ရေချိုးရမှာပျင်းတဲ့သူတွေသိစေဖို့….

လူတိုင်းကိုတော့မဆိုလိုချင်ပေမဲ့ အခုလို အေးတဲ့ဆောင်းရာသီမှာရေချိုးဖို့ကြောက်တက်ကြတဲ့သူတစ်ချို့ရှိပါတယ်။ တစ်ချို့တွေကြတော့လည်း နွေ၊ မိုး ၊ ဆောင်း ရေချိုးဖို့ကို အချိန်ပေးရမှာပျင်းတက်ကြပါတယ်။ပုံမှန်ရေမှန်မှန်မချိုးရင်ဘယ်လိုဆိုးကျိုးတွေရှိတယ်ဆိုတာ…

1. ခန္ဓာကိုယ်အရေပြားပေါ်ရှိCellတွေသေဆုံး

ခန္ဓာကိုယ်အရေပြားပေါ်ရှိCellတွေသေဆုံး ရေကို အချိန်မှန်မှန်နေ့စဉ်မချိုးပေးခြင်းကြောင့် အရေပြားပေါ်တွင် batteria တွေပေါက်ဖွားလာနိုင်ပြီး Cells တွေကို သေစေနိုင်ပါတယ်။ ရေမှန်မှန်မချိုးခြင်းကြောင့်  ခန္ဓာကိုယ်ရဲ့ ၃ပုံပုံ နှစ်ပုံသော Cell တွေဟာ မိနစ်တိုင်းလိုလိုပျက်စီးသေဆုံးနိုင်တယ်လို့သိရပါတယ်။ ဒါကြောင့်ရေကို တစ်နေ့တစ်ခါနေ့စဉ်မှန်မှန်ချိုးပေးမှသာ Cells တွေဟာ ကောင်းမွန်စွာရှင်သန်နိုင်မှာဖြစ်ပါတယ်။

2. အတွင်းပိုင်းယားယံခြင်း

အတွင်းပိုင်းယားယံခြင်း ရေကို နေ့စဉ်ပုံမှန်မချိုးပင်မဲ့ လူမြင်နိုင်တဲ့မျက်နှာတို့ လက်တို့ဟာ သန့်ရှင်းကောင်းသန့်ရှင်းနိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ရေမချိုးဖြစ်တဲ့သူတော်တော်များများဟာ ရေတော့မချိုးလိုက်ပင်မဲ့လူမြင်လွယ်တဲ့ မျက်နှာ တို့လက်တို့ကို အမွှေးနံ့သာမိတ်ကပ် များအသုံးပြုတက်ကြပါတယ်။ ဒါကြောင့်ခန္ဓာကိုယ် အပြင်ပိုင်းကိုတော့ သန့်ရှင်းလို့ရနိုင်ပင်မဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ချောင်ကျတဲ့အပိုင်းတွေ ဟာ ပုံမှန်ရေမချိုးတာကြောင့် ယားယံတာမျိုး ၊ အဖုအပိတ်ပေါက်တာမျိုးဖြစ်တက်ပါတယ်။ ဒါကြောင့် ရေပုံမှန်မချိုးခြင်းကြောင့်အတွင်းပိုင်းအစိတ်အပိုင်းတွေကြားမှာ ချွေးတွေ လှောင်ကာ အနာတွေ အဖုတွေဖြစ်စေတက်ပါတယ်။

3. ဖျားနားခြင်း

ဖျားနားခြင်း ရေကိုကြာကြာချိုးတာမျိုး ၊ ခဏခဏ ချိုးတာမျိုးကြောင့် အအေးပတ်ပြီး ဖျားတက်သလိုပဲ ရေကို ပုံမှန်မချိုးဖြစ်တာမျိုး ရေချိုးမ၀တာမျိုးကြောင့်လည်းဖျားတာနာတာဖြစ်တက်တယ်ဆိုတာသတိရပါ။ ခန္ဓာကိုယ်မှာ အပူချိန်ဟာ ရေမချိုးတာကြောင့်တစ်ဖြည်းဖြည်း အပူအောင်းတာမျိုးဖြစ်လာနိုင်ပြီး အပူတွေစုရင်းစုရင်းကနေ အပူငုပ်ကာ ဖျားတာနာတာမျိုးတွေဖြစ်စေနိုင်ပါတယ်။

4. မျက်လုံးကျန်းမာရေးထိခိုက်ခြင်း

 မျက်လုံးကျန်းမာရေးထိခိုက်ခြင်း အပေါ်ကပြောထားတဲ့အချက်လိုပါပဲ ရေကို နေ့စဉ်ပုံမှန်၀၀ မချိုးပေးခြင်းကြောင့် ခန္ဓာကိုယ်မှာရှိတဲ့အပူတွေ ဟာ ကိုယ်တွင်းမှာတင်ငုပ်ကာ အပူအောင်းတာကြောင့်မျက်လုံးနာခြင်း မျက်ရည်ပူထွက်ခြင်း ၊ မျက်စိစွန်ခြင်းစတဲ့အပူနာရောဂါများရောက်လာမှာ အနှေး နဲ့အမြန်ပါပဲ။

5. အနံ့ဆိုးတွေထွက်ခြင်း

အနံ့ဆိုးတွေထွက်ခြင်းဒါကတော့ရှင်းပါတယ်။ ရေချိုးမမှန်တော့ အနံ့ဆိုးထွက်တာပေါ့ ။ဒါပင်မဲ့ တစ်ခါတစ်ရံမှာ ကိုယ်တိုင်ကိုယ့် ရဲ့ချွေးနံ့ဆိုးကို မခံစားရပဲ တစ်ပါးသူ ကအနားကပ်မှသာကိုယ့်ရဲ့ချွေးနံ့ကို ခံစားရတာမျိုးရှိပါတယ်။ တစ်ချို့က ချွေးနံ့တွေကို ဖုံးကွယ်ချင်တာကြောင့် ရေမွေးလို အနံ့မွှေးမွှေး ပစ္စည်းတွေသုံးပြီးဖုံးကွယ်တက်ကြပါတယ်။ ဒီလိုချွေးနံ့ဆိုးပေါ်ကို ရေမွှေးလေးဖျန်းလိုက်တာဟာ ပိုပြီး ဆိုးဝါးတဲ့အနံ့ကိုဖြစ်စေပါတယ်။ဒါကြောင့် ချွေးနံ့ဆိုးတွေ ကို အဓိကဖယ်ရှားနိုင်ဖို့ဟာရေနိုင်နိင်ချိုးခြင်းပါ။ ရေချိုးမှ အတွင်းပိုင်းက အပူတွေ ချေးတွေ အနံ့သက်တွေကိုထိထိရောက်ရောက်ဖယ်ရှားနိုင်မှာမို့လို့ရေမှန်မှန်ချိုးဖို့မပျင်းပါနဲ့။

ဆောင်းရာသီမို့အေးတယ် ချမ်းတယ်ဆိုရင်တောင် ရေနွေးလေးနဲ့ဖြစ်ဖြစ် ရေချိုးပေးဖို့ကြိုးစားပါ။ ကိုယ့်ခန္ဓာကိုယ်လေးကို အမြဲလှပသန့်ရှင်းပြီး အနံ့သက်ကောင်းကောင်းနဲ့အပူအပုပ်ကင်းချင်ရင်တော့ ရေချိုးမှန်ဖို့လိုအပ်ပါတယ်….

242 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.