ကုိယ္ခ်င္းစာနာစိတ္မရွိပဲအျပစ္ေျပာဖုိ႔သာသိတဲ႔သူေတြနဲ႔ဆံုလာတဲ႔အခါ ဒီလုိရင္ဆုိင္ပါ

ကုိယ္ခ်င္းစာနာစိတ္ဆုိတာ ဘယ္သူမွသြားထည့္ေပးလို႔မရတဲ႔ ကုိယ္ပုိင္ခံစားခ်က္တစ္မ်ိဳးပါ။တစ္ခ်ိဳ႔လူေတြရွိတယ္ “ဟယ္ ဒီေကာင္မေလးကဘယ္လိုေလ၊အရင္ကဘာလုပ္တာ၊ညာလုပ္တာ၊သူက အရင္တုန္းက ဘယ္လုိ”ဆုိတာေတြေျပာတတ္ၾကတာ၊လူျမင္တုိင္း ႏႈတ္ဆက္တာထက္ အျပစ္ေျပာဖုိ႔ေလာက္ရွာၾကံေတြးတတ္တဲ႔သူေတြစသျဖင့္ ၾကံဳဖူးၾကမွာပါ။အဲ႔ဒီအခါကုိယ္တု႔ိေတြ ေတြးမိၾကတယ္။”ဟာ ဘယ္လုိၾကီးလဲ ဒါမေျပာသင့္ဘူးဆုိတာမသိဘူးလား လူဆုိတာကိုယ္ခ်င္းစာစိတ္ေလးေတာ့ရွိဦးမွေပါ့ “အဲ႔လိုေတြးမိတယ္ဆုိေပမဲ႔ ဒါေတြကုိ သူတုိ႔ကုိသြားေျပာၾကည့္ ကုိယ့္အေပၚနားလည္မွာမဟုတ္ပဲ ထပ္ျပီးအျပစ္ရွာဦးမွာပါပဲ။

ဒီလုိတစ္ျခားသူဘက္က ဘယ္လိုျဖစ္ေနမလဲမေတြးေပးပဲ ကုိယ္ထင္ရာေျပာခ်လုိက္တဲ႔သူေတြနဲ႔ေျပာဆုိဆက္ဆံရတဲ႔အခါ ေအာင့္သီးေအာင့္သက္ျဖစ္ရပါတယ္။ဘာလို႔ဆုိ ကုိယ္ကမွ သူတုိ႔အေပၚ ဒီလုိမေျပာတတ္တာကုိး။ကုိယ္ကေတာ့ ကုိယ္ခ်င္းစာစိတ္ေလးနဲ႔ ကုိယ္ေျပာလိုက္ရင္ သူစိတ္မေကာင္းျဖစ္သြားမယ္။စိတ္ညစ္သြားမယ္။၀မ္းနည္းသြားမယ္ဆုိျပီးေတြးေပးတတ္ၾကတယ္။ဒီလုိသူမ်ားခံစားခ်က္ကုိနားမလည္ ကုိယ္ခ်င္းစာနာစိတ္မရွိတဲ႔သူေတြနဲ႔ေျပာဆုိဆက္ဆံလာရတဲ႔အခါ ကုိယ္တို႔ေတြဘယ္လုိတံု႔ျပန္ရမလဲမသိျဖစ္တတ္ၾကတယ္။ဒါေၾကာင့္ သူတုိ႔နဲ႔ရင္ဆုိင္ရမယ့္ နည္းလမ္းေလးေတြ ျပန္ျပီးမ်ွေ၀ေပးလုိက္ပါတယ္။

*သူတုိ႔ဆီက ေ၀ဖန္မႈေတြ၊တုိက္ခိုက္မႈေတြကုိ မယူပါနဲ႔
သူတုိ႔ဆီက ေ၀ဖန္စကားေတြ၊တိုက္ခိုက္စကားေတြ ကုိယ္သယ္ထားေလ ပင္ပန္းေလပါပဲ။သူတုိ႔ေျပာတာေတြကုိ ျပန္ေတြးလုိက္ ခံစားလိုက္နဲ႔ဆုိ ဘာမွျဖစ္လာမွာမဟုတ္ပါဘူး။ေ၀ဖန္ခ်င္တဲ႔သူက ဆက္ျပီးေ၀ဖန္တုိက္ခိုက္ဦးမွာပါပဲ။

*ကုိယ့္ခံစားခ်က္ကုိ သူတုိ႔နားလည္ေအာင္ မၾကိဳးစားပါနဲ႔
ကုိယ္ခ်င္းစာနာစိတ္မရွိတဲ႔သူေတြကုိ ကုိယ့္ခံစားခ်က္ကုိနားလည္ပါသြားေျပာေနတာက အခ်ိန္ျဖဳန္းတာပါပဲ။ကုိယ္ေျပာေလ သူတုိ႔ရဲ ႔ေ၀ဖန္မႈေတြ တုိးေလပါ။

*အဓိကအခ်က္ကုိပဲေျပာပါ
သူတုိ႔ကုိ ကိုယ္ဘယ္လိုခံစားရတယ္၊သူတုိ႔ေျပာခဲ႔တဲ႔စကား ကုိယ့္အတြက္ဘယ္လိုထိခိုုက္တယ္ဆုိတာရွင္းျပေနမယ့္အစား ကုိယ့္စိတ္ထဲမွာလက္ခံထားတဲ႔အေၾကာင္းကုိပဲ ျပတ္ျပတ္သားသားေျပာပါ။ဒါကသူတို႔နဲ႔ဆက္သြယ္ေျပာဆုိဖုိ႔အလြယ္ဆံုးနည္းပါပဲ။ရွင္းျပေနလည္း သူတုိ႔ကရွက္တတ္စိတ္၊ကုိယ့္ကုိယ့္ကုိယ္အျပစ္တင္တဲ႔စိတ္မ်ိဳးျဖစ္မွာမဟုတ္ပါဘူး။

*ကုိယ္မေနႏုိင္ရင္ ကုိယ္ပဲေ၀းတဲ႔ေနရာကုိသြားပါ
ရွင္းျပလို႔၊ေျပာျပလို႔မရတဲ႔သူနဲ႔ အတူမရွိခ်င္ဘူးဆုိရင္ ကုိယ္ကပဲစျပီးသြားပါ။သူငယ္ခ်င္းထဲမွာ ဒီလုိလူမ်ိဳးေတြရွိေနလား?ဒါဆုိ အဆက္အသြယ္ျဖတ္လိုက္ပါ။မိတ္ေဆြအေပါင္းအသင္းေတြထဲမွာရွိေနလား?ဒါဆုိ သူတုိ႔နဲ႔ဆက္ျပီး မေပါင္းသင္းပါနဲ႔ေတာ့။

*ကုိယ့္တန္ဖုိးကုိယ္ပဲသတ္မွတ္တာပါ
သူက ကုိယ့္ကုိ၀တယ္။ပိန္တယ္၊ရုပ္ဆုိးတယ္ေ၀ဖန္ေနလုိ႔ ဘာမွမျဖစ္ပါဘူး။ကုိယ္ကသာ သူဒီလုိေတြေ၀ဖန္ေနလုိ႔ စိတ္ဓာတ္က်မယ္။အားငယ္ေနမယ္ဆုိရင္ဒါက ကုိယ့္တန္ဖုိးကုိ သူလာသတ္မွတ္တာ ခံေနရတာပါပဲ။ကုိယ္က ဘယ္လုိအရည္အခ်င္းရွိတယ္၊ကုိယ့္တန္ဖုိးကုိယ္သိေနတယ္ဆုိရင္
ဘယ္သူေတြဘယ္ေလာက္ေ၀ဖန္ေ၀ဖန္ on the elephant ပါပဲ

*ေ၀ဖန္တာ၊တုိက္ခိုက္တာ၊အျပစ္ေျပာတာေတြေၾကာင့္ စိတ္ထိခုိက္ေနျပီ၊စိတ္ဓာတ္က်ေနျပီဆုိရင္ ဆရာ၀န္နဲ႔တုိင္ပင္ပါ

ဒါကေတာ့ စိတ္ဓာတ္ေရးရာအားငယ္လြန္းတဲ႔သူေတြအတြက္စိတ္ဓာတ္ျပန္လည္ျမွင့္တင္ေပးႏုိင္တဲ႔အျမန္ဆံုးအဆင့္ပါ။ကုိယ့္ကုိကူညီေပးႏုိင္တဲ႔သိတတ္ကြ်မ္းက်င္တဲ႔ဆရာ၀န္နဲ႔တုိင္ပင္ပါ။အၾကံဥာဏ္ေတာင္းပါ။ဒီနာက်င္စရာခံစားခ်က္ေတြကုိ ဖယ္ရွားႏုိင္ဖုိ႔ေသခ်ာကုသပါ။

တစ္ခ်ိဳ႔လူေတြကုိယ္ခ်င္းစာနာစိတ္မရွိပဲထင္ရာေျပာၾကတာဟာ သူတုိ႔အေၾကာင္းျပခ်က္နဲ႔သူတု႔ိေတာ႔ ရွိပါလိမ့္မယ္။ဒီလုိလူေတြနဲ႔ရင္ဆုိင္ရတာ၊ေျပာဆုိရတာ မလြယ္ပါဘူး။ဒါေပမဲ့ သင္သူတုိ႔ကုိေျပာင္းလဲေပးလုိ႔မရဘူးဆုိတာ သတိရပါ။ဒီေတာ့ဘာလုပ္မလဲ ကုိယ့္ကုိယ့္ကုိယ္ခ်စ္ျပီး မလိုအပ္တဲ႔ေဘးစကားေတြကုိ ေ၀းေ၀းသာခါထုတ္လိုက္ပါလုိ႔ အၾကံျပဳလုိက္ပါတယ္။

Unicode

ကိုယ်ချင်းစာနာစိတ်ဆိုတာ ဘယ်သူမှသွားထည့်ပေးလို့မရတဲ့ ကိုယ်ပိုင်ခံစားချက်တစ်မျိုးပါ။တစ်ချို့လူတွေရှိတယ် ဟယ် ဒီကောင်မလေးကဘယ်လိုလေ၊အရင်ကဘာလုပ်တာ၊ညာလုပ်တာ၊သူက အရင်တုန်းက ဘယ်လိုဆိုတာတွေပြောတတ်ကြတာ၊လူမြင်တိုင်း နှုတ်ဆက်တာထက် အပြစ်ပြောဖို့လောက်ရှာကြံတွေးတတ်တဲ့သူတွေစသဖြင့် ကြုံဖူးကြမှာပါ။အဲ့ဒီအခါကိုယ်တို့တွေ တွေးမိကြတယ်။ဟာ ဘယ်လိုကြီးလဲ ဒါမပြောသင့်ဘူးဆိုတာမသိဘူးလား လူဆိုတာကိုယ်ချင်းစာစိတ်လေးတော့ရှိဦးမှပေါ့ အဲ့လိုတွေးမိတယ်ဆိုပေမဲ့ ဒါတွေကို သူတို့ကိုသွားပြောကြည့် ကိုယ့်အပေါ်နားလည်မှာမဟုတ်ပဲ ထပ်ပြီးအပြစ်ရှာဦးမှာပါပဲ။

ဒီလိုတစ်ခြားသူဘက်က ဘယ်လိုဖြစ်နေမလဲမတွေးပေးပဲ ကိုယ်ထင်ရာပြောချလိုက်တဲ့သူတွေနဲ့ပြောဆိုဆက်ဆံရတဲ့အခါ အောင့်သီးအောင့်သက်ဖြစ်ရပါတယ်။ဘာလို့ဆို ကိုယ်ကမှ သူတို့အပေါ် ဒီလိုမပြောတတ်တာကိုး။ကိုယ်ကတော့ ကိုယ်ချင်းစာစိတ်လေးနဲ့ ကိုယ်ပြောလိုက်ရင် သူစိတ်မကောင်းဖြစ်သွားမယ်။စိတ်ညစ်သွားမယ်။ဝမ်းနည်းသွားမယ်ဆိုပြီးတွေးပေးတတ်ကြတယ်။ဒီလိုသူများခံစားချက်ကိုနားမလည် ကိုယ်ချင်းစာနာစိတ်မရှိတဲ့သူတွေနဲ့ပြောဆိုဆက်ဆံလာရတဲ့အခါ ကိုယ်တို့တွေဘယ်လိုတုံ့ပြန်ရမလဲမသိဖြစ်တတ်ကြတယ်။ဒါကြောင့် သူတို့နဲ့ရင်ဆိုင်ရမယ့် နည်းလမ်းလေးတွေ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

*သူတို့ဆီက ဝေဖန်မှုတွေ၊တိုက်ခိုက်မှုတွေကို မယူပါနဲ့
သူတို့ဆီက ဝေဖန်စကားတွေ၊တိုက်ခိုက်စကားတွေ ကိုယ်သယ်ထားလေ ပင်ပန်းလေပါပဲ။သူတို့ပြောတာတွေကို ပြန်တွေးလိုက် ခံစားလိုက်နဲ့ဆို ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ဝေဖန်ချင်တဲ့သူက ဆက်ပြီးဝေဖန်တိုက်ခိုက်ဦးမှာပါပဲ။

*ကိုယ့်ခံစားချက်ကို သူတို့နားလည်အောင် မကြိုးစားပါနဲ့
ကိုယ်ချင်းစာနာစိတ်မရှိတဲ့သူတွေကို ကိုယ့်ခံစားချက်ကိုနားလည်ပါသွားပြောနေတာက အချိန်ဖြုန်းတာပါပဲ။ကိုယ်ပြောလေ သူတို့ရဲ ့ဝေဖန်မှုတွေ တိုးလေပါ။

*အဓိကအချက်ကိုပဲပြောပါ
သူတို့ကို ကိုယ်ဘယ်လိုခံစားရတယ်၊သူတို့ပြောခဲ့တဲ့စကား ကိုယ့်အတွက်ဘယ်လိုထိခိုုက်တယ်ဆိုတာရှင်းပြနေမယ့်အစား ကိုယ့်စိတ်ထဲမှာလက်ခံထားတဲ့အကြောင်းကိုပဲ ပြတ်ပြတ်သားသားပြောပါ။ဒါကသူတို့နဲ့ဆက်သွယ်ပြောဆိုဖို့အလွယ်ဆုံးနည်းပါပဲ။ရှင်းပြနေလည်း သူတို့ကရှက်တတ်စိတ်၊ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်တဲ့စိတ်မျိုးဖြစ်မှာမဟုတ်ပါဘူး။

*ကိုယ်မနေနိုင်ရင် ကိုယ်ပဲဝေးတဲ့နေရာကိုသွားပါ
ရှင်းပြလို့၊ပြောပြလို့မရတဲ့သူနဲ့ အတူမရှိချင်ဘူးဆိုရင် ကိုယ်ကပဲစပြီးသွားပါ။သူငယ်ချင်းထဲမှာ ဒီလိုလူမျိုးတွေရှိနေလား?ဒါဆို အဆက်အသွယ်ဖြတ်လိုက်ပါ။မိတ်ဆွေအပေါင်းအသင်းတွေထဲမှာရှိနေလား?ဒါဆို သူတို့နဲ့ဆက်ပြီး မပေါင်းသင်းပါနဲ့တော့။

*ကိုယ့်တန်ဖိုးကိုယ်ပဲသတ်မှတ်တာပါ
သူက ကိုယ့်ကိုဝတယ်။ပိန်တယ်၊ရုပ်ဆိုးတယ်ဝေဖန်နေလို့ ဘာမှမဖြစ်ပါဘူး။ကိုယ်ကသာ သူဒီလိုတွေဝေဖန်နေလို့ စိတ်ဓာတ်ကျမယ်။အားငယ်နေမယ်ဆိုရင်ဒါက ကိုယ့်တန်ဖိုးကို သူလာသတ်မှတ်တာ ခံနေရတာပါပဲ။ကိုယ်က ဘယ်လိုအရည်အချင်းရှိတယ်၊ကိုယ့်တန်ဖိုးကိုယ်သိနေတယ်ဆိုရင်
ဘယ်သူတွေဘယ်လောက်ဝေဖန်ဝေဖန် on the elephant ပါပဲ

*ဝေဖန်တာ၊တိုက်ခိုက်တာ၊အပြစ်ပြောတာတွေကြောင့် စိတ်ထိခိုက်နေပြီ၊စိတ်ဓာတ်ကျနေပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ

ဒါကတော့ စိတ်ဓာတ်ရေးရာအားငယ်လွန်းတဲ့သူတွေအတွက်စိတ်ဓာတ်ပြန်လည်မြှင့်တင်ပေးနိုင်တဲ့အမြန်ဆုံးအဆင့်ပါ။ကိုယ့်ကိုကူညီပေးနိုင်တဲ့သိတတ်ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တိုင်ပင်ပါ။အကြံဉာဏ်တောင်းပါ။ဒီနာကျင်စရာခံစားချက်တွေကို ဖယ်ရှားနိုင်ဖို့သေချာကုသပါ။

တစ်ချို့လူတွေကိုယ်ချင်းစာနာစိတ်မရှိပဲထင်ရာပြောကြတာဟာ သူတို့အကြောင်းပြချက်နဲ့သူတို့တော့ ရှိပါလိမ့်မယ်။ဒီလိုလူတွေနဲ့ရင်ဆိုင်ရတာ၊ပြောဆိုရတာ မလွယ်ပါဘူး။ဒါပေမဲ့ သင်သူတို့ကိုပြောင်းလဲပေးလို့မရဘူးဆိုတာ သတိရပါ။ဒီတော့ဘာလုပ်မလဲ ကိုယ့်ကိုယ့်ကိုယ်ချစ်ပြီး မလိုအပ်တဲ့ဘေးစကားတွေကို ဝေးဝေးသာခါထုတ်လိုက်ပါလို့ အကြံပြုလိုက်ပါတယ်။

326 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.