင်းမသိပေါ့လေ။ ဒါပင်မဲ့ ဒီလိုကံကောင်းချင်းမျိုးကြုံရဖို့က၁၀၀မှာတစ်ယောက်ရှားပါတယ်။ ကိုယ့်ဘဝမှာ ကိုယ်နဲ့မထိုက်တန်တဲ့သူတွေ
ကိုယ့်အတွက်မဟုတ်တဲ့သူတွေနဲ့ဦးဆုံးတွေ့ကြမယ် ဒီလူတွေကို တစ်ဘဝလုံးလို့ထင်ရင်ထင်ခဲ့မိမယ်။ ကံကုန်တော့လည်း ကိုယ်နဲ့ထိုက်တန်တဲ့သူလာတော့ဖယ်ပေးကြရတာပါပဲ။ဒီလို တရားသဘောလေးနည်းနည်ထည့်ပြီးလက်ခံလိုက်ရင်တော့နာကျင်စရာတွေကနည်းနည်းသက်သာသွားမှာပါ။ တစ်ချို့သူတွေရှိတယ် ဒီRS ကြီးတစ်ခုကကိုယ့်အတွက် အဆိပ်အတောက်ဖြစ်လို့ဖြစ်နေမှန်း
မသိပဲတွယ်ကပ်ပြီး အဆင်ပြေပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်စိတ်ဆင်းရဲခံလိမ်နေတာမျိုး…ဆိုတော့ကိုယ့်ဘဝအတွက်အဆိပ်တောက်ဖြစ်စေမဲ့ RS မျိုးဆိုတာ ဘယ်လိုမျိုးတွေလဲ…
(၁) သင့်အပေါ်မှာ စိတ်မပါတော့ဘူး
(၂) သင့်အပေါ်တအားတွေထိန်းချုပ်နေပြီ
(၃) သင့်နဲ့ပတ်သတ်ပြီးရှောင်နေတာမျိုး၊ သင့်အပေါ်ရှက်နေတာမျိုးဖြစ်နေပါပြီ
(၄) ဘာမဟုတ်တာလေးနဲ့တောင်သင့်ကိုရန်လိုနေတတ်ပြီ
(၅) သင့်အပေါ်အာဃာတတွေထားနေတတ်ပြီ( မပြိုင်သင့်တာလိုက်ပြိုင်ပြီး မာနထာုးနေတ
(၆) သင့်ရဲ့ ဖြစ်တည်မှုတွေကို မလေးစားတော့ဘူး( သင့်အပေါ်လေးစားမှုမရှိတော့တာမျိုး)
(၇) သင့်အပေါ်တစ်အားမှီခိုပြီး အချိန်တိုင်းသင့်ဆန္ဒ ဆိုတာမျိုးကြီးဖြစ်နေတာမျိုး
ဒီလိုချစ်သူမျိုးကိုနဲ့သင်လက်တွဲနေရပြီဆိုရင် သင်မှာပျော်စရာဆိုတာနည်းပါးလာမှာအသေချာပါပဲ။ ဖြတ်တောက်ပစ်လိုက်ပါ။ သိပ်ပြီးအများကြီးမစဉ်းစားနေပဲ သင့်အတွက်မကောင်းတဲ့
သူတွေကို မကောင်းသလိုပဲ ထားပြီး ဥပေက္ခာပြုလိုက်ပါ… အဆိပ်တောက်ဖြစ်စေမှန်းသိရက်နဲ့အတင်းကြီးကောင်းလာနိုးနိုးဆွဲထားတာမျိုးမဖြစ်ပါစေနဲ့။ အဆိပ်တောက်ဖြစ်စေမဲ့ RS မျိုးဆိုတာ ကြာလေကိုယ်ပဲပိုပြီးထိခိုက်လေဖြစ်မယ်ဆိုတာ မမေ့ပါနဲ့….
392 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.