ခါးခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ တင်းနစ်ကစားသမား အန်ဒီမာရေးဟာ ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ခံယူနိုင်ခဲ့ကြောင်း ၄င်းရဲ့ တွစ်တာဝက်ဆိုဒ်ပေါ်ကတစ်ဆင့် ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။ အန်ဒီမာရေးက တွစ်တာဝက်ဆိုဒ်ပေါ်မှာ ဆေးရုံခုတင်ပေါ် လဲလျောင်းရင်း လက်မနှစ်ချောင်း ထောင်ထားတဲ့ဓါတ်ပုံကို တင်ပြထားခဲ့ပြီး အားပေးတဲ့ ပရိတ်သတ်အပေါင်းကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ယခု ခွဲစိပ်ကုသမှု ခံယူခဲ့ခြင်းကြောင့် နိုဝင်ဘာလမှာ ကျင်းပမဲ့ ATP World Tour ဗိုလ်လုပွဲကို လွဲချော်ရဖို့ရှိနေပေမယ့် အန်ဒီမာရေးကတော့ ဒဏ်ရာက ပြန်လည်သက်သာလာပြီးနောက် အကောင်းဆုံးပုံစံနဲ့ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေတယ်လို့သိရပါတယ်။
(IN’D)
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။